backup og meta

8

မျှဝေပါ။

သို့မဟုတ် လင့်ခ်ကူးယူမည်

သုက်ပိုးတွေ ခန္ဓာကိုယ်ပြင်ပမှာ ဘယ်လောက်ကြာ အသက်ရှင်နိုင်လဲ

သုက်ပိုးတွေ ခန္ဓာကိုယ်ပြင်ပမှာ ဘယ်လောက်ကြာ အသက်ရှင်နိုင်လဲ

အမျိုးသားရဲ့ လိင်အင်္ဂါက လိင်စိတ်ဆန္ဒပြီးမြောက်ပြီးနောက် သုက်လွှတ်ပါတယ်။ သုက်ပိုးတွေ ခန္ဓာကိုယ်ပြင်ပမှာ နေရာဒေသနဲ့ အခြေအနေပေါ် မူတည်ပြီး ပြင်ပက လေနဲ့ ထိတွေ့မိတဲ့အခါ အနှေးနဲ့ အမြန် သေဆုံးပါတယ်။ လေထုဟာ သုက်ပိုးတွေကို ခြောက်သွေ့စေတဲ့ အကြောင်းရင်းကြောင့် အဓိက သေဆုံးရခြင်း ဖြစ်ပါတယ်။

သုက်ပိုးတွေ ခန္ဓာကိုယ်ပြင်ပမှာ ဘယ်လောက်ကြာ အသက်ရှင်နိုင်လဲ

တစ်ကိုယ်ရေ အာသာဖြေပြီးနောက် အဝတ်အစား သို့မဟုတ် အရာဝတ္ထု တစ်ခုခုပေါ် သုက်လွှတ်လိုက်တဲ့အခါ သုက်ရည်ခြောက်သွားတာနဲ့ သုက်ပိုးတွေသေသွားနိုင်ပါတယ်။

အမျိုးသမီးရဲ့ ယောနိ အင်္ဂါထဲ သုက်လွှတ်ပြီးနောက် သုက်ပိုးတွေဟာ သားအိမ်အတွင်းမှာ ၃-၅ရက်ထိ ကြာအောင် အသက်ရှင်နိုင်ပါတယ်။ ဒါကြောင့် ရာသီလာနေစဉ် အကာအကွယ်မဲ့ လိင်ဆက်ဆံတဲ့အခါ ကိုယ်ဝန်ရနိုင်ခြေ ရှိတယ်လို့ ဆရာဝန်တွေက ပြောကြတာ ဖြစ်ပါတယ်။ အထူးသဖြင့် ရာသီစက်ဝန်းတိုတဲ့သူတွေမှာ ရာသီလာပြီးတဲ့နောက် မျိုးဥကြွေတဲ့အခါ မသေသေးတဲ့ သုက်ပိုးကောင်လေးတွေ ရှိရင် ကိုယ်ဝန်ရတတ်ပါတယ်။

မိန်းမကိုယ်အနီး သုက်ရည်ရှိတဲ့အခါ ကိုယ်ဝန်ရတတ်လား။

ဖြစ်နိုင်ခြေ နည်းပေးမယ့် ရနိုင်ပါတယ်။ ပြင်ပလေထုကြောင့် သုက်ပိုးဟာ ခြောက်သွေ့ပြီး မသေခင်အထိ အချိန်တစ်ခု ကြာအောင် အသက်ရှင်နိုင်ပါတယ်။ အကာအကွယ်မဲ့ လိင်ဆက်ဆံတာဖြစ်စေ၊ လိင်ဆက်ဆံပြီးနောက် သုက်ရည်ကို မိန်းမကိုယ် အပြင်ဘက်မှာ စွန့်ထုတ်ခဲ့တာဖြစ်စေ၊ စအိုဝဖြင့် လိင်ဆက်ဆံပြီး သုက်လွှတ်တာဖြစ်စေ၊ သုက်ပိုးဟာ ရှင်နေသေးသရွေ့ သားအိမ်အတွင်းသို့ ရောက်ရှိပြီး မျိုးအောင်နိုင်ပါတယ်။ သုက်ပိုးတွေဟာ အေးပြီး စိုစွတ်တဲ့ နေရာတွေကို ပိုပြီး ကြိုက်တာကြောင့် မိန်းမကိုယ်တစ်ဝိုက်မှာ စိုစွတ်နေမယ်ဆိုရင် အချိန်ကြာကြာ အသက်ရှင်နိုင်ပါတယ်။

ရေပူစိမ်နေရင်း သုက်လွှတ်မိတဲ့အခါ ကိုယ်ဝန်ရနိုင်လား။

တချို့နိုင်ငံတွေမှာ ရေပူစမ်း စိမ်နေရင်းဖြစ်စေ၊ ရေချိုးကန်ထဲမှာ ရေပူနဲ့ စိမ်နေတဲ့အခါ ကိုယ့်ရဲ့ ချစ်သူ သို့မဟုတ် သူစိမ်းယောက်ျားလေးတစ်ယောက် သုက်လွှတ်မိရင် ကိုယ်ဝန်မရနိုင်ပါဘူး။ ပူလွန်းတဲ့ ရေအပူချိန်အပြင် ရေထဲမှာ ရှိနေတဲ့ ဆပ်ပြာ၊ ကလိုရင်းအစရှိတဲ့ ဓာတုဗေဒပစ္စည်းတွေဟာ သုက်ပိုးတွေကို စက္ကန့်ပိုင်းအတွင်း သေသွားစေနိုင်ပါတယ်။

ရေပူမဟုတ်ဘဲ ရေကျက်နွေးဆိုရင်တောင် မိနစ်အနည်းငယ်ထိသာ အသက်ရှင်နိုင်ပါတယ်။ သုက်ပိုးရဲ့ ကျန်းမာရေးနဲ့ ရွေ့လျားနိုင်စွမ်းပေါ် မူတည်ပြီး မိန်းမကိုယ်အတွင်းသို့ ဝင်နိုင်ခြေ အနည်းနဲ့ အများတော့ ရှိပါတယ်။ ဒါပေမယ့် ရေကန်ထဲမှာ ဓာတုပစ္စည်းတွေ၊ ကလိုရင်းတွေ ရှိနေတဲ့အတွက်  ဒါကလည်း ဖြစ်နိုင်ခြေ တော်တော်နည်းပါတယ်။

Spermicide တွေဟာ သုက်ပိုးတွေကို သေစေနိုင်လား။

Spermicideဆိုတာ ကွန်ဒုံးနဲ့ဖြစ်စေ၊ ကွန်ဒုံးမပါဘဲဖြစ်စေ သန္ဓေတားတဲ့နေရာမှာ အသုံးပြုတဲ့ ပစ္စည်းဖြစ်ပါတယ်။ ခရင်မ်၊ ဂျယ်လ်၊ အမြှုပ်၊ သားအိမ်၊ မိန်းမကိုယ်ထဲ သွင်းတဲ့ ပစ္စည်း၊ ဆေးတောင့်ဆိုပြီး ပုံစံအမျိုးမျိုး ရှိပါတယ်။ သူ့ရဲ့ အဓိကတာဝန်ကတော့ သုက်ပိုးတွေကို သားအိမ်ထဲ မရွေ့သွားစေဖို့ ထိန်းချုပ်ပေးတာ ဖြစ်ပါတယ်။ သုက်ပိုးတွေကို မသေစေနိုင်ပါဘူး။

မှန်ကန်တဲ့ နည်းလမ်းနဲ့ အသုံးပြုမယ်၊ အမျိုးသားကလည်း ကွန်ဒုံးစွပ်ပြီး လိင်ဆက်ဆံမယ်ဆိုရင် ၉၈ ရာခိုင်နှုန်းအထိ ကိုယ်ဝန်ကို တားဆီးပေးနိုင်ပါတယ်။ spermicide ပါဝင်တဲ့ အမျိုးသမီးသုံး ကွန်ဒုံးတွေမှာဆိုရင် ၇၀ မှ ၉၀ ရာခိုင်နှုန်းထိ ကိုယ်ဝန်တားပေးနိုင်ပါတယ်။

သုက်ကောင်ရဲ့ ကျန်းမာရေးကို ဘယ်အရာတွေက ထိခိုက်စေနိုင်လဲ။

၁။ စိတ်ဖိစီးမှု

၂။ လွန်ကဲတဲ့ အပူချိန်

၃။ တချို့သော ဆေးဝါးတွေ

၄။ အစာအာဟာရ မပြည့်ဝမှု

၅။ ဆေးလိပ်၊ အရက် သောက်သုံးခြင်း

၆။ ကျပ်နေတဲ့ ဘောင်းဘီ၊ အတွင်းခံဘောင်းဘီ အမြဲဝတ်ဆင်ခြင်း

၇။ မကြာခဏ ရေပူဖြင့် ရေချိုးခြင်း၊ ရေစိမ်ခြင်းကြောင့် သုက်ကောင်ရဲ့ ကျန်းမာရေး၊ ရွေ့လျားနိုင်စွမ်းနဲ့ မျိုးအောင်ခြင်းကို သွားပြီး ထိခိုက်နိုင်ပါတယ်။

ယေဘုယျအားဖြင့် သုက်ပိုးတွေဟာ စွန့်ထုတ်လိုက်တဲ့ နေရာနဲ့ အခြေအနေပေါ် မူတည်ပြီး အသက်ရှင်နိုင်စွမ်း ကွာခြားနိုင်ပါတယ်။ သုက်ပိုးတွေဟာ အေးမြပြီး စိုစွတ်တဲ့ နေရာမှာ ပိုပြီး ရွေ့လျားနိုင်တယ်။ ပူပြင်းလွန်းတဲ့ အပူချိန်အောက်မှာ အကြာကြီး မနေနိုင်ပါဘူး။ မိန်းမကိုယ်အထဲမှာ သုက်လွှတ်မိရင်တော့ သားဥနဲ့ မျိုးပွားဖို့ မိနစ်အနည်းငယ်သာ ကြာမြင့်မှာ ဖြစ်ပါတယ်။ သုက်ပိုးကျန်းမာပြီး မျိုးအောင်ဖို့အတွက်ဆိုရင်တော့ ကိုယ့်ရဲ့ နေပုံထိုင်ပုံနဲ့ အစာအာဟာရကို သေချာဂရုစိုက်ဖို့တော့ လိုအပ်ပါလိမ့်မယ်။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

How Long Can Sperms Survive After Ejaculation –https://www.healthline.com/health/how-long-can-sperm-live-outside-the-body (Feb 14, 2019)

Sperm And Semen FAQ –https://www.webmd.com/infertility-and-reproduction/guide/sperm-and-semen-faq#1 (Feb 14, 2019)

ယခုပုံစံ

28/06/2022

Ye Myo Myat မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။

avatar

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Ye Myo Myat မှ ရေးသားသည်။ · 28/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement