backup og meta

မိန်းမကိုယ်ပိုးဝင်ခြင်းပြဿနာကို ရင်ဆိုင်နေတဲ့ ချစ်သူကို ဘယ်လိုအားပေးကူညီမလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Myo Myat မှ ရေးသားသည်။ · 25/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    မိန်းမကိုယ်ပိုးဝင်ခြင်းပြဿနာကို ရင်ဆိုင်နေတဲ့ ချစ်သူကို ဘယ်လိုအားပေးကူညီမလဲ

    အမျိုးသမီးတွေမှာ အဖြစ်များတဲ့ ပြဿနာတွေကတော့မိန်းမကိုယ် ပိုးဝင်တာပါပဲ။ ဒီလိုကျန်းမာရေးအခြေအနေနဲ့ ရင်ဆိုင်နေရချိန်မှာ လူက နေလို့ထိုင်လို့ မကောင်းတာ၊ယားယံေနတာ၊ မကောင်းတဲ့အနံ့အသက်ေတွ ထွက်တာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။ ဒီလိုမိန်းမကိုယ်ပိုးဝင်စေနိုင်တဲ့ အကြောင်းရင်းတွေ၊ ပြဿနာတွေကလည်း အများကြီးပါပဲ။ အရေပြားမှိုစွဲကပ်တာ၊ ဘက်တီးရီးယား၊ ဗိုင်းရပ်စ်ပိုးကြောင့်၊ တစ်ကိုယ်ရေ သန့်ရှင်းမှုအားနည်းတာကြောင့်လည်း ဖြစ်နိုင်သလို ဆပ်ပြာတွေမှာ ပါဝင်တဲ့ ဓါတုဗေဒပစ္စည်းတွေ၊ မိန်းမကိုယ်နဲ့ အမြဲထိတွေ့နေတဲ့ အဝတ်အစားတွေကြောင့်လည်း မိန်းမကိုယ် ယားယံတာ ဖြစ်နိုင်ပါတယ်။

    ဖြစ်နိုင်ခြေ အကြောင်းရင်းတွေ အများကြီးရှိပြီး ကုသပုံနည်းလမ်းတွေလည်း မတူညီကြပါဘူး။ ဘယ်လိုပဲဖြစ်နေပါစေ၊ ကိုယ်ချစ်ရတဲ့သူက ဒီလို ဝေဒနာခံစားနေရချိန်မှာ အိမ်ထောင်ရှင်ကောင်း၊ ချစ်သူကောင်းတစ်ယောက်ဖြစ်စေဖို့ အမျိုးသားတွေအနေနဲ့ တစ်ဖက်တစ်လမ်းကနေ အားပေးကူညီလို့ ရတဲ့ နည်းလမ်းတွေ ရှိပါတယ်။

    ၁။ ပြင်းလွန်းတဲ့ ဆပ်ပြာတွေ၊ အဝတ်လျှော်ဆပ်ပြာမှာ ပါဝင်တဲ့ ဓါတုဗေဒပစ္စည်းတွေကြောင့် မိန်းမကိုယ်အရေပြားနဲ့ ဓါတ်မတည့်ဖြစ်ပြီး ယားယံတဲ့ဝေဒနာ ပိုဆိုးလာနိုင်ပါတယ်။ ဒါကြောင့် ဒီလိုဆပ်ပြာတွေကို အသုံးပြုတာ ခဏလောက်ဖြစ်ဖြစ် ရပ်ထားသင့်ပါတယ်။

    ၃။ မိန်းမကိုယ် ပိုးဝင်မှုကြောင့် ယားယံတာတွေကို သက်သာစေဖို့ တစ်နေ့ကို အနည်းဆုံး တစ်ကြိမ်လောက် ရေသေချာ ချိုးပေးဖို့ အရေးကြီးပါတယ်။ အထူးသဖြင့် အားကစားလုပ်ပြီးချိန်၊ အပြင်က ပြန်လာတဲ့အခါ ချွေးတွေ အရမ်းထွက်နေရင် ဘက်တီးရီးယားတွေ ပိုမိုခိုအောင်းပြီး ဝေဒနာကို ပိုဆိုးစေနိုင်တာကြောင့်ရေပုံမှန်ချိုးခိုင်းဖို့ သတိပေးလိုက်ပါနော်။ ဒါ့အပြင် အပြင်က ပြန်လာတာနဲ့ ရေ၊ ချွေးစိုနေတဲ့ အဝတ်အစား၊ အတွင်းခံတွေကို အမြန်ချွတ်ပစ်ဖို့လည်း မမေ့သင့်ပါဘူး။

    ၄။ ယားယံနေတဲ့ မိန်းမကိုယ်တစ်ဝိုက်ကို ခြောက်သွေ့ပြီး သန့်ရှင်းအောင် ထားဖို့ အရမ်းအရေးကြီးပါတယ်။ မိန်းမကိုယ်ဖျန်းဆေး၊ အမွှေးရနံ့ပြင်းလွန်းတဲ့ ကိုယ်တိုက်ဆပ်ပြာတွေမှာ ပါဝင်တဲ့ အက်ဆစ်ဓါတ်တွေက မိန်းမကိုယ်အရေပြားမှာ ရှိသင့်တဲ့ pH ပမာဏထက် များလွန်းနေတဲ့အတွက် pH မျှခြေ မညီတော့တာ၊ မိန်းမကိုယ်ရောင်ရမ်းတာ၊ ယားယံပြီး နေရထိုင်ရခက်တာတွေ ဖြစ်စေနိုင်ပါတယ်။

    ၅။ မိန်းမကိုယ်ကို သန့်ရှင်းရေးလုပ်တဲ့အခါမှာ ဆပ်ပြာတွေအစားသန့်စင်ဆေးရည်ေတွကိုသာ အဓိကထားပြီး သုံးသင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အမျိုးသမီးသုံး သန့်စင်ဆေးရည်တွေက pH ပမာဏကို ထိန်းပေးထားနိုင်တယ်။ ခြောက်သွေ့ယားယံတာတွေ၊ အနံ့ဆိုးထွက်တာတွေကို ဖြေရှင်းပေးနိုင်ပါတယ်။

    ၆။ သေချာကုသမှုခံယူရင် အချိန်အနည်းငယ်အတွင်းမှာ ပျောက်ကင်းသက်သာစေနိုင်ပါတယ်။ အဲ့ဒါကြောင့် မကြာခဏ ယားယံတာ၊ အနံ့ဆိုးထွက်နေတာ၊ ဘယ်လိုသန့်ရှင်းရေးလုပ်လုပ် အနံ့မပျောက်သွားဘူးဆိုရင် ဆရာဝန်နဲ့ ပြသကြည့်ဖို့ အကြံပေးသင့်ပါတယ်။ ဆရာဝန်ပေးတဲ့ သောက်ဆေး၊ ဆေးအညွှန်းအတိုင်း မှန်မှန်မှီဝဲပြီး ရက်ချိန်းမှန်မှန် ပြသပေးပါ။

    ၇။ မိန်းမကိုယ် ပိုးဝင်နေချိန်မှာ လိင်ဆက်ဆံတာကို ခေတ္တခဏလောက် ရပ်ထားပါ။ ဒါမှမဟုတ်ရင်လည်းကွန်ဒုံးကို အသုံးပြုပြီး လိင်ဆက်ဆံမှု ပြုပေးပါ။ ချောဆီအတွက် ရေဓါတ်အခြေပြုချောဆီမျိုးကို သုံးစွဲပေးပါ။ လိင်ဆက်ဆံပြီးတိုင်းလည်း အမျိုးသမီးရော၊ အမျိုးသားပါ ရေပြန်ချိုးပြီး သန့်စင်ပေးဖို့ လိုပါတယ်။

    ၈။ သဘာဝအတိုင်း အချိုဓါတ်၊ သကြားမပါဝင်ဘဲ၊ တခြား အချိုအရသာ ဖြည့်စွက်မထားတဲ့ဒိန်ချဉ်ေတွကို ကျွေးပေးပါ။ ဒိန်ချဉ်မှာ Probiotics လို့ခေါ်တဲ့ ကိုယ်ခန္ဓါအကျိုးပြု ဘက်တီးရီးယားပိုးတွေ ပါဝင်လို့ မိန်းမကိုယ်မှာ ရှိနေတဲ့ မကောင်းတဲ့ ဘက်တီးရီးယားတွေကို တိုက်ထုတ်ပေးနိုင်ပြီး ရောဂါတွေ လျင်မြန်စွာ ပျောက်ကင်းသက်သာစေနိုင်ပါတယ်။ ဒိန်ချဉ်မကျွေးခင်မှာ အမျိုးသမီးနဲ့ ဓါတ်တည့်၊ မတည့် ဆိုတာနဲ့ ဆရာဝန်ကို သေချာမေးပြီးမှ အဆင်ပြေတယ်ဆိုမှ ကျွေးရင် ပိုကောင်းပါတယ်။

    Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Ye Myo Myat မှ ရေးသားသည်။ · 25/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement