backup og meta

အဆိပ်ရှိတဲ့အကောင်ကိုက်ရင် ဘယ်လိုလုပ်ရမလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Aye Thi Mon မှ ရေးသားသည်။ · 03/07/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အဆိပ်ရှိတဲ့အကောင်ကိုက်ရင် ဘယ်လိုလုပ်ရမလဲ

    ပွင့်လင်းရာသီ ရောက်လာပြီ ဆိုရင်ကျေးငှက်တိရစ္ဆာန်လေးတွေ ပျော်ရွှင်မြူးထူးနေတာကို တွေ့မြင်နိုင်ပြီ ဖြစ်သလို ပျားပိတုန်းလေးတွေ ပျံဝဲနေတာကိုလည်း တွေ့မြင်ကြရမှာပါ။ နွေရာသီက ပျော်ရွှင်စရာ ကောင်းတာလေးတွေ ရှိသလို အပြည့်အဝကြီး ပျော်ရွှင်စရာတွေပဲ ရှိနေတာတော့ မဟုတ်ပါဘူး။ နွေရာသီမှာ အင်းဆက် ကိုက်ခံရတာ အပါအဝင် ဝမ်းရောဂါနဲ့ အခြား ရောဂါတွေကိုပါ ခံစားရနိုင် ပါသေးတယ်။ ဒီထဲမှာမှ အခု တစ်ခေါက်မှာ အဆိပ်ရှိတဲ့အကောင်ကိုက်ရင် ဘယ်လိုလုပ်ရမလဲ ဆိုတာကို ပြောပြပေးပါရစေ။

    အဆိပ်ရှိတဲ့အကောင်ကိုက်ရင် ဘယ်လိုလုပ်ရမလဲ

    အဆိပ်ရှိတဲ့အကောင်ကိုက်ရင် ဘယ်လိုလုပ်ရမလဲ ဆိုတော့ အဆိပ်ရှိတဲ့အကောင် အထူးသဖြင့် အင်းဆက် ကိုက်တဲ့အခါ အရေပြားမှာ အပေါက်လေးတွေ ဖြစ်သွားနိုင်သလို အပေါ်ယံ အရေပြား စုတ်ပြဲသွားတာမျိုး ဖြစ်နိုင်ပါတယ်။ အင်းဆက် ကိုက်ခံရတဲ့အခါ အရေပြားမှာ ယားယံတာတွေ မအီမသာ ဖြစ်တာမျိုးတွေ ဖြစ်နိုင်ပါတယ်။ အင်းဆက်တွေက လူ့အရေပြားကို ကိုက်တဲ့အခါ အက်ဆစ်ဓါတ် ပါဝင်နေတဲ့ အရည်တွေကို အရေပြား အောက်ကို ထိုးသွင်းလိုက် ကြပါတယ်။ ဒီလို ဖြစ်တဲ့အခါ အရေပြားမှာ ယားဖုလေးတွေ ထွက်တာ၊ အရေပြားရောင်ရမ်းတာ၊ နီမြန်းတာ၊ နာကျင် ယားယံတာနဲ့ အရေပြားမှာ ဓါတ်မတည့်သလိုမျိုး စပ်ဖျဉ်းဖျဉ်း ဖြစ်တာမျိုးတွေ ခံစားရနိုင်ပါတယ်။ ကိုက်သွားတဲ့ အင်းဆက် အမျိုးအစားနဲ့ အရေပြားရဲ့ တုံ့ပြန်နိုင်မှု အတိုင်းအတာပေါ် မူတည်ပြီး ဓါတ်ပြုတုံ့ပြန်မှုကလည်း ကွာခြားနိုင် ပါတယ်။

    ကမျဉ်းကောင်၊ မှက်၊ ခြင်တွေ၊ ပုရွက်ဆိတ်တွေ လိုမျိုး အင်းဆက်တွေ ကိုက်ခံရတဲ့အခါ နာတာထက် အရေပြားမှာ ယားယံတာမျိုးတွေ ပိုဖြစ်နိုင်ပါတယ်။ အင်းဆက်တွေမှာ ကိုက်တတ်တဲ့အကောင်တွေရှိသလို ဆူးနဲ့ထိုးစိုက်တတ်တဲ့ အင်းဆက်တွေလည်းရှိပါတယ်။ တစ်ခါတလေမှာ ထိခိုက်မိတဲ့နေရာမှာ အရေပြားနီမြန်းရောင်ရမ်းတာမျိုးဖြစ်နိုင်သလို အဆိပ်ဆူးတွေနဲ့ထိုးစိုက်ခံရတာမျိုးဆိုရင် အသက်အန္တရာယ်ထိခိုက်နိုင်လောက်တဲ့အထိ ဓါတ်မတည့်တာမျိုးဖြစ်နိုင်ပါတယ်။

    အင်းဆက်တိုင်း အဆိပ်ပြင်းတာတော့မဟုတ်ပါဘူး။ ကိုက်တဲ့အင်းဆက်က သိပ်အဆိပ်မပြင်းဘူးဆိုရင် အရေပြားမှာ နီမြန်းတာ၊ယားယံတာနဲ့ အသေးစားရောင်ရမ်းတာမျိုးလောက်ပဲဖြစ်နိုင်ပါတယ်။ ပျား၊နကျယ်၊ ပျားတူ၊ ကင်းမြီးကောက်လိုမျိုး အဆိပ်ဆူးနဲ့ ထိုးစိုက်တတ်တဲ့ အင်းဆက်ကိုက်ခံရတယ်ဆိုရင်တော့ပြင်းထန်တဲ့ ဓါတ်ပြုတုံ့ပြန်မှုတွေခံစားရနိုင်ပါတယ်။ အချို့သော အင်းဆက်တွေက ခန္ဓါကိုယ်ထဲကိုရောဂါပိုးတွေရောက်ရှိအောင်လုပ်ဆောင်ကြပါတယ်။

    အင်းဆက်ကိုက်ခံရရင်တွေ့ရနိုင်တဲ့ လက္ခဏာတွေက

    အင်းဆက်ကိုက်ခံရတဲ့အခါ အင်းဆက်အမျိုးအစားပေါ်ကိုလိုက်ပြီးတွေ့ရတတ်တဲ့လက္ခဏာတွေက ကွာခြားနိုင်ပါတယ်။ အင်းဆက်ကိုက်ခံရတဲ့အခါ –

    အရေပြားက ပေါက်ပြဲသွားတဲ့အခါ အင်းဆက်ကိုက်ခံရတာကြောင့် ဖြစ်တဲ့ နေရာကနေ ရောဂါပိုး ကူးစက်တာမျိုးတွေ ဖြစ်နိုင်ပါတယ်။သေချာကုသမှု မခံယူတဲ့အခါ ပြင်းထန်တဲ့ နောက်ဆက်တွဲရောဂါတွေ ဖြစ်နိုင်ပါတယ်။

    အင်းဆက်ကိုက်ခံရတာက အရမ်းပြင်းထန်မယ်ဆိုရင် –

    • အရေပြားမှာ အင်ပျဉ်တွေလို ထလာမယ်
    • အသက်ရှုရခက်လာမယ်
    • အသက်ရှုတာ ပြတ်တောင်းပြတ်တောင်း ဖြစ်လာမယ်
    • သတိလစ် မေ့မြောမယ်
    • အဆိပ်ပြင်းတဲ့ အကောင် ကိုက်ခံရတာဆိုရင်တော့ မိနစ် ၃၀ အတွင်း သေဆုံးသည်အထိ ဖြစ်နိုင်ပါတယ်။

    အဆိပ်ရှိတဲ့ အင်းဆက်ကိုက်ခံရရင်ဘယ်လိုကကုသစောင့်ရှောက်မှုပေးမလဲ

    အရမ်းမပြင်းထန်ဘူးဆိုရင်

    အဆိပ်ရှိတဲ့ အင်းဆက်ကိုက်ခံရတာ ဆိုပေမယ့် သိပ်မပြင်းထန်တဲ့အခါမျိုးမှာ –

    • နောက်ထပ်ကိုက်ခံရတာမျိုးမဖြစ်အောင်ဘေးကင်းတဲ့နေရာကိုရွှေ့ပြောင်းပေးပါ
    • လူနာကို မလှုပ်ခိုင်းပါနဲ့။ငြိမ်ငြိမ်လေးနေခိုင်းပါ။ အဆိပ်မပြန့်စေဖို့အတွက်ပါ
    • လိုအပ်မယ်ဆိုရင် အနာမှာစိုက်ကျန်နေခြ့တဲ့ အဆိပ်ဆူး နဲ့ အကောင်တွေ ကိုဖယ်ရှားရပါမယ်
    • အကိုက်ခံရတဲ့နေရာကိုရေနဲ့ဆပ်ပြာသုံးပြီးဆေးကြောပါ
    • ရေဇလုံတစ်ခုထဲကိုရေခဲနဲ့ရေထည့်ပြီး တဘက်စသန့်သန့်လေးကိုစိမ်ပြီး ဒဏ်ရာနေရာမှာဖိကပ်ပေးပါ။ ဒီလိုလုပ်ပေးတာက နာကျင်ရောင်ရမ်းမှုကိုလျော့ပါးသက်သာစေနိုင်ပါတယ်။
    • hydrocortisone ခရင်မ်၊calamine lotion နဲ့ မုန့်ဖုတ်ဆော်ဒါတို့ကို အင်းဆက်ကိုက်ခံရတဲ့နေရာကို လူးပေးလို့ရပါတယ်
    • ယားယံမှုသက်သာစေဖို့အတွက် အင်းဆက်ကိုက်ခံရတဲ့နေရာကို အရေပြားယားယံတာသက်သာစေတဲ့ဆေးတစ်မျိုးမျိုးလူးပေးလို့လည်းရပါတယ်
    • အင်းဆက်ကိုက်ခံရရတဲ့ ဒဏ်ရာကအရမ်းမပြင်းထန်ဘူးဆိုရင် တစ်ရက်၊ ၂ ရက်လောက်အတွင်းမှာ သက်သာသွားနိုင်ပါတယ်
    • တကယ်လို့ သင့်အနေနဲ့ စိုးရိမ်တယ်ဆိုရင် ဆရာဝန်နဲ့ပြသကြည့်လို့လည်းရပါတယ်။

    အင်းဆက်ကိုက်ခံရပြီး အခုလိုအခြေအနေမျိုးဖြစ်လာရင် ဆရာဝန်နဲ့ချက်ချင်းပြသပေးပါ

    အဆိပ်ရှိတဲ့ အင်းဆက်အကိုက်ခံရပြီး အခုလိုအခြေအနေမျိုးဖြစ်လာခဲ့ရင် ဆရာဝန်နဲ့ချက်ချင်းပြသသင့်ပါတယ်။

    • အသက်ရှုရခက်လာမယ်
    • နှုတ်ခမ်း၊ မျက်ခွံနဲ့လည်ပင်းတွေရောင်ရမ်းလာမယ်
    • ခေါင်းထဲမှာ ညီးစီစီဖြစ်လာမယ်၊ သတိလစ်မယ်၊ စိတ်အာရုံတွေထွေပြားလာမယ်
    • နှလုံးခုန်မြန်လာမယ်
    • အရည်ကြည်ဖုတွေဖြစ်လာမယ်
    • မူးဝေအော့အန်မယ်

    အခုပြောခဲ့တဲ့ လက္ခဏာမျိုးတွေဖြစ်လာမယ်ဆိုရင်တော့ အဆိပ်ပြင်းတဲ့ အင်းဆက်ကိုက်ခံရတာဖြစ်နိုင်တာကြောင့် နီးစပ်ရာဆေးခန်းကို အမြန်ဆုံးသွားရောက်ပြသဖို့လိုအပ်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Aye Thi Mon မှ ရေးသားသည်။ · 03/07/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement