လုပ်ငန်းခွင်ဆိုတာ ဒုတိယအိမ်ပါပဲ။ ဒီနေရာမှာ တစ်နေ့ ၈နာရီထက်မနည်း နေရတာကိုး။ ဒီလိုဆို ကိုယ့်ရဲ့ လုပ်ဖော်ကိုင်ဖက်တွေဟာလည်း ကိုယ့်ရဲ့ ဒုတိယမိသားစုပါပဲ။ တစ်နေ့ တစ်နေ့ သူတို့နဲ့ အတူရှိနေရတဲ့ အချိန်က နည်းမှ မနည်းတာ။ ဒါကြောင့် သူတို့ကို မိသားစုလို သဘောထားပြီး စောင့်ရှောက်ပေးဖို့လိုပါတယ်။ စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာရောပေါ့။