ပျော်ရွှင်သောလူသားများသည် ဘဝတွင် အကောင်းများကို တွေ့ရှိကြသည်။
အကောင်းမြင်သမားနဲ့ အဆိုးမြင်သမားများသည် ဘဝကို လက်ခံပုံခြင်း ကွဲပြားကြသည်။ ပြဿနာတစ်ခုကို ချဉ်းကပ်ရာတွင် အကောင်းမြင်သမားသည် ၎င်းကို သင်ယူစရာ အခွင့်အရေးတစ်ခု အဖြစ် မှတ်ယူပြီး အကောင်းဆုံး ကျော်လွှားဖို့ ကြိုးစားသည်။ သင်သည် အဆုတ်ကင်ဆာဖြစ်နေလျှင်တောင်ပင် ပုံမှန်အားဖြင့် ဝမ်းနည်း ကြောက်လန့်ရမည်ဖြစ်သော်လည်း သင်သည် ပြန်လည်ထဖို့ ကြိုးစားရမည်။ သင့်ဘဝတွင် ယခုအချိန်ထိ ဘာတွေပြီးမြောက်ပြီးပြီလဲဆိုတာကို ပြန်လည်တွေးရမည်။ အဆုတ်ကင်ဆာမှ ရှင်သန်ကျန်ရစ်သူအများစုသည် သူတို့၏ မိသားစုနှင့် သူငယ်ချင်းများကို ကျေးဇူးတင်ကြလေသည်။ ထိုကျေးဇူးတင်စိတ်ကပင် သူတို့ကို အသက်ရှင်နေနိုင်အောင် လုပ်ပေးနေသည်ဟု သူတို့ တွေးမှတ်ကြလေသည်။
သင်လည်း ထိုနည်းတူတွေးကြည့်ပါ။ သင့်မှာ အဆုတ်ကင်ဆာဖြစ်ပြီး အခြေအနေမကောင်းဘူးဆိုလျှင်တောင် ဘာမှထပ်မံဆုံးရှုံးစရာမရှိတော့သော သင့်အတွက် အသစ်အဆန်းတစ်ခုကို ဘာကြောင့် မကြိုးစားကြည့်ဘဲနေမှာလဲ။ သင့်ဘဝမှာ ဖြစ်ချင်သော အရာတွေကို တွေးကြည့်ပြီး စာရင်းပြုစုကြည့်ပါ။ သင်မိတ်ကပ်နဲ့ ပတ်သက်ပြီး အမြဲ စိတ်ဝင်စားခဲ့ပါသလား။ သင့်မျက်နှာကို ဘယ်လိုလှပအောင်ခြယ်သမလဲ လေ့လာပြီး မိတ်ကပ်ဂုရုကြီး ဖြစ်အောင် သင်ယူကြည့်ပါလား။ သင့်သူငယ်ချင်းတွေနဲ့တွေ့ဆုံပြီး သောက်စားပျော်ပါးချင်ပါသလား။ သင့်စိတ်ကို အလိုလိုက်ဖို့ အချိန်ပေးလိုက်ပါ။ ဟင်းချက်နည်းသစ်တွေ စမ်းသပ်လိုပါသလား။ သင်လုပ်ချင်တာကိုသာ လိုက်လုပ်ကြည့်လိုက်ပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။