အော်ငေါက်ခြင်းဟာ တကယ်တမ်းမှာ သိပ်ပြီးအလုပ်မဖြစ်လှပါဘူး။ ဒါ့အပြင် အော်ငေါက် ဆူပူတာများလာရင်လည်း ရိုးသွားနိုင်ပြီး သင့်ကို လစ်လျူရှုလာနိုင်ပါတယ်။ ဒါကြောင့်မို့ သင့်ကလေးတွေကို လေ့ကျင့်သင်ကြားရာမှာ သိပ်ပြီး အလုပ်မဖြစ်လှတဲ့ အော်ငေါက်ခြင်းကို ပြောင်းလဲဖို့ ကြိုးစားကြပါစို့။
အော်ငေါက်ခြင်းရဲ့ ဆိုးကျိုး
အော်ငေါက်ခြင်းကြောင့် သင့်ကလေးတွေအတွက် ဆိုးကျိုးများစွာဟာ မသိမသာ ရရှိသွားနိုင်ပါတယ်။ အော်ငေါက်ခြင်းဆိုတာ ဒေါသထွက်ခြင်းရဲ့ ရလာဒ်ပဲ ဖြစ်ပါတယ်။ ဒေါသထွက်ပြီး စိတ်မထိန်းနိုင်တဲ့အခါ ကလေးများအတွက် နာကျင်စေတဲ့ စကားလုံးများ ထွက်လာနိုင်ပါတယ်။ သင့်ကလေးဟာ ထိရှခံစားလွယ်သူဆိုရင် ပိုပြီး ဒုက္ခပေးပါတယ်။ နောက်ဆက်တွဲအနေနဲ့ စိတ်ပူပန်မှုနဲ့ မိမိကိုယ်ကို သိမ်ငယ်မှုတွေ ပေါ်ပေါက်လာနိုင်ပါတယ်။
ဒါ့အပြင် အော်ငေါက်ခြင်းဟာ ကလေးရဲ့ ဖွံ့ဖြိုးတိုးတက်မှုအပေါ် ဆိုးကျိုးသက်ရောက်စေပါတယ်။ သင်ဟာ သူတို့ရဲ့ စံပြုပုဂ္ဂိုလ်ပဲဖြစ်တာကြောင့် ဒီအပြုအမူတွေကို အတုခိုးသွားနိုင်ပါတယ်။ ဒီလိုအော်ငေါက်တဲ့ အကျင့်ကို အမြဲပြုလုပ် နေမယ်ဆိုရင် ဒါဟာ လူမှုဆက်ဆံရေး ပုံစံတခုလို့ ယူဆသွားနိုင်ပါတယ်။ ဒါ့အပြင် ဒီအမူအကျင့်ကို အတုခိုးသွားပြီး နောင်ကြီးပြင်းလာတဲ့အခါ သင့်ကို တန်ပြန်အော်ငေါက်လာနိုင်ပါတယ်။ ဒါကြောင့်မို့ သင့်ကလေးဟာ အော်ငေါက်တတ်သူ ဖြစ်မလာအောင် သင်ကပါ ဆင်ခြင်ဖို့ လိုပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။