(၃) စိတ်ကိုနေထိုင်ကောင်းစေတယ်။
တရားထိုင်ခြင်းဟာ လူတစ်ယောက်ရဲ့ ကိုယ့်ကိုယ်ကိုမြင်တဲ့ အမြင်ကိုပိုကောင်းစေတဲ့အပြင် ဘ၀ကိုအပေါင်းလက္ခဏာဖက်က ပိုရှုမြင်တတ်စေပါတယ်။ လူပေါင်း လေးထောင့်ခြောက်ရာကို ပြုလုပ်ခဲ့တဲ့ သုတေသနတစ်ခုအရ mindfulness meditation ဆိုတဲ့ တရားထိုင်ခြင်းဟာ စိတ်ဓာတ်ကျရောဂါကို သက်သာစေကြာင်းတွေ့ရှိရပါတယ်။ နောက်ထပ်လေ့လာမှုတစ်ခုမှာ တရားထိုင်တဲ့သူတွေနဲ့ တရားမထိုင်တဲ့သူတွေရဲ့ ဦးနှောက်က လျှပ်စစ်လှိုင်းတွေကိုနှိုင်းယှ
ဉ်ကြည့်တဲ့အခါ အပေါင်းမြင်အတွေးနဲ့ အကောင်းမြင်စိတ်နဲ့ဆိုင်တဲ့ ဦးနှောက်ရဲ့ အစိတ်အပိုင်းတွေမှာ မတူညီတဲ့ပြောင်းလဲမှုတွေကို တွေ့ခဲ့ရပါတယ်။ အာရုံစူးစိုက်မှုနဲ့ စဉ်းစားဆုံးဖြတ်ရာမှာ ပြတ်သားကြည်လင်ခြင်းတွေဟာ ယျေဘူယျအားဖြင့် ငယ်ရွယ်စဉ်မှာပဲ ရရှိတတ်တာပါ။ ဒါပေမယ့် လေ့လာမှုဆယ့်နှစ်ခုအရ တရားထိုင်ခြင်းဟာ အာရုံစူးစိုက်မှု၊ ဥာဏ်ရည်နဲ့ လျှင်မြန်စွာ ဆုံးဖြတ်နိုင်စွမ်းကို တိုးတက်စေကြာင်းတွေ့ရပါတယ်။ အသက်အရွယ်ရလို့ ပုံမှန်မေ့လျော့ခြင်းတွေအပြင် dementia လို့ ခေါ်တဲ့ ပြင်းပြင်းထန်ထန်မေ့လျော့တဲ့လူနာတွေမှာလည်း တရားထိုင်ခြင်းက အကျိူးများစေပါတယ်။
(၅) ကြင်နာယုယမှုပေါ်ထွန်းစေတယ်။
တရားထိုင်ခြင်းက မိမိကိုယ်ကိုသာမက ပတ်၀န်းကျင်ကလူတွေအပေါ်ပါ အကောင်းမြင်တဲ့စိတ်ထားနဲ့ အပေါင်းလက္ခဏာဆောင်တဲ့ လုပ်ရပ်တွေ ဖြစ်ထွန်းစေပါတယ်။ ကြင်နာယုယမှု၊
ခွင့်လွှတ်မှုတွေကိုဖြစ်ပေါ်စေ
ပြီး အိမ်ထောင်ရေးအငြင်းပွားမှု နဲ့ ဒေါသထိန်းသိမ်းခြင်းကိုလဲ တိုးတက်စေတယ်လို့ သုတေသနတွေအရ သိရပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။