အသည်းရောင် အသားဝါ C ပိုးရှိနေတဲ့သူတစ်ယောက် ဘယ်လိုဆက်ပြီး ကျန်းမာအောင် နေထိုင်ရမလဲ ။ ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 11, 2020 . 2 mins read
Share now

အားလုံးသိကြမှာပါ။ အသည်းကို ဒုက္ခပေးနေတဲ့ ရောဂါပိုးတွေထဲမှာမှ Bပိုးနဲ့ C ပိုးက အဆိုးဆုံးဆိုတာ။ B ပိုးကမှ ကာကွယ်ဆေးထိုးပြီး ကြိုကာကွယ်လို့ရသေးတယ်။ စမ်းသပ်ဆဲဖြစ်လို့ ကာကွယ်ဆေးမရှိသေးဘူးလို့ပြောလို့ရတဲ့ C ပိုးကူးစက်ခံရပြီဆိုရင် ဘာတွေဆက်လုပ်ကြမလဲ။
စီပိုးရှိနေတယ်လို့ဆိုလိုက်တာနဲ့ လူတိုင်း စိတ်ဓာတ်ကျသွားမှာ အမှန်ပါ။ သူက ကိုယ့်ဆီကနေ အခြားသူဆီကို သွေးကနေ လိင်ဆက်ဆံရာကနေ ကူးစက်တတ်တဲ့ ရောဂါဆိုတော့ ဒီရောဂါပိုးရှိနေပြီဆိုတာနဲ့စိတ်ညစ်တတ်ကြတာ အမှန်ပါ။ ဒါပေမယ့် နောက်ပိုင်းတိုးတက်လာတဲ့ ဆေးပညာအရ ဆေးပုံမှန်သောက်မယ်ဆိုရင် စီပိုးကနေ အသည်းကိုဒုက္ခမပေးနိုင်တော့အောင် ကာကွယ်နိုင်မှာဖြစ်သလို ကူးစက်မှုနှုန်းကိုလည်း လျော့ချပေးနိုင်မှာဖြစ်ပါတယ် ။

တစ်ခုရှိတာက ဆေးသောက်တာနဲ့တင် ပြီးပြီလား။ အခြား ပြင်ရမယ့်နေထိုင်မှု ပုံစံတွေရောရှိသေးလား။

အသည်းရောင်အသားဝါ စီ ရောဂါပိုးရှိတဲ့သူတစ်ယောက်အနေနဲ့ ဆေးသောက်တာအပြင် အခြားပြုပြင်ရမယ့် နေထိုင်မှုပုံစံတွေ ရှိပါသေးတယ်။ ဒါတွေသိထားမှ လူလည်းကျန်းမာ အသည်းကိုလည်းထပ်ပြီး ထပ်မထိခိုက်တော့မှာဖြစ်ပါတယ်။
အရက်လျှော့သောက်ပါ။ ရှောင်နိုင်ရင်ပိုကောင်းပါတယ်။
အသည်းနဲ့ပက်သက်လို့ ပြဿနာတစ်ခုခုရှိနေလို့ကတော့ ပြင်ရမယ့် ကိုယ့်ပုံစံထဲမှာ အရက်လျှော့သောက်ဖို့ အရက်ဖြတ်ဖို့က ထိပ်ဆုံးကအရေးကြီးဆုံးထဲက တစ်ချက်ပါ။ အရက်ဆိုတာ နဂိုတည်းကမှ အသည်းကို ထိခိုက်ပျက်စီးစေတဲ့အရာမဟုတ်ထား။ နည်းနည်းသောက်ရင်ကိစ္စရှိမရှိတာကို ဆရာဝန်နဲ့တိုင်ပင်ကြည့်ပါ။ အသည်းလည်းထိခိုက်နေတယ် အသည်းရောင်အသားဝါ စီပိုးအတွက်လည်း ကုသမှု ခံယူနေတတယ်ဆိုရင် အရက်လုံးဝဖြတ်လိုက်တာအကောင်းဆုံးပါ။

