အသက်ဝဝရှူလိုက်ပါ စိတ်ဖိစီးလွန်းလို့ လုပ်နေသမျှကို ဘာမှမလုပ်ချင်တော့ဘူးဆိုရင် ငြိမ်ငြိမ်လေးထိုင်ပြီး အသက်ကို ခပ်ပြင်းပြင်းလေးရှူလိုက်နော်။ ဒီလိုလုပ်ပေးတာက စိတ်ဖိစီးမှုကြောင့်ဖြစ်လာတဲ့ နှလုံးခုန်မြန်တာ၊ အသက်ရှူမြန်တာ၊ သွေးကြောတွေ ကျုံ့တာကို သက်သာစေနိုင်ပါတယ်။ စိတ်အရမ်းညစ်တဲ့အခါ ဝင်သက်ထွက်သက်မှတ်ပေးပါ။
- ယောဂလေ့ကျင့်ခန်း လုပ်ပေးပါ
ယောဂလေ့ကျင့်ခန်းလုပ်တာက စိတ်ဖိစီးမှုကို သက်သာစေနိုင်တဲ့ နည်းလမ်းတစ်ခုအနေနဲ့ လူတွေကြားမှာ ရေပန်းစားလာနေပါတယ်။ ယောဂလေ့ကျင့်ခန်းလုပ်ဆောင်ရတဲ့ လေ့ကျင့်မှုပုံစံ တစ်ခုနဲ့တစ်ခု မတူပေမယ့် အားလုံးရဲ့ ရည်ရွယ်ချက်ကတော့ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာကို အကောင်းဆုံး ချိတ်ဆက်နိုင်ဖို့ပါ။
ယောဂ ကစားတာက စိတ်ပိုင်းဆိုင်ရာ ကျန်းမာသန်စွမ်းအောင် အများကြီးအထောက်အပံပေးနိုင်ပါတယ်။ ယောဂလေ့ကျင့်ပေးမှုကြောင့် စိတ်ဖိစီးမှုကိုဖြစ်စေတဲ့ဟော်မုန်းတစ်မျိုးဖြစ်တဲ့ cortisolပမာဏကျဆင်းစေသလို ခန္ဓာကိုယ်မှာ သွေးတိုးတာမျိုးမဖြစ်အောင်လည်း လုပ်ဆောင်ပေးနိုင်ပါတယ်။
အခုပြောခဲ့တဲ့ နည်းလေးတွေအတိုင်း လုပ်ဆောင်ကြည့်ပြီး နေ့စဉ်ရှောင်လွှဲရခက်လောက်အောင် ကြုံတွေ့နေရတဲ့ စိတ်ဖိစီးမှု (Stress) တွေကို အကောင်းဆုံးကျော်လွှားကြရအောင်နော်။ အောင်မြင်ပျော်ရွှင်တဲ့ ဘဝကို ပိုင်ဆိုင်ကြပါစေကြောင်း……
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။