“ရယ်မောခြင်းသည် အသက်ရှည်စေ၏” ဆိုတဲ့ ဆောင်ပုဒ်ကို ကျွန်တော်တို့ ကလေးဘဝက မကြာခဏဆိုသလို ကြားဖူးကြမှာပါ။ တကယ်လည်း ဒီအချက်ဟာ လုံးဝမှန်ကန်ပါတယ်။ လူတွေက ပျော်ရွှင်စရာ၊ ကြည်နူးစရာကိစ္စတွေရှိရင် ရယ်မောကြတယ်၊ ကိုယ်ချစ်တဲ့သူတွေနဲ့ အတူရှိနေရရင် ချစ်တဲ့ စိတ်နဲ့ ရယ်မောကြတယ်။ ဒီလို ရယ်မောလိုက်တဲ့ အခါတိုင်းမှာ ခန္ဓာကိုယ်က ပျော်ရွှင်ခြင်းရဲ့ ဟော်မုန်းတွေ ထုတ်လွှတ်ပေးပြီး ဒီဟော်မုန်းတွေက စိတ်နဲ့ ခန္ဓာကျန်းမာရေးကို များစွာ အထောက်အကူဖြစ်စေပါတယ်။