၁။ တရားထိုင်တဲ့အခါမျိုး အသက်ရှူလေ့ကျင့်ခန်းလုပ်တဲ့အခါမျိုးမှာ အတိုင်းအတာတစ်ခုအထိ စိတ်ရဲ့ ငြိမ်းချမ်းမှုကို ရှာတွေ့နိုင်ပါတယ်။ တရားထိုင်လေ့ကျင့်ခန်းကို ပုံမှန်လုပ်ပေးမယ်ဆိုရင် မိမိကိုယ်တိုင်ရဲ့ စိတ်ပိုင်းဆိုင်ရာ အားကောင်းခိုင်မာမှုကို စဉ်ဆက်မပြတ် တိုးတက်စေမှာပါ။
၂။ တည်ငြိမ်တဲ့ စိတ်အရင်းခံကြောင့် ပြဿနာတွေကိုရင်ဆိုင်ရာမှာလည်း ဘယ်ဟာက အရေးပါပြီး၊ ဘယ်အရာကတော့ဖြင့် မလိုအပ်ဘူးဆိုတာကို ခွဲခြား သိမြင်လာနိုင်ပါတယ်။
၃။ ပုံမှန်အားဖြင့် လူ့ခန္တာကိုယ်ဟာ ပြင်းထန်တဲ့ စိတ်ဖိစီးမှု တစ်စုံတစ်ရာကို ကြုံရတဲ့အခါတိုင်း ကိုယ်တွင်းမှာ adrenaline နဲ့ norepinephrine ဓာတ်တွေ ပိုမိုထုတ်လွှတ်ပေးပါတယ်။ အဲ့ဒီလို အချိန်မျိုးမှာ သွေးတွင်း ဖိအားများတာ၊ သွေးခုန်နှုန်းမြင့်တာ၊ အသက်ရှူမြန်တာနဲ့ ကြွက်သားတွေအတွင်း သွေးလည်ပတ်နှုန်း မြင့်မားလာတာမျိုးတွေဖြစ်လာတာမို့ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေကိုပါ ဖြစ်ပွားစေနိုင်ပါတယ်။
ဒါကြောင့် စိတ်ထဲမှာ ထူပူနေချိန်၊ တွေးတောကြံဆဖို့ ဦးနှောက် အနားမရချိန်တွေမှာ ကျွန်တော်တို့ဟာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေကို ချမှတ်နိုင်ခြင်းမရှိကြပါဘူး။ ဒီလိုဖြစ်ရတဲ့ အကြောင်းကတော့ စိတ်ဖိစီးမှုနဲ့ သောကတွေက ကျွန်တော်တို့ရဲ့ စိတ်ကို ပိတ်ဆို့တားဆီးနေလို့ပါ။ စိတ်ဖိစီးမှုတွေ လွင့်ပါးသွားမယ်ဆိုရင် ကိုယ့်ကိုယ်ကို ယုံကြည်မှုပြန်လည်တည်ဆောက်နိုင်ပြီး မှန်ကန်သင့်လျော်တဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်နိုင်မယ်မဟုတ်လား။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။