ကိုယ့်ကိုယ်ကို သတ်သေချင်သူတွေ ဆိုရှယ်မီဒီယာမှာ ဘာတွေ တင်တတ်သလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date စက်တင်ဘာ 10, 2020 . 2 mins read
Share now

စိတ်ဖိစီးမှုတွေ၊ လူမှုဘဝအခက်အခဲတွေ၊ လူမှုရေးပြဿနာတွေနဲ့ မိသားစုအဆင်မပြေမှုတွေကြောင့် ဒီကနေ့ခေတ်မှာ ကိုယ့်ကိုယ်ကို သတ်သေမှုတွေ ပိုမိုများပြားလာနေပါတယ်။

နည်းပညာတွေ ခေတ်မီဖွံ့ဖြိုးလာတဲ့ ဒီခေတ်မှာ လူတွေဟာ လူမှုကွန်ယက်တွေကို နေ့စဉ်လူနေမှုဘဝရဲ့ အစိတ်အပိုင်းတစ်ခုလို ပိုမိုအသုံးချလာနေကြတာမို့ စိတ်ဓာတ်ကျဆင်းနေပြီး ကိုယ့်ကိုယ်ကို အဆုံးစီရင်ဖို့အထိ ဆုံးဖြတ်ထားတဲ့သူတွေကိုယ်တိုင်တောင်မှ လူမှုကွန်ယက်တွေပေါ်မှာ သဲလွန်စတွေ ချန်ထားရစ်ခဲ့လေ့ရှိတယ်ဆိုတာကို ပိုမို သိနားလည်လာရပြီဖြစ်ပါတယ်။

လက်ရှိမှာ လူမှုကွန်ယက်လောကရဲ့ ဆရာတစ်ဆူဖြစ်တဲ့ Facebook ဟာ သူတို့ရဲ့ လူမှုကွန်ယက်ပလက်ဖောင်းတွေပေါ်က အသုံးပြုသူတွေရဲ့ လုပ်ဆောင်ချက်တွေနဲ့ အမူအကျင့်တွေကို မှတ်ဉာဏ်တုနည်းပညာ (AI) ကို အသုံးပြုပြီး လေ့လာဆန်းစစ်မှုတွေပြုလုပ်ထားပါတယ်။ ၂၀၁၇ ခုနှစ်မှာစတင်ခဲ့တဲ့ အဆိုပါ AI အခြေပြု ဆန်းစစ်လေ့လာမှုတွေအရ ကိုယ့်ကိုယ်ကို သတ်သေချင်နေသူတွေဟာ လူမှုကွန်ယက်ပေါ်မှာ သူတို့ရဲ့ စိတ်ပိုင်းနဲ့ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေကို မကြာခဏ ဖွင့်ဟဖော်ထုတ်လေ့ရှိတယ်လို့ ဆိုပါတယ်။

Facebook ကတော့ သူတို့ရဲ့ လူမှုကွန်ယက်အသုံးပြုသူတွေအကြားက စိတ်ကျဝေဒနာ ခံစားနေရသူတွေရဲ့ လက္ခဏာတွေက ဘယ်လိုလဲဆိုတာကို သိနိုင်ဖို့ AI နည်းပညာအသုံးပြုထားတဲ့ Algorithm တွေဖန်တီးထားပြီးတော့ အဆိုပါ နည်းပညာကနေတဆင့် ဘယ်သူတွေဟာ ကိုယ့်ကိုယ်ကို သတ်သေနိုင်ချေရှိနေတယ်ဆိုတာကို ဆန်းစစ်နေတာဖြစ်ပါတယ်။ လက်ရှိမှာလည်း လူမှုကွန်ယက်အသုံးပြုသူတွေအကြားက ကိုယ့်ကိုယ်ကို သတ်သေဖို့ စိတ်ဆန္ဒရှိနေသူတွေဟာ ဘယ်လို အကြောင်းအရာမျိုးတွေကို ပြောဆိုရေးသားတတ်လဲဆိုတာကိုလည်း အသိပေးထားပါတယ်။ သူတို့ရဲ့ ဖော်ပြချက်တွေအရ

–           သေချင်တယ်၊ ဒါမှမဟုတ် သတ်သေချင်တယ်လို့ ပြောဆိုရေးသားတာ

–           တစ်စုံတစ်ရာ မျှော်လင့်ချက်မရှိတော့ဘူးလို့ ပြောဆိုရေးသားတာ

–           အသက်ရှင်ဖို့ အကြောင်းပြချက်မရှိတော့ဘူးလို့ ပြောဆိုရေးသားတာ

–           တစ်စုံတစ်ယောက် ဒါမှမဟုတ် မိသားစုအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်နေပြီလို့ ပြောဆိုရေးသားတာ

–           အရက်နဲ့ မူးယစ်ဆေးဝါးတွေကို အလွန်အကျွံ သုံးစွဲမိနေတယ်လို့ ပြောဆိုရေးသားတာ

–           မဆင်မခြင်အပြုအမူမျိုးတွေ လုပ်မိမှာကို စိုးရိမ်ပူပန်နေတယ် ဒါမှမဟုတ် လှုံ့ဆော်မှုခံနေရတယ်လို့ ပြောဆိုရေးသားတာ

–           အလွန်အကျွံ အိပ်ဖြစ်တယ် ဒါမှမဟုတ် အိပ်ချိန်နည်းပါးလွန်းနေတယ်လို့ ပြောဆိုရေးသားတာ

–           ဆိုးရွားစွာ အထီးကျန်မှုဝေဒနာ ခံစားနေရကြောင်း ပြောဆိုရေးသားတာ

–           ပတ်ဝန်းကျင်၊ မိသားစုစတာတွေနဲ့ တစ်သီးတစ်ခြား ခွဲခြားခံထားရတယ်လို့ ပြောဆိုရေးသားတာ

–           #depressed ဒါမှမဟုတ် #suicidal ဆိုတဲ့ Hash Tag စာသားမျိုးနဲ့ ပို့စ်တင်တာ

ဒီလို အချက်တွေနဲ့ တိုက်ရိုက်တူညီတဲ့ ဒါမှမဟုတ် နှီးနွယ်စပ်ဆက်တဲ့ အကြောင်းအရာတွေကိုဆက်တိုက် တင်နေပြီဆိုရင် အဆိုပါ ပုဂ္ဂိုလ်တွေဟာ ကိုယ့်ကိုယ်ကို သတ်သေနိုင်ချေမြင့်မားတယ်လို့ ယူဆလို့ရပါတယ်။ ဒါကြောင့် အဲဒီလိုလူမျိုးတွေကို ပိုမိုသတိထားပြီး ဂရုစိုက်ပေးဖို့ လိုအပ်ပါတယ်။

ကျွန်တော်တို့ရဲ့ ပတ်ဝန်းကျင်အသိုင်းအဝိုင်းအတွင်းက လူမှုကွန်ယက်အသုံးပြုသူတွေအကြားမှာ ဘာပို့စ်တွေတင်နေကြလဲဆိုတာကို သတိထားစောင့်ကြည့်ဖို့ မမေ့ကြနဲ့နော်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

COVID-19 ကြောင့် ညိုးနွမ်းသွားနိုင်တဲ့ အမျိုးသားတို့ဘဝ

COVID-19 ရဲ့ ကူးစက်ခံရပြီး ပြန်ကောင်းလာတဲ့ အမျိုးသားတွေမှာ လိင်တံမထောင်မတ်တာကို တွေ့လာရပါတယ်။ ကိုဗစ်ကြောင့်လား တခြားကြောင့်လားဆိုတာ ဆက်လက်လေ့လာရပါမယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

ဘုရားပုံတော်တွေကို ကြည့်တိုင်း စိတ်ထဲမှာ ပြစ်မှားချင်စိတ်ပေါ်နေတာ . . .

မသင့်တော်တဲ့ လိင်ကိစ္စတွေကို လုပ်ချင်နေတဲ့ အတွေးတွေ ပေါ်နေတယ်။ မလုပ်သင့်မှန်းလည်း သိရက်နဲ့ ခဏခဏ တွေးနေမိတယ်ဆိုရင် sexual OCDကို စဉ်းစားသင့်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

ဆောင်းရာသီအတွက် အကောင်းဆုံး စားသောက်နေထိုင်မှုပုံစံ

ဆောင်းတွင်းလို ကာလမျိုးမှာ ပုံမှန်အချိန်ထက် ချမ်းစိမ့်ပြီး ကျန်းမာရေးပြဿနာတွေ ...

ရေးသားသူ Ye Myo Myat

စိုးရိမ်စိတ်ကြောင့် လိင်တံမထောင်မတ်နိုင်ခြင်း

လိင်တံမထောင်မတ်နိုင်တဲ့ ပြဿနာဟာ ယောက်ျားလေး ၁၀ ယောက်မှာ ၇ယောက်လောက် ကြုံတွေ့နေရတဲ့ ...

ရေးသားသူ Ye Myo Myat

သင့်အတွက် ရွေးချယ်ထားသည်

သောကများနေရင် လုပ်ဆောင်ဖို့ ခက်ခဲနေမယ့် သာမာန်အပြုအမူလေးများ

သောကများနေရင် လုပ်ဆောင်ဖို့ ခက်ခဲနေမယ့် သာမာန်အပြုအမူလေးများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 16, 2021 . 2 mins read
စိတ်ဖိစီးမှု ကို လျော့ပါးသက်သာသွားစေမယ့် အစားအစာ ၁၂ မျိုး

စိတ်ဖိစီးမှု(Stress) ကို အမြန်ဆုံးလျော့ပါးသက်သာသွားစေမယ့် အစားအစာ ၁၂ မျိုး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 13, 2021 . 3 mins read
နေရာတကာ Selfie ဆွဲနေတာဟာ စိတ်ဝေဒနာပါ

နေရာတကာ Selfie ဆွဲနေတာဟာ စိတ်ဝေဒနာပါ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် ဒီဇင်ဘာ 24, 2020 . 3 mins read
အသားအရေကို ဂရုစိုက်ပါ။

အသားအရေကို ဂရုစိုက်ပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဒီဇင်ဘာ 14, 2020 . 2 mins read