backup og meta

တရားထိုင်ခြင်းနဲ့ လူ့ကျန်းမာရေးကို သိပ္ပံနည်းကျ ချဉ်းကပ်လေ့လာကြမယ်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Seinn Moe Satt မှ ရေးသားသည်။ · 11/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    တရားထိုင်ခြင်းနဲ့ လူ့ကျန်းမာရေးကို သိပ္ပံနည်းကျ ချဉ်းကပ်လေ့လာကြမယ်
    တရားထိုင်ခြင်းဆိုတဲ့ အလေ့အကျင့်ဟာ ကောင်းကျိုးတွေအများကြီးပေးနိုင်တယ်ဆိုတာ လေ့လာသိရှိပြီးတဲ့နောက် လူအများကြားမှာ ပိုပြီးခေတ်စားလာပါတယ်။ တကယ်တော့တရားထိုင်ခြင်း meditation ဆိုတာ စိတ်ကိုအာရုံစုစည်းပြီး မိမိကိုယ်ကို နဲ့ ပတ်၀န်းကျင်ကို ပိုပြီး ကိုယ့်ဖာသာ သတိထားမိအောင်လုပ်ခြင်းပါပဲ။ တရားထိုင်ခြင်းကပေးတဲ့ ကောင်းကျိုးတွေကို အောက်မှာဖော်ပြပေးလိုက်ပါတယ်။
     (၁) စိတ်ဖိစီးမှုကိုလျော့ကျစေတယ်။ 
    ဒီအချက်ဟာ အနောက်နိုင်ငံတွေကလူတွေအပါအ၀င် လူအများအပြားကို တရားထိုင်ဖို့ဆွဲဆောင်နိုင်တဲ့ အဓိကအကြောင်းအရင်းတွေထဲက တစ်ချက်ပါပဲ။ ပုံမှန်အားဖြင့်ဆိုရင် လူတွေဟာ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ဖိစီးမှုတွေနဲ့ရင်ဆိုင်ရတဲ့အခါ ကော်တီစောလို့ခေါ်တဲ့ ဟော်မုန်းဓာတ်တစ်မျိုးထွက်ပါတယ်။ အဲဒီဟော်မုန်းကြောင့် ခီမိုကိုင်းအစရှိတဲ့ အန္တရာယ်ရှိတဲ့ ဓာတုပစ္စည်းတွေကို ဆက်တိုက်ထွက်လာစေပါတော့တယ်။ အဲဒီအခါ အိပ်မရတာ၊ စိတ်ဓာတ်ကျတာ၊ စိတ်ပူပန်မှုများတာ၊ သွေးတိုးတာ၊ အားအင်ကုန်ခမ်းမောပန်းတာနဲ့ ဘာမှတွေးမရ အာရုံစိုက်မရဖြစ်တာတွေ ကြုံရစေပါတယ်။ လေ့လာတွေ့ရှိမှုတွေအရ တရားထိုင်တဲ့သူတွေမှာတော့ ဒီလိုဓာတ်ပစ္စည်းတွေထုတ်လွှတ်မှုကို နည်းစေပါသတဲ့။
     (၂) စိတ်ပူပန်စိုးရိမ်စိတ်ကို လျော့ကျစေတယ်။
    စိတ်ဖိစီးမှုနည်းတဲ့အခါ စိတ်ပူပန်မှုကျတာ အံ့သြစရာတော့မရှိပါဘူး။ လူတွေနဲ့တွေ့ဆုံဆက်ဆံရမှာကိုကြောက်တဲ့ ရောဂါ social phobia ၊ OCD လို့ လူအများစုသိကြတဲ့ စိတ်စွဲရောဂါနဲ့ panic attack လို့ခေါ်တဲ့ ကြောက်စိတ်လွန်ကဲပြီး ရှော့ခ်ရတတ်တဲ့ ရောဂါလက္ခဏာတွေကို တရားထိုင်ခြင်းက လျော့ကျစေပါတယ်။ ရောဂဆော့ခြင်းဟာ တရားထိုင်ခြင်းနဲ့ ကိုယ်ကာယလှုပ်ရှားမှုကို ပေါင်းစပ်ထားတဲ့အလေ့အကျင့်တစ်ခုဖြစ်ပြီး ရောဂကျင့်ခြင်းက စိုးရိမ်မှုတွေကိုလျော့ကျစေပါတယ်။ ဖိစီးမှုများတဲ့ လုပ်ငန်းခွင်ကလူတွေကို စိုးရိမ်ပူပန်မှုလျော့ကျအောင် တရားထိုင်ခြင်းက ကူညီပေးနိုင်ပါတယ်။
     (၃) စိတ်ကိုနေထိုင်ကောင်းစေတယ်။ 
    တရားထိုင်ခြင်းဟာ လူတစ်ယောက်ရဲ့ ကိုယ့်ကိုယ်ကိုမြင်တဲ့ အမြင်ကိုပိုကောင်းစေတဲ့အပြင် ဘ၀ကိုအပေါင်းလက္ခဏာဖက်က ပိုရှုမြင်တတ်စေပါတယ်။ လူပေါင်း လေးထောင့်ခြောက်ရာကို ပြုလုပ်ခဲ့တဲ့ သုတေသနတစ်ခုအရ mindfulness meditation ဆိုတဲ့ တရားထိုင်ခြင်းဟာ စိတ်ဓာတ်ကျရောဂါကို သက်သာစေကြာင်းတွေ့ရှိရပါတယ်။ နောက်ထပ်လေ့လာမှုတစ်ခုမှာ တရားထိုင်တဲ့သူတွေနဲ့ တရားမထိုင်တဲ့သူတွေရဲ့ ဦးနှောက်က လျှပ်စစ်လှိုင်းတွေကိုနှိုင်းယှဉ်ကြည့်တဲ့အခါ အပေါင်းမြင်အတွေးနဲ့ အကောင်းမြင်စိတ်နဲ့ဆိုင်တဲ့ ဦးနှောက်ရဲ့ အစိတ်အပိုင်းတွေမှာ မတူညီတဲ့ပြောင်းလဲမှုတွေကို တွေ့ခဲ့ရပါတယ်။
    (၄) အသက်အရွယ်ကြောင့်ဖြစ်တတ်တဲ့ မေ့လျော့ခြင်းကို လျော့နည်းစေတယ်။ 
    အာရုံစူးစိုက်မှုနဲ့ စဉ်းစားဆုံးဖြတ်ရာမှာ ပြတ်သားကြည်လင်ခြင်းတွေဟာ ယျေဘူယျအားဖြင့် ငယ်ရွယ်စဉ်မှာပဲ ရရှိတတ်တာပါ။ ဒါပေမယ့် လေ့လာမှုဆယ့်နှစ်ခုအရ တရားထိုင်ခြင်းဟာ အာရုံစူးစိုက်မှု၊ ဥာဏ်ရည်နဲ့ လျှင်မြန်စွာ ဆုံးဖြတ်နိုင်စွမ်းကို တိုးတက်စေကြာင်းတွေ့ရပါတယ်။ အသက်အရွယ်ရလို့ ပုံမှန်မေ့လျော့ခြင်းတွေအပြင် dementia လို့ ခေါ်တဲ့ ပြင်းပြင်းထန်ထန်မေ့လျော့တဲ့လူနာတွေမှာလည်း တရားထိုင်ခြင်းက အကျိူးများစေပါတယ်။
    (၅) ကြင်နာယုယမှုပေါ်ထွန်းစေတယ်။ 
    တရားထိုင်ခြင်းက မိမိကိုယ်ကိုသာမက ပတ်၀န်းကျင်ကလူတွေအပေါ်ပါ အကောင်းမြင်တဲ့စိတ်ထားနဲ့ အပေါင်းလက္ခဏာဆောင်တဲ့ လုပ်ရပ်တွေ ဖြစ်ထွန်းစေပါတယ်။ ကြင်နာယုယမှု၊ ခွင့်လွှတ်မှုတွေကိုဖြစ်ပေါ်စေပြီး အိမ်ထောင်ရေးအငြင်းပွားမှု နဲ့ ဒေါသထိန်းသိမ်းခြင်းကိုလဲ တိုးတက်စေတယ်လို့ သုတေသနတွေအရ သိရပါတယ်။
     (၆) အရက်ဆေးလိပ်နဲ့ မူးယစ်ဆေးဝါးစွဲလန်းခြင်းကိုလျော့နည်းစေတယ်။ 
    တရားထိုင်တဲ့အခါ ကိုယ့်ကိုယ်ကို  စိတ်ပိုင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေချမှတ်ရတဲ့အတွက် ကိုယ့်ကိုယ်ကို ထိန်းသမ်းနိုင်စွမ်းတိုးတက်လာစေပါတယ်။ သုတေသနတွေအရ တရားထိုင်ခြင်းဟာ လူတွေရဲ့အာရုံကို စုစည်းစေပြီး စိတ်စွမ်းအင်ကိုတိုးမြှင့်စေကာ မိမိရဲ့ စိတ်ခံစားချက် စိတ်လှုပ်ရှားမှုတွေကို ထိန်းချုပ်နိုင်ပြီး မကောင်းမှုတွေကို စွဲလန်းနေခြင်းရဲ့အကြောင်းတရားတွေကို ကိုယ့်ကိုယ်ကို ပိုမြင်လာစေပါတယ်။မူးယစ်ဆေးစွဲလန်းသူတွေမှာဖြစ်တတ်တဲ့ ယင်းထခြင်းနဲ့ ယင်းထခြင်းကြောင့်ဖြစ်တတ်တဲ့ ဖိစီးမှုတွေကိုလည်း ပိုပြီးလျော့နည်းလာစေပါတယ်။

    Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Seinn Moe Satt မှ ရေးသားသည်။ · 11/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement