သင့်စိုးရိမ်မှုတွေက ဘာတွေလဲ။

close
မတိကျ
နားလည်ရခက်
အခြား

သို့မဟုတ် လင့်ခ်ကူးယူမည်

မွေးကင်းစကလေးလေးရဲ့ မိန်းမကိုယ်ကနေ သွေးဆင်းတာ ဘာကြောင့်ဖြစ်ရတာလဲ။ ပုံမှန်ဖြစ်တတ်လား။

မွေးကင်းစကလေးလေးရဲ့ မိန်းမကိုယ်ကနေ သွေးဆင်းတာ ဘာကြောင့်ဖြစ်ရတာလဲ။ ပုံမှန်ဖြစ်တတ်လား။

မွေးကင်းစကလေးတစ်ယောက်ရဲ့ သေးခံလဲပေးနေတဲ့အချိန် မိန်းမကိုယ်ကနေ သွေးဆင်းတာမျိုး မြင်လိုက်ရတဲ့အခါအထိတ်တလန့်ဖြစ်သွားတတ်ကြတာ မိခင်တိုင်းပါ။ မိန်းမကိုယ်ကနေ သွေးဆင်းတယ်ဆိုတာ အသက် ၁၃ နှစ် အပျိုဖော်ဝင်စ အချိန်မှပဲဖြစ်တတ်တာမျိုးဆိုတော့ နို့စို့အရွယ်ကိုယ့်ကလေးရဲ့ မိန်းမကိုယ်ကနေ သွေးဆင်းတာဟာ ပုံမှန်ဟုတ်ရဲ့လား။ ဘာရောဂါများဖြစ်လို့လဲ ။ ဘာကြောင့်ဖြစ်ရတာလဲ ။ ။

မွေးကင်းစကလေးရဲ့ မိန်းမကိုယ်ကနေ သွေးဆင်းတယ်ဆိုတာ ပုံမှန်ဟုတ်ရဲ့လား ။ ။

မွေးကင်းစကလေးရဲ့ မိန်းမကိုယ်ကနေ သွေးဆင်းတာကို မြင်လိုက်ရရင် အရမ်းကြီး ထိတ်လန့်မသွားပါနဲ့။ ဒါက ပုံမှန်ဖြစ်တတ်တဲ့ အရာတစ်ခုပါ။ မွေးပြီးခါစ ၂ ရက် ၃ ရက်လောက်မှာ ကလေးတွေရဲ့ မိန်းမကိုယ်ကနေ သွေးဆင်းလေ့ရှိပါတယ် ။ ဘာကြောင့်လဲဆိုတော့ မိခင် သားအိမ်အတွင်းမှာနေခဲ့စဉ်က ကလေးရဲ့ မျိုးပွားအဂါၤအပေါ်သက်ရောက်တဲ့ဟော်မုန်းတွေရဲ့ အရှိန် ကလေးဆီပါလာတာကြောင့် မိန်းမကိုယ်ကနေ သွေးဆင်းတာဖြစ်နိုင်ပါတယ်။

ဘယ်နှစ်ရက်လောက်ကြာတတ်လဲ ။ ။

ဒီလိုသွေးဆင်းတာမျိုးဟာ ၂ ရက် ၃ ရက်လောက်ကြာတတ်ပါတယ်။ ဟော်မုန်းတွေ ပုံမှန် ပမာဏ ပြန်ရောက်သွားပြီဆိုတာနဲ့ သွေးဆင်းတာ ရပ်သွားပါလိမ့်မယ် ။ ပြီးတော့ ဒီလိုသွေးဆင်းတာမျိုးဟာ အပျိုဖော်ဝင်ချိန် မရောက်ခင်နှစ်တွေအတွင်းမှာ တစ်ကြိမ်ပဲ ဖြစ်သင့်ပါတယ်။

မွေးကင်းစကလေးတွေမှာ မိန်းမကိုယ်ကနေ သွေးဆင်းခြင်းကိုဖြစ်စေတဲ့ အကြောင်းအရင်းတွေက ဘာများလဲ ။

  • သေးခံလောင်ပြီး မိန်းမကိုယ်ထိခိုက်သွားတဲ့အခါမျိုးမှာ
  • မိန်းမကိုယ်ထဲ အပြင်ကပစ္စည်းတစ်ခုခု ဝင်သွားတဲ့အခါ
  • မွေးရာပါ adrenal ဂလင်း ပုံမှန် မဟုတ်တဲ့အခါ
  • သေးခံကိုလဲပြီး သေချာသန့်ရှင်းရေးမလုပ်တဲ့အခါ မိန်းမကိုယ်ထဲပိုးဝင်ြပီး မိန်းမကိုယ်ကနေ သွေးဆင်းခြင်းများဖြစ်နိုင်ပါတယ်။

ဒီလိုအချိန်မျိုးမှာ မိခင်တွေဘက်က ဘယ်လိုလုပ်ပေးရမလဲ ။ ။

သွေးဆင်းလို့ ပေကျံနေတဲ့ နေရာကို ရေကြက်သီးနွေးလေးနဲ့ သန့်ရှင်းရေးလုပ်ပေးဖို့က အဓိက ပါပဲ။ ဝမ်းသွားပြီးလို့ သန့်စင်ပေးတဲ့အခါမှာလည်း ဝမ်းကို ရှေ့ကနေ နောက်ကို ဆွဲယူတဲ့နည်းနဲ့ သန့်စင်ပေးဖို့လိုအပ်ပါတယ်။ ဒါမှ မိန်းမကိုယ်ထဲပိုးဝင်တာမျိုး မဖြစ်တော့မှာပါ။ ။

ဘယ်လို အချိန်မျိုးမှာ စိတ်ပူစရာလိုမလဲ ။ ။

မွေးကင်းစ ကလေးတွေမှာ သွေးဆင်းတာ ပုံမှန်ဖြစ်တတ်တဲ့ အရာတစ်ခုဆိုပေမယ့်လည်း ဆရာဝန်ဆီကိုသွားပြီး ဆွေးနွေးဖို့တော့ ပေါ့ဆမနေသင့်ပါဘူး။ စိုးရိမ်သင့်တဲ့အချိန်တွေကတော့

  • သွေးဆင်းတာ တစ်ပတ်တောင်ရှိနေပြီ ဆက်ဆင်းနေတုန်း
  • ဆင်းတဲ့သွေးတွေကလည်း အရမ်းများပြီး
  • အပုပ်နံ့လိုမျိုး နံနေမယ်
  • ကလေးကလည်း အပြင်းဖျားနေမယ် ဆိုရင်တော့ ဆရာဝန်ဆီကို ချက်ချင်းသွားသင့်ပါတယ်။

Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

စာရေးသူ ဓာတ်ပုံbadge
Dr. Thin Yadanar @ Frances မှ ရေးသားသည်။ 11/02/2022 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Dr. Thurein Hlaing Win မှ အချက်အလက် စစ်ဆေးထားပါသည်။