ချစ်ရသူ တစ်ယောက်ကို အပြီးတိုင် လက်လွှတ်ဆုံးရှုံးလိုက်ရတဲ့အခါ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 25, 2020 . 2 mins read
Share now

ကိုယ်ချစ်ရခင်ရသူ တစ်ယောက်ကို အပြီးတိုင် လက်လွှတ်ဆုံးရှုံးလိုက်ရခြင်းဆိုတာဟာ ဘဝရဲ့ အခက်ခဲဆုံး အချိန်တွေထဲက တစ်ခုပါပဲ။ ဒီလို လက်လွှတ်လိုက်ရပြီဆိုရင် ယေဘုယျအားဖြင့် ကျွန်တော်တို့ ရင်ဆိုင်ရတဲ့ အဆင့် (၅) ဆင့် ရှိပါတယ်။

အဆင့် (၁)။        ။ ငြင်းဆန်ခြင်း

တစ်နည်းအားဖြင့် ချက်ချင်း လက်မခံနိုင်လိုက်တာပါ။ ကိုယ်ချစ်ရတဲ့သူတစ်ယောက်က လောကကြီးထဲမှာ မရှိတော့ဘူးဆိုတာကို ချက်ချင်း ဘယ်လက်ခံနိုင်ပါ့မလဲ။ ဒါဟာ သဘာဝပါပဲ။ ကိုယ့်ကိုယ်ကိုယ် လှည့်စားနေစဉ်ကာလပေါ့။

အဆင့် (၂)။         ။ ဒေါသ

အမှန်တရားကို တစ်ဖက်က သိပါလျက်နဲ့ ငြင်းဆန်နေရာက ဘယ်လိုမှ ငြင်းပယ်မရတဲ့ အခြေအနေကို ရောက်လာတဲ့အခါမှာ အလိုလို ဒေါသတွေ ထွက်လာပါတယ်။ ဘာလို့ သူမှတဲ့လဲ။ သူ့အစား ကိုယ့်ကိုပဲ ခေါ်သွားပါတော့လား စသဖြင့် အတွေးတွေနဲ့ ကိုယ့်ကိုယ်ကိုယ် လှောင်ပိတ်ထားရင်း ဒေါသတကြီး ဖြစ်လာပါတယ်။

အဆင့် (၃)။        ။ အကယ်၍များ

တကယ်လို့များ စောစောသာ ကြိုသိခဲ့မယ်ဆိုရင်…. တကယ်လို့များ တခြား ဆေးရုံကို ခေါ်သွားလိုက်နိုင်မယ်ဆိုရင်…. တကယ်လို့များ သူ့အပေါ် ပိုကောင်းပေးခဲ့မယ်ဆိုရင်… တကယ်လို့များ….

ဖြစ်နိုင်ရင်တော့ ယမမင်းနဲ့ သွားပြီး အပေးအယူ လုပ်လို့ ရှောင်လွှဲမရတဲ့ အရာတွေကို ပြန်တောင်းဆိုချင်မိတာ လူတိုင်းပါ။ ဒီလို တောင်းဆိုမှုတွေနဲ့အတူ ကိုယ့်ကိုယ်ကို အပြစ်ရှိတယ်ဆိုတဲ့ ခံစားချက်တွေကလည်း ကပ်ပါလာတတ်ပါတယ်။

အဆင့် (၄)။        ။ စိတ်ဓာတ်ကျခြင်း

ပူဆွေးဝမ်းနည်းခြင်းနဲ့ တွဲဖက်ပါလာတာက စိတ်ဓာတ်ကျခြင်းပါ။ ဒီအခြေအနေမှာ စိတ်ဓာတ်ကျခြင်းက (၂) မျိုး ရှိနိုင်ပါတယ်။ တစ်ခုက စိုးရိမ်ပူပန်မှုတွေနဲ့ ယှဉ်တဲ့ စိတ်ဓာတ်ကျခြင်းပါ။ ဆိုလိုတာက သူမရှိတော့တဲ့ နောက်ပိုင်း ဖြစ်လာမယ့် အရာတွေကို စိုးရိမ်ပူပန်နေရင်း ကိုယ်မလုပ်နိုင်မယ့် အရာတွေအတွက် စိတ်ဆင်းရဲရခြင်းတစ်မျိုးပါပဲ။ နောက်တစ်မျိုးကတော့ ကိုယ်ချစ်ရတဲ့သူတွေကို နှုတ်ဆက်ဖို့ တိတ်ဆိတ်ငြိမ်သက်တဲ့ အချိန် နဲ့ နေရာလေးတစ်ခု လိုအပ်ခြင်းပါပဲ။ တစ်ခါတလေ အလိုအပ်ဆုံးအရာက ရိုးရှင်းတဲ့ ပွေ့ဖက်မှုလေး တစ်ခု ဖြစ်နေတာမျိုးပေါ့။

အဆင့် (၅)။        ။ လက်ခံခြင်း

ဒီအဆင့်ကို ရောက်လာပြီဆိုရင်တော့ ဖြစ်ခဲ့သမျှ အရာအားလုံးကို လက်ခံဖို့ အဆင်သင့်ဖြစ်နေပါပြီ။ ဒီနေရာမှာ ချထားခဲ့ပြီး ရှေ့ဆက်လျှောက်ဖို့ အသင့်ပြင်နိုင်တဲ့ အချိန်ပေါ့။

အစားထိုးမရတဲ့ လူတစ်ယောက်ကို ဆုံးရှုံးလိုက်ရတဲ့အခါ ကျွန်တော်တို့ ရင်ဆိုင်ရမှာတွေက အတိုင်းအဆ မရှိတဲ့ နာကျင်မှုတွေပါပဲ။ အချိန်လွန်သွားပြီးမှ သူနဲ့ အတူတူ မနေပေးခဲ့ရလေခြင်း၊ သူ့ကို အဖော်မလုပ်ပေးခဲ့လိုက်ရလေခြင်း ဆိုတဲ့ နောင်တတွေနဲ့ ကျန်မနေအောင် ကျွန်တော်တို့ဟာ ကိုယ်ချစ်ရသူတွေကို ချစ်ကြောင်း ထုတ်ပြတတ်ဖို့ လေ့ကျင့်သင့်နေပါပြီ။

တကယ်တော့ သေခြင်းတရား နဲ့ ခွဲခွာရခြင်းဟာ ဘယ်အချိန် ဖြစ်ပါလိမ့်မယ်လို့လည်း တံဆိပ် ကပ်မထားဘူးမဟုတ်လား။ နွေးထွေးတဲ့ ချစ်ခြင်းတရားတွေကို အကောင်းဆုံးထုတ်ဖော်ပြသရင်း အချိန်ရှိတုန်းလေးမှာ ပျော်ရွှင်ကြင်နာဖို့ မမေ့ပါနဲ့။

Wathun Myet Chal

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ငိုကြွေးခြင်းရဲ့ ကောင်းကျိုးများ

“ယောက်ျားလေး ဖြစ်ပြီး မငိုရဘူး” “ငိုရင် ကိုယ်အရှုံးပဲ။ မငိုနဲ့” “ငိုတယ်ဆိုတာ ...

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Thiha Phyo Myint

သီချင်းနားထောင်ခြင်းရဲ့ အကျိုးကျေးဇူး (၅) ချက်

သီချင်းနားထောင်ခြင်းက စိတ်ကို ချမ်းမြေ့စေတယ်၊ အာရုံစူးစိုက်မှု ပိုကောင်းစေတယ်။ သီချင်းနားထောင်ခြင်းနဲ့ ပတ်သက်ပြီး သိပ္ပံနည်းကျ စမ်းသပ်ထားတဲ့ အချက်တွေ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Thiha Phyo Myint

ဘာကြောင့် အရမ်း ပင်ပန်းနွမ်းနယ်နေရသလဲ

ပင်ပန်းနွမ်းနယ်နေရတဲ့ အကြောင်းအရင်းဟာ မျိုးစုံရှိနိုင်ပါတယ်။ အိပ်စက်သင့်သလောက် မအိပ်ရရင် ပင်ပန်းနွမ်းနယ်နိုင်ပါတယ်။ ပင်ပန်းနွမ်းနယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr.Thant Zin

စိုးရိမ်ပူပန်ခြင်းနောက်ကွယ်က ကပ်ပါလာတဲ့ ဒေါသသံစဉ်

စိုးရိမ်ပူပန်ခြင်း ဒေါသ စိတ်ခံစားချက် ပျော်ရွှင်ခြင်း ဝမ်းနည်းခြင်း စိတ်ဖိစီးမှု ဟော်မုန်း ဦးနှောက်အာရုံကြော စိတ်အာရုံ နှလုံး ခေါင်းကိုက်ခြင်း ကြွက်သား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat

သင့်အတွက် ရွေးချယ်ထားသည်

အိပ်ကောင်းကောင်းနဲ့ အကြာကြီးအိပ်နေမိတဲ့အခါ

အိပ်ကောင်းကောင်းနဲ့ အကြာကြီးအိပ်နေမိတဲ့အခါ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 20, 2020 . 2 mins read
စိတ်ဖိစီးမှု ဆိုးဆိုးရွားရွား လွန်ကဲနေတဲ့ လက္ခဏာ ၁၀ ရပ်

စိတ်ဖိစီးမှု ဆိုးဆိုးရွားရွား လွန်ကဲနေတဲ့ လက္ခဏာ ၁၀ ရပ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 3, 2020 . 2 mins read
လိင်ဆက်ဆံပြီးချိန်မှာ ငိုကြွေးတာ ဘာကြောင့်လဲ

လိင်ဆက်ဆံပြီးချိန်မှာ ငိုကြွေးတာ ဘာကြောင့်လဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 29, 2020 . 2 mins read
ကာလကြာရှည် စိတ်ဖိစီးခြင်းဟာ သင့်ကိုယ်ခန္ဓာအပေါ် ဘယ်လိုသက်ရောက်သလဲ

ကာလကြာရှည် စိတ်ဖိစီးခြင်းဟာ သင့်ကိုယ်ခန္ဓာအပေါ် ဘယ်လိုသက်ရောက်သလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr.Thant Zin
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 15, 2020 . 2 mins read