-
လက်တွေ့ကျတဲ့ ထောက်ပံ့မှုမျိုးပေးပါ။
ဘာကြောင့် စိတ်ဖိစီးတာလဲ။ တကယ်တော့ စိတ်ဖိစီးစေတဲ့အကြောင်းရင်းတွေကို ရှာကြည့်ရင် ယာယီကိစ္စတွေပါပဲ။ အများစုကလည်း ဖြေရှင်းလို့ပါတယ်။ ဒါကြောင့် ကိုယ့်အနေနဲ့ လက်တွေ့ကျကျ ဘာကို ကူညီနိုင်မလဲဆိုတာ ကြိုစဉ်းစားထားသင့်ပါတယ်။ လူအားလား၊ ငွေအားလား၊ စိတ်ပိုင်းဆိုင်ရာ အားပေးမှုလား တတ်နိုင်သလောက် ကူညီပေးလိုက်ပါ။
-
ကျန်းမာရေးလည်း ဂရုစိုက်ပေးလိုက်ပါ။
စိတ်ဖိစီးမှုကြောင့် ရုပ်ပိုင်းဆိုင်ရာထိခိုက်မှုတွေပါ ရှိလာတယ်ဆိုတာ အပေါ်မှာ ဖော်ပြပြီးပါပြီ။ အစားအသောက်တွေ ပျက်တယ်၊ အိပ်ရေးပျက်တယ်၊ ခုခံအားတွေ ကျလာပါတယ်။ ဒါတွေကြောင့် နောက်ပိုင်းမှာ ကျန်းမာရေးထိခိုက်လာမှာ မလွဲမသွေပါပဲ။ ဒါကြောင့် သူတို့ကို အာဟာရပြည့်ဝပြီး ရောဂါခုခံနိုင်စွမ်းရှိအောင် ကူညီပေးရပါမယ်။
အစားအသောက်ပျက်နေတဲ့အတွက် ပုံမှန်စားနိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် လိုအပ်ရင် အားဆေးသောက်ပေးနိုင်ပါတယ်။ အားဆေးက စျေးကွက်ထဲမှာလည်း အမျိုးအစားအများကြီးရှိတဲ့အတွက် ကိုယ်နှစ်သက်ရာကို ရွေးချယ်နိုင်ပါတယ်။ ဒါပေမယ့် အင်အားလည်း ပြည့်ဝပြီး ရောဂါခုခံနိုင်စွမ်း ကောင်းဖို့ဆိုရင် ဂျင်ဆင်း၊ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ပါဝင်တာကို ဦးစားပေးရွေးချယ်သင့်ပါတယ်။
လေ့လာထားချက်အရဆိုရင် ဂျင်ဆင်းဟာ ဓာတ်တိုးဆန့်ကျင်သတ္တိရှိတဲ့အတွက် စိတ်ဖိစီးမှုကြောင့် ဆဲလ်တွေ ပျက်စီးတာကို တားဆီးပေးနိုင်ပါတယ်။ မှတ်ဉာဏ်နဲ့ ဦးနှောက်စွမ်းဆောင်ရည်ကို ကောင်းစေပါတယ်။ ခုခံအားကို ကောင်းစေတဲ့အတွက် စိတ်ဖိစီးမှုကျတာကြောင့် ခုခံအားကျတာကို ကာကွယ်ပြီးသား ဖြစ်သွားပါတယ်။ ပင်ပန်းမှုကို ပြေပျောက်စေပြီး စွမ်းအားပြည့်စေပါတယ်။
ဒါ့ပြင် ဗီတာမင်နဲ့ သတ္တုဓာတ်တွေမှာလည်း ဓာတ်တိုးဆန့်ကျင်သတ္တိတွေပါဝင်တာကြောင့် စိတ်ဖိစီးမှုကို တွန်းလှန်ဖို့ အကောင်းဆုံးဖြစ်မှာပါ။ ဂျင်ဆင်းထည့်သွင်း ပြုလုပ်ထားတဲ့ အားဆေး၊ ကို တစ်နေ့တစ်လုံး ပုံမှန် သောက်သုံးပေးတာက စိတ်ရော ကိုယ်ပါ လန်းဆန်းတက်ကြွစေပြီး စိတ်ဖိစီးမှုတွေနဲ့ ကင်းဝေးစေမှာပါ။
စိတ်ဖိစီးမှုဆိုတာ လူတိုင်းမှာ ရှိတတ်ပါတယ်။ အလွန်အကျူးဖြစ်လာရင်တော့ ကျန်းမာရေးပါ ထိခိုက်လာနိုင်တာကြောင့် သင့်အနေနဲ့ သင်ချစ်တဲ့သူတွေကို စိတ်ဖိစီးမှုတွေကြား မနစ်မွန်းအောင် တတ်နိုင်သမျှ ကူညီပေးမယ်ဆိုရင် သူတို့ကောင်းကောင်းကျော်လွှားနိုင်မှာပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။