အသည်းအတွက်အားကောင်းစေတဲ့ အစားအစာတွေစားပါ။

အသည်းရောင်အသားဝါကိုကုသပေးတဲ့ အစားအစာတွေတေတာ့ မရှိပါဘူး။ ဒါပေမယ့် အသည်းရောင်အသားဝါ စီပိုးဒဏ်ကိုခံနေရတဲ့ အသည်းကိုအားပေးဖို့တော့ အစားအစာတွေ စားပေးလို့ရပါတယ်။ အသီးအရွက်တွေများများစားပေးပါ။ တာရှည်ခံအစားအစာတွေနဲ့ အသားငါးများများစားမယ့် အစား လတ်ဆတ်တဲ့ ကောက်ပဲသီးနှံတွေစားပေးပါ။ အသည်းအဆီဖုံးတဲ့ ပြဿနာကို ကာကွယ်ဖို့အတွက် ဆီကြော်မုန့်တွေ အဆီများတဲ့အစားအစာတွေကိုလျှော့စားပါ။ ဆီးချိုကိုပါ ကြိုကာကွယ်ဖို့ အချိုလျှော့စားပါ။

ဖြည့်စွက်အားဆေးတွေနဲ့ ဆေးတွေ သောက်တဲ့အပိုင်းမှာလည်း သတိထားစေချင်ပါတယ်။

အသည်းဆိုတာ ကိုယ်ထဲ ဝင်လာတဲ့ ဆေးတွေ ဖြိုခွဲပေးရတယ်။ အဆိပ်အတောက်တွေကို ဖယ်ရှားပေးရတဲ့ အပိုင်းမလား။ ဒီလောက်အရေးကြီးတဲ့အသည်းလေးမှာ အသည်းရောင်အသားဝါ စီပိုးကူးစက်ခံနေရတော့ ထိခိုက်ထားတဲ့နေရာတွေမယ့်အပြင်ကိုမှ ကိုယ်သောက်လိုက်တဲ့ တစ်ချိုကဆေးတွေက အသည်းကိုပိုထိစေတဲ့ ဆေးမျိုးတွေ ဖြစ်နေမယ်ဆိုရင် အသည်းပျက်စီးဖို့အချိန်က ခဏလေးနဲ့တင်ဖြစ်သွားမှာပါ။ ဒါ့ကြောင် အသည်းရောင်အသားဝါ စီပိုးကိုကုသပေးတဲ့ဆေးတွေအပြင် အခြားသောက်ချင်တဲ့ဆေးတွေ ရှိရင် ဆရာဝန်နဲ့သေချာတိုင်ပင်ပြီးသောက်သ့င်ပါတယ်။

စီပိုးကုသမှုရဲ့ ဘေးထွက်ဆိုးကျိုးတွေကို ခံနိုင်ရည်ရှိအောင် ကြိုတင်ပြင်ဆင်ထားပါ။

စီပိုးကုသမှုရဲ့ဘေးထွက်ဆိုးကျိုးတွေဖြစ်တဲ့ နုန်းခွေနေတာမျိုးတွေ၊ တစ်ကိုယ်လုံးကိုက်ခဲနေတာမျိုးတွေ ကိုယ်အလေးချိန်ကျဆင်းတာမျိုးတွေရှိခဲ့ရင် ဆေးကို ကိုယ့်သဘောနဲ့ကိုယ် ရပ်တာမျိုး မလုပ်ဘဲ ကိုယ်ဘယ်လိုခံစားနေရကြောင်း ဆရာဝန်နဲ့ အရင်တိုင်ပင်သင့်ပါတယ်။

စီပိုးဆိုတာ လိင်ဆက်ဆံရာက ကူးစက်တဲ့ ရောဂါပိုးတစ်ခုဆိုတာ သတိရပါ။

အသည်းရောင် အသားဝါစီပိုးဆိုတာ သွေးကနေတစ်ဆင့်ကူးစက်တတ်တယ်ဆိုပေမယ့် သုတ်ရည်ကနေကူးစက်တာတော့ ရှားပါတယ်။ ဒီတော့ဆရာဝန်နဲ့သေချာတိုင်ပင်ပြီး လိင်မှုရေးရာပိုင်းမှာရှောင်ရ ဆောင်ရမှာတွေကို သေချာသတိထားစေချင်ပါတယ်။ သုတ်ရည်က ကူးစက်တာ ရှားတယ်ဆိုတော့ ကိုယ့်လိင်ဆက်ဆံဖော်တစ်ယောက်တည်းရှိရင် ကွန်ဒုံးသုံးစရာလိုပါဘူး။ ဒါပေမယ့် ရာသီလာနေချိန်လိင်ဆက်ဆံတာ၊ စအိုကနေလိင်ဆက်ဆံတာမျိုးတွေကိုတော့ရှောင်ကျဉ်ရပါမယ်။

စိတ်ဓာတ်ကျပြီး အိမ်ထဲပဲအောင်းနေစရာမလိုပါဘူး။

ငါ့မှာတော့ စီပိုးရှိတယ်။ သူများတွေ ငါ့ကို ရောဂါဖြန့်ဝေနေသူကြီး တစ်ယောက်အဖြစ် မြင်ကြလိမ့်မယ် ၊ ငါဘယ်မှမသွားတော့ဘူး စတဲ့အတွေးတွေကို ဘေးဖယ်ထားလိုက်ပါ။ အဲဒီအစား ကံမကောင်းခဲ့လို့ C ပိုး ကုူးစက်ခံခဲ့ရတယ် အခြားသူတွေ မကူးစက်အောင် ဘယ်လိုတော့နေထိုင်မယ် ဒီ ရောဂါ ပိုးက ဘယ်လိုမျိုးဆိုကူးစက်နိုင်တာလဲ ဆိုတာတွေကို အခြားသူတွေ နားလည်အောင် ပြောပြပါ။ အိမ်တွင်းမှာပဲ အောင်းနေစရာမလိုပါဘူး။ အပြင်လေးဘာလေးထွက် လေ့ကျင့်ခန်းလေးဘာလေးလုပ်ပါ။

နောက်ပြီး ပြောင်းလဲ လိုက်နာသင့်တဲ့ အခြားအချက်တွေကတော့

• အားရှိအောင် အိပ်ရေးဝဝအိပ်ပါ။ နေ့လည်ခင်းတွေမှာလည်း တစ်ရေးအိပ်ပါ။
ရေများများသောက်ပါ။
• စီပိုး ကုသမှုတွေကြောင့် ပျို့အန်ချင်တာမျိုးတွေ ရှိတတ်တဲ့အတွက် အစားကို နည်းနည်းနဲ့အကြိမ်ရေများများ ခွဲစားပါ။
• အသည်းရောင် အသားဝါ စီပိုး ကူးစက်ခံရတဲ့ ပြဿနာဆိုတာ နာတာရှည်ရောဂါတစ်ခုဖြစ်တာကြောင့် ကုသမှု အပိုင်းမှာ စိတ်ရှည်ရမယ့်အပြင် စိတ်ဖိစီးမှုကိုလည်း အတတ်နိုင်ဆုံး အနည်းဆုံးဖြစ်အောင် နေရမှာပါ။

Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Read also:

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy"

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

အသားဝါဖြစ်နေရင် ဒါတွေရှောင်ပါ

အသားဝါရောဂါ မျက်လုံး အဖြူသား အစားအစာ အသည်း ခန္ဓာကိုယ် သွေးဆဲလ်တွေ bilirubin အဆိပ်အတောက်တွေ မသန့်ရှင်းတဲ့ရေ အုန်းစိမ်းရည် ဟင်းသီးဟင်းရွက်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon

ပုန်းရည်ကြီး ကပေးတဲ့ အာဟာရ

ပုