backup og meta

သင့်အစာစားချင်စိတ်နဲ့ သင်အချိတ်အဆက်မိပါစေ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Kyaw Thura Htun မှ ရေးသားသည်။ · 21/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သင့်အစာစားချင်စိတ်နဲ့ သင်အချိတ်အဆက်မိပါစေ

    သင့်ရဲ့အစားစားချင်စိတ်နဲ့ သင်အချိတ်အဆက်မိနေပါစေ

    ကျွန်တော်တို့မှာအစာအိမ်ကတဂွမ်ဂွမ်မြည်ခြင်းအပြင်ဗိုက်ဆာခြင်းကိုအချက်ပြမှုတွေအများကြီးရှိပါသေးတယ်။ တီဗွီကအစားအစာကြော်ငြာ၊ပွဲတော်များ၊မုန့်စားတန်းကအနံ့များ၊ရုံးကစားစရာအနံ့များစတာတွေပဲဖြစ်ပါတယ်။ ပတ်ဝန်းကျင်မှာရှိတဲ့ဒီအချက်တွေကကျွန်တော်တို့ရဲ့အစားစားချင်စိတ်ကိုနှိုးဆွပေးပြီးကျွန်တော်တို့ဗိုက်မဆာနေရင်တောင်ဆာနေပြီလို့ထင်စေပါတယ်။

    ရုပ်ပိုင်းဆိုင်ရာအစာစားချင်စိတ်ကအစာစားပြီးနာရီပေါင်းများစွာကြာမှပြန်ထတာပါ။ စိတ်ပိုင်းဆိုင်ရာအစာစားချင်စိတ်ကတော့ရုတ်တရက်ကြီးချက်ချင်းဆိုသလိုဖြစ်လာနိုင်ပါတယ်။ တကယ်လို့သင်ကအမှန်တကယ်ဗိုက်ဆာနေတာဆိုရင် အောက်ကလက္ခဏာတွေထဲကတစ်ခုခုခံစားရပါလိမ့်မယ်။

  • ဒေါသထွက်လွယ်ခြင်း
  • ခေါင်းကိုက်ခြင်း
  • အားအင်ကုန်ခမ်း မောပန်းနွမ်းနယ်ခြင်း
  • အာရုံစိုက်ရခက်ခြင်း
  • အစာစားချင်စိတ်ကို ဘယ်လိုတိုင်းတာမလဲ

    အစာမစားခင် သင်အစာစားချင်စိတ်ကို ကိုယ့်ကိုယ်ကို အမှတ်ပေးကြည့်ပါ။ သင်ဘယ်လောက်ဗိုက်ဆာနေလဲတွေးကြည့်ပါ။ အမှတ်ပေးတဲ့အခါ ၁၀မှတ်မှာ ၄ကနေ၆အကြားရှိလျှင် အစာစားသင့်ပါတယ်။ သင်ဟာဗိုက်ဆာနေတဲ့အချိန်စားပေမယ့်ဗိုက်လုံးဝပြည့်သွားတဲ့အခါရပ်လိုက်တဲ့သဘောပါ။

    အချိန်အကြာကြီးဆွဲပြီး မစားဘဲနေခြင်းကိုတော့ မဖြစ်အောင်ကြိုးစားပါ။ ဗိုက်အလွန်ဆာပြီးအာရုံမစိုက်နိုင်တော့တဲ့အထိ အမှတ် ၁ (သို့) ၂ ရောက်တဲ့အထိ ဖြစ်တာကသင့်ကို အစားအလွန်အကျွံစားစေပါတယ်။ အပေါ်ကပြောသွားတဲ့အချက်တွေထဲကတစ်ခုခုကိုသင်ခံစားရပြီဆိုရင်သင်အစာစားဖို့စဉ်းစားသင့်ပါပြီ။

    အမှတ်၆ လောက်ထိရောက်နေတဲ့အခါအစားအစာကိုမြင်လိုက်ရုံနဲ့သင့်ကိုစားစေပါတယ်။ အစားမလွန်ခင်ခဏရပ်ပြီးသင်ဘယ်လိုခံစားရလဲ တွေးကြည့်ပါ။ သင်လွန်ခဲ့တဲ့မိနစ်အနည်းငယ်ကမှစားထားတာလား။ သင်စားနေတာကစိတ်ပိုင်းဆိုင်ရာဆာလောင်မှုကြောင့်လားရုပ်ပိုင်းဆိုင်ရာဆာလောင်မှုကြောင့်လား ။

    အစာထပ်စားချင်စိတ်တွေပေါ်လာတိုင်း အောက်ကနည်းလမ်းတွေကို လုပ်ကြည့်ပါ။

    • ရေတစ်ခွက်ဒါမှမဟုတ်ကယ်လိုရီမပါတဲ့အရည်တစ်ခုခုသောက်ပါ။
    • မြင်ကွင်းကိုပြောင်းလဲဖို့ခဏလမ်းလျှောက်ထွက်ပါ။
    • လေ့ကျင့်ခန်းတစ်မျိုးမျိုးလုပ်ပါ (ထိုင်ထ၊အပြေး၊ ရေကူး၊တင်းနစ်)
    • သူငယ်ချင်း / မိသားစုကိုခေါ် ပြီးစကားပြောပါ
    • စာအုပ်သို့မဟုတ်တခြားဖတ်စရာတစ်ခုခုဖတ်ပါ
    • သိုးမွေးထိုးတာတို့ပန်းချီဆွဲတာတို့ကြိုက်လား ။ သင်ဝါသနာပါရာတစ်ခုခုကိုတစ်ယောက်ယောက်နဲ့လုပ်နေပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Kyaw Thura Htun မှ ရေးသားသည်။ · 21/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement