အမြင့်ကြောက်တယ်ဆိုတာ အမြင့်တစ်နေရာရောက်နေတဲ့အခါပြုတ်ကျမှာကြောက်တဲ့စိတ်ကြောင့်ပါ။ ဒီတော့ပြုတ်မကျ၊ချော်မကျနိုင်ဘူးဆိုတာသေချာစေဖို့လှေကားအတက်အဆင်းမှာ လက်တန်းကိုမိမိရရကိုင်ပြီးခြေလှမ်းကိုပုံမှန်လှမ်းပါ။
ရုတ်ခြည်းဖြစ်လာတဲ့အခြေအနေမှာ လုပ်ဖို့မဟုတ်ပေမယ့် အားလပ်တဲ့အချိန်မှာ တရားထိုင်တာလိုမျိုး စိတ်ငြိမ်စေမယ့် အလေ့အကျင့်မျိုး လုပ်ကြည့်ပါ။ ဒီနည်းက ဘယ်အကြောင်းကြောင့်ပဲဖြစ်ဖြစ် စိတ်ပူပန်မှုတွေကိုလျှော့ချပေးနိုင်ပြီး စိတ်ကျန်းမာရေးအတွက် အားဖြည့်ပေးနိုင်ပါတယ်။
ကဲ ဘာလာလာ ကြောက်မနေနဲ့တော့နော်။ ဘာမှန်းမသိကြောက်နေတဲ့စိတ်တွေကို တွန်းလှန်ပြီး Phobian လေးတွေ သတ္တိရှိရှိရင်ဆိုင်နိုင်မယ်လို့မျှော်လင့်ပါတယ်။
စိတ်ရောဂါ အထူးကုနဲ့ ပြသပါ။
တချို့သော ကြောက်စိတ်တွေက ကိုယ့်ရဲ့ နေ့စဉ်ဘဝကို အနှောင့်အယှက်ဖြစ်လောက်တဲ့အထိ ဆိုးနေပြီဆိုရင်တော့ စိတ်ရောဂါအထူးကုနဲ့ ပြသဖို့ အကြံပြုလိုပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။