backup og meta

ကျန်းမာစေဖို့ နေ့တိုင်းစားသင့်တဲ့ အစားအစာများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 17/08/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကျန်းမာစေဖို့ နေ့တိုင်းစားသင့်တဲ့ အစားအစာများ

    အစားဆိုတာ စားတိုင်း အာဟာရ ဖြစ်တာမဟုတ်သလို ကျန်းမာရေးနဲ့ ညီညွတ်တာလည်း မဟုတ်ပါဘူး။ ဒီတစ်ခေါက်တော့ ကျန်းမာနေစေဖို့ နေ့တိုင်း စားသောက်မှုပုံစံမှာ ထည့်သွင်းသင့်တဲ့ ကျန်းမာစေဖို့ နေ့တိုင်းစားသင့်တဲ့ အစားအစာများ ကို မိတ်ဆက်ပေးပါမယ်။

    ကျန်းမာစေဖို့ နေ့တိုင်းစားသင့်တဲ့ အစားအစာများ က ဘာတွေများလဲ……………

    စားလိုက်တဲ့အစာတိုင်းက ကျန်းမာရေးကို အထောက်အကူ ပြုစေဖို့ဆိုရင် အစားအသောက်ကို သေချာဂရုစိုက်ဖို့ လိုပါမယ်။ ဒီတော့ နေ့ရက်တိုင်းမှာ ကျန်းမာစေဖို့ နေ့တိုင်းစားသင့်တဲ့ အစားအစာများ ကတော့

    ဘယ်ရီသီးမှာ အစာခြေစနစ်အတွက် အရေးပါတဲ့ အမျှင်ဓာတ်၊ ကင်ဆာကို တိုက်ဖျက်ပေးနိုင်ပြီး မှတ်ဉာဏ် ကောင်းစေတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်း၊ ကိုယ်ခံအားကောင်းစေတဲ့ ဗီတာမင် C တို့ ပါဝင်နေပါတယ်။

    တစ်နေ့ကို ဘယ်ရီသီး တစ်ခွက်လောက် ဖျော်သောက်တာ၊ ပန်းကန်လုံး တစ်လုံးစာလောက် စားပေးတာမျိုး လုပ်ပေးပါ။

    ဥအမျိုးမျိုးက ပရိုတင်း​ ကြွယ်ဝတဲ့ စားစရာမျိုးပါ။ ကြက်ဥ တစ်လုံးမှာ ပရိုတင်း ၆ ဂရမ်လောက်ထိ ပါဝင်နေပါတယ်။ ကြက်ဥအနှစ်မှာ အမြင်အာရုံကို ကျန်းမာစေနိုင်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ဖြစ်ကြတဲ့ lutein နဲ့ zeaxanthin တို့ ပါဝင်နေပါတယ်။ အသက်အရွယ်ကြောင့် အမြင်အာရုံ ထိခိုက်တာမျိုး မဖြစ်အောင် ကာကွယ်ပေးပါတယ်။ lutein က အရေပြားကို ခရမ်းလွန်ရောင်ခြည်ကြောင့် ထိခိုက်မှု မဖြစ်အောင် ကာကွယ်ပေးပါတယ်။

  • ပန်းဂေါ်ဖီစိမ်း
  • အစိမ်းရောင်ရှိတဲ့ ပန်းဂေါ်ဖီစိမ်းမှာ ကျန်းမာစေဖို့ အရေးပါတဲ့ ဗီတာမင် A၊ ဗီတာမင် C၊ ဗီတာမင် K၊ ဖောလိတ် တို့ပါဝင်ပါတယ်။ ကိုယ်တွင်းက အဆိပ် အတောက်တွေ ဖယ်ရှားပေးပြီး ကင်ဆာ မဖြစ်အောင် ကာကွယ်ပေးပါတယ်။

  • ဟင်းနုနွယ်
  • အစိမ်းရင့်ရောင်ရှိတဲ့ ဟင်းနုနွယ်မှာ ဗီတာမင် A၊ ဗီတာမင် C၊ ဗီတာမင် K၊ ဗီတာမင် E၊ အမျှင်ဓာတ်၊ သံဓာတ်၊ ကယ်လ်ဆီယမ်၊ ပိုတက်ဆီယမ်၊ မဂ္ဂနီဆီယမ်တို့ ပါဝင်နေတာကြောင့် ကိုယ်ခံအားကို ကောင်းစေနိုင်ပါတယ်။ ဦးနှောက် ကျန်းမာစေပြီး ကင်ဆာ ကာကွယ်ပေးနိုင်ပါတယ်။

    လိမ္မော်သီးမှာ ကိုယ်ခံအားကို အားဖြည့်ပေးနိုင်ပြီး သွေးဖြူဥဆဲလ်တွေကို ဖြစ်ပေါ်စေတဲ့ ဗီတာမင် C ကြွယ်ဝစွာ ပါဝင်နေသလို ရောဂါပိုးတွေကို တိုက်ထုတ်ပေးနိုင်တဲ့ antibody တွေ ပါဝင်နေပါတယ်။ အသားအရေကို အားဖြည့်ပေးနိုင်တဲ့ ကော်လာဂျင် ပါဝင်နေပါတယ်။ အမျှင်ဓာတ်နဲ့ ဖောလိတ်လည်း ကြွယ်ဝစွာ ပါဝင်နေပါသေးတယ်။

    ဒိန်ချဉ်မှာ အစာခြေစနစ်ကို ကျန်းမာစေတဲ့ အကျိုးပြုဘက်တီးရီးယား (probiotics) ပါဝင်နေသလို အရိုးနဲ့သွားတွေ သန်မာစေတဲ့ ကယ်လ်ဆီယမ်လည်း ပါဝင်ပါတယ်။ ဒါတွေအပြင် ဒိန်ချဉ်မှာ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ပိုတက်ဆီယမ်၊ ဇင့်၊ ပရိုတင်း၊ ဗီတာမင် B12၊ phosphorus၊ riboflavin တို့ ပါဝင်နေပါတယ်။

    နေ့ရက်တိုင်းမှာ အခု ပြောပြခဲ့တဲ့ အစားအစားလေးတွေကို ၂ မျိုးကနေ ၃ မျိုးလောက်ပါအောင် စားသုံးမယ်ဆိုရင် အာဟာရ ပြည့်ဝပြီး ကျန်းမာနေမှာ အသေအချာပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Aye Thi Mon မှ ရေးသားသည်။ · 17/08/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement