home

သင့်စိုးရိမ်မှုတွေက ဘာတွေလဲ။

close
မတိကျ
နားလည်ရခက်
အခြား

သို့မဟုတ် လင့်ခ်ကူးယူမည်

ရေရှားတဲ့ နွေမှာ မသန့်ရှင်းတဲ့ရေကြောင့် ရောဂါတွေမဖြစ်စေဖို့

ရေရှားတဲ့ နွေမှာ မသန့်ရှင်းတဲ့ရေကြောင့် ရောဂါတွေမဖြစ်စေဖို့

အဟမ်း….. အဟမ်း…. ရာသီဥတုကြေညာချက်လေးထုတ်ပြန်ပါရစေ။ အခုဆိုရင်ဖြင့် ပူပြင်းတဲ့နွေရာသီကိုရောက်လာပါပြီနော်။နွေရာသီမှာ အပူချိန်မြင့်တာကတော့ လူတိုင်းသိပြီးသားပါနော်။နွေပူပြင်းမှုနဲ့အတူ ထပ်ခံစားရနိုင်တာကရေရှားတာလေနော်။မြစ်ချောင်းအင်းအိုင်တွေပေါပါတယ်ဆိုတဲ့မြန်မာနိုင်ငံကြီးမှာ ပတ်ဝန်းကျင်ညစ်ညမ်းမှုကြောင့်ရေရှားပါးလာပြီဖြစ်သလို ရာသီဥတုမမှန်တာကြောင့်လည်းရေပြတ်လပ်မှုတွေခံစားကြရပါတယ်။

ရေအသက် တစ်မနက်ပါ

ရေအသက် တစ်မနက်ပါနော်။ရေက ခန္ဓါကိုယ်ရဲ့ ၆၀ ရာခိုင်နှုန်းကျော်ကိုရေနဲ့ဖွဲ့စည်းထားတာပါ။ရေလုံလောက်စွာရပါမှ ကျန်းမာတဲ့ ခန္ဓါကိုယ်ကို ပိုင်ဆိုင်နိုင်မှာပါ။ရေကခန္ဓါကိုယ်အပူချိန်ကို ပုံမှန်ဖြစ်အောင်ထိန်းညှိပေးပြီး အဆစ်တွေကို လှုပ်ရှားမှုကောင်းစေပါတယ်။ ဆီး၊ဝမ်းနဲ့ချွေးကနေတဆင့် ကိုယ်တွင်းက အဆိပ်အတောက်တွေကိုဖယ်ရှားပေးတာကလည်းသောက်သုံးရေပါနော်။

ရေလုံလောက်အောင်မရရင် ဘာဖြစ်မလဲ

ရေလုံလာက်အောင်မသောက်တဲ့အခါ

  • ရေဓါတ်ခမ်းခြောက်တာ
  • ကြွက်သားတွေအားနည်းတာ
  • ကြွက်တက်တာ
  • အပူရှပ်တာ နဲ့
  • အပူငုပ်တာ တို့ဖြစ်နိုင်ပါတယ်။

ဒါတွေကြောင့်ရေဓါတ်ဆုံးရှုံးနိုင်ပါတယ်နော်

ခန္ဓါကိုယ်ကနေလုပ်တဲ့လုပ်န်းစဉ်တော်တော်များများကို အဓိကပံ့ပိုးထားသူကရေဓါတ်ပေါ့။ လှုပ်ရှားမှုတိုင်းမှာရေဓါတ်ဆုံးရှုံးနိုင်ခြေကလည်းတော်တော်လေးများပါတယ်နော်။

  • ဆီးသွားတာ
  • ချွေးထွက်တာ
  • ဝမ်းလျှောတာ
  • ပြင်းထန်တဲ့ကိုယ်လက်လှုပ်ရှားမှုတွေလုပ်တဲ့အခါမျိုး
  • ဖျားနာတဲ့အခါ
  • အော့အန်တဲ့အခါမျိုးမှာ ခန္ဓါကိုယ်ကရေဓါတ်ဆုံးရှုံးနိုင်ပါတယ်။

တစ်နေ့တာအတွက်ရေလိုအပ်ချက်

လူတစ်ယောက် ကျန်းမာနေဖို့ တစ်နေ့တာမှာရေ ၈ ခွက်သောက်ပေးဖို့လိုပါတယ်။ ဒါက အခြေခံသတ်မျတ်ချက်ပေါ့။ အတိအကျပြောပြရရသ် အမျိုးသမီးတွေကနေ့စဉ်ရေ ၈ ခွက်ကနေ ၁၁ ခွက် (၉၁အောင်စ)သောက်သုံးဖို့လိုအပ်ပါတယ်။ အမျိုးသားတွေကတော့နေ့စဉ်ရေ ၁၅ ခွက် (၁၂၅အောင်စ)သောက်ဖို့လိုအပ်ပါမယ်။ မဖြစ်မနေသိထားရမှာကသောက်လိုက်တဲ့ရေတိုင်းဟာ သန့်စင်ဖိုပပါနော်။

ရေမသန့်ရင်ဘာဖြစ်မလဲ

ရေသန့်တယ်လို့တင်စားဖို့ကတော့ရေက အရောင်အဆင်းအနံ့အရသာကင်းရမယ်ဆိုတာ ငယ်ငယ်ကတည်းကသင်ခဲ့ရတာပါနော်။ရေသန့်ဖို့ကမဖြစ်မနေလိုအပ်တာပါ။သောက်ရေကရေသန့်ဖြစ်ရမယ်ဆိုလို့ ရေသန့်ဗူးတွေကိုမဖြစ်မနေသောက်ရမယ်လို့ပြောနေတာမဟုတ်ပါဘူး။ ရေကိုစနစ်တကျသန့်စင်သောက်သုံးဖို့တိုက်တွန်းချင်တာပါ။ရေကသန့်ရှင်းမှုအားနည်းတဲ့အခါ

  • ဝမ်းပျက်ဝမ်းလျှောဖြစ်တာ
  • အော့အန်တာ
  • ဖျားနာတာ နဲ့နောက်ဆက်တွဲကျန်းမာရေးပြဿနာတော်တော်များများကိုခံစားရနိုင်ပါတယ်။

ရေကိုဘယ်လိုသန့်စင်ရမလဲ

သန့်ရှင်းတဲ့သောက်သုံးရေဖြစ်ဖို့ ဒီနည်းလေးတွေက အဆင်ပြေစေမှာပါ။ရေတော့ရှိပါရဲ့သောက်ဖို့အတွက် မသန့်ဘူးဆိုရင် ဒီနည်းလေးသုံးပြီး သန့်စင်လိုက်ပါနော်။

ရေကိုကျိုချက်လို့သောက်ပါ

သန့်စင်တဲ့ရေအရင်းအမြစ်မရှိဘူးဆိုရင်ရေကိုကျိုချက်သောက်ရမယ်ဆိုတာကတော်တော်များများတော့သိထားပြီးသားပါ။ရေထဲမှာပါနေတဲ့ မျက်စိနဲ့မမြင်ရတဲ့ ဘက်တီးရီးယားတွေကို ဖယ်ရှားဖို့အတွက်ရေကို ပိတ်စပါးပါးလေး ဒါမှမဟုတ်ရေစစ်နဲ့စစ်ပြီးရေနွေးဆပွက်ပွက်ဆူတဲ့အထိတည်ပေးပါနော်။ပြီးရင်တော့ အအေးခံပြီးသောက်လို့ရပါတယ်။

ကျောက်ချဉ်သုံးပါ
ရေကို ညသိပ်ထားပြီးကျောက်ချဉ်စိမ်ပေးပါ။ကျောက်ချဉ် က ပိုတက်ဆီယမ်ကျောက်ချဉ်ဖြစ်ဖို့တော့လိုပါမယ်နော်။ရေပမာဏကိုလိုက်ပြီးကျောက်ချဉ်ထည့်ရတဲ့ ပမာဏကလည်း ကွာပါမယ်နော်။ရေသန့်စေတဲ့ သဘာဝနည်းလမ်းတစ်ခုပါ။
မီးသွေးသုံးမယ်
ရေသန့်စေဖို့အတွက်ကျောက်မီးသွေး၊ သဲသန့်သန့်၊ တို့ကိုသုံးပြီးရေစစ်လို့ရပါတယ်။ ခွက်အလွတ်တစ်ခုထဲမှာ သဲတစ်ထပ်၊ မီးသွေးတစ်ထက်ထည့်ပြီးအောက်ဘက်မှာ အပေါက်လေးတွေဖောက်ပေးပါ။ပြီးရင်အောက်မှာ ခွက်အသန့်တစ်ခုခံလို့ရေတွေကို ဖြည်းဖြည်းချင်းလောင်းချပေးပါ။ တစိမ့်စိမ့်နဲ့စစ်ထားလေရေကသန့်လေလေပါနော်။ပြီးရင်တော့ရေကိုပြန်စစ်ဖို့ မမေ့ပါနဲ့။
ကျောက်စရစ်သုံးမယ်
ကျောက်စရစ်ခဲလေးတွေ ကရေစစ်ဖို့အတွက် အသုံးဝင်ပါတယ်။ကျောက်စရစ်နဲ့ သဲသန့်သန့်လေးတို့ကိုသုံးပြီး ခွက်တစ်ခုထဲမှာ တစ်ထပ်စီထည့်ပြီး ခွက်အောက်ဘက်မှာ အပေါက်လေးတွေဖောက်ပေးပါ။ပြီးရင်အောက်ဘက်မှာ ခွက်အသန့်တစ်ခုခံလို့ရေတွေကိုဖြည်းဖြည်းချင်းလောင်းချပေးပါ။ တစိမ့်စိမ့်နဲ့စစ်ထားလေရေကသန့်လေလေပါနော်။ပြီးရင်တော့ရေစစ်လေးနဲ့ပြန်စစ်ပေးပါ။

ဖွဲပြာသုံးမယ်

ဖွဲပြာ၊ နဲ့ သဲသန့်သန့်လေးတို့ကို သုံးပြီးတော့လည်းရေစစ်လို့ရပါသေးတယ်နော်။ ခွက်တစ်ခုကို အောက်ခြေဘက်မှာအပေါက်ဖောက်လို့ ပိတ်စပါးပါးလေးတစ်ခုအရင်ခံလိုက်ပါပြီးရင် သဲတစ်ထပ် ဖွဲပြာတစ်ထပ်စီထည့်ပါ။အောက်ဘက်ကခွက်အသန့်တစ်ခုခံလို့ အပေါ်ကနေရေကိုဖြည်းဖြည်းချင်းလောင်းချပေးပါ။ စိမ့်စိမ့်နဲပစစ်ထားလေရေကသန့်လေလေပေါနော်။ပြီးရင်တော့ရေစစ်လေးနဲ့ပြန်စစ်ပေါ့။

သဲအိုးနဲ့စစ်မယ်

ရေကို သဲအိုးထဲမှာ ညသိပ်ပေးတာကလည်းရေသန့်စင်နည်းတစ်မျိုးပါနော်။ရေကအရမ်းဆိုးရွားနေတာမျိုးမဟုတ်ဘူးဆိုရင် သဲအိုးထဲမှာ တစ်ညသိပ်ပေးတာမျိုးလုပ်ပေးနိုင်ပါတယ်။

အိုင်အိုဒင်းသုံးမယ်

ဒါကလည်းရေသန့်စင်နည်းတစ်ခုပါ။သောက်ရေသန့်တစ်ခုဖြစ်လာစေဖို့ အသုံးပြုသင့်တဲ့နည်းလမ်းတစ်ခုပေါ့။ အိုင်အိုဒင်းကရေထဲမျာပါတဲ့ရောဂါပိုးတွေကိုသေစေနိုင်ပါတယ်နော်။ရေကို အိုင်အိုဒင်းမခတ်ခင်မှာနေပူအရင်ပြရပါမယ်။ရေကနွေးလာပြီဆိုရင် အိုင်အိုဒင်းထည့်ပေးရပါမယ်။ အညွှန်းပါတဲ့အတိုင်း အတိအကျလိုက်ဖို့တော့လိုပါမယ်။ အိုင်အိုဒင်းခတ်ထားတဲ့ရေကို မိနစ် ၃၀ ကြာထားပြီးမှသောက်ရပါမယ်။

ကလိုရင်းသုံးမယ်

အရေးပေါ်ရေသန့်စင်ည်းတစ်ခုပါ။ ကလိုရင်းဆေးပြားကိုသုံးပြီးရေသန့်စင်ပေးတာပါ။ ကလိုရင်းဆေးဗူးမှာပါတဲ့ အညွှန်းအတိုင်းအတိအကျလိုက်ဖို့လိုပါမယ်။ရေထဲကမျက်စိနဲ့မမြင်ရတဲ့ ပိုးမွှားတွေကို သန့်စင်ပေးနိုင်ပါတယ်။ ပုံမှန်အားဖြင့်ကတော့ရေ ၄ လီတာကို ကလိုရင်းဆေးရည် ၁၆ စက်၊ ၂ လိတာကို ကလိုရင်းဆေးရည် ၈ စက် ဆိုပြီး ချပေးရတာပါ။ မသောက်သုံးခင်မှာ ခဏတော့စောင့်ပေးဖို့လိုပါမယ်နော်။

ကဲ Hello ဆရာဝန်ပရိသတ်ကြီးတို့ နွေပူပူမှာသောက်စရာရေချိုရေသန့်ရှားပါးတာကြောင့် မသန့်တဲ့ရေတွေကိုသောက်မိပြီးရောဂါဖြစ်တဲ့ဘေးက ကင်းကြပါစေကြောင်း ……….

Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ရင်းမြစ်များ

Drinking Water Quality: What You Need to Knowhttps://www.webmd.com/women/safe-drinking-water#1 Accessed Date 21 March 2019

3 Ways to Purify Water –Naturallyhttps://www.onegreenplanet.org/lifestyle/purify-water-naturally/ Accessed Date 21 March 2019

25 Great Ways How To Purify Water For Drinkinghttp://all-about-water-filters.com/great-ways-how-to-purify-water-for-drinking/ Accessed Date 21 March 2019

How do you purify dirty pond water for drinking?https://www.quora.com/How-do-you-purify-dirty-pond-water-for-drinking Accessed Date 21 March 2019

How to Purify Water at Homehttps://www.livestrong.com/article/79333-purify-water-home/ Accessed Date 21 March 2019

စာရေးသူ ဓာတ်ပုံbadge
Aye Thi Mon မှ ရေးသားသည်။ 22/05/2020 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Dr. Thurein Hlaing Win မှ အချက်အလက် စစ်ဆေးထားပါသည်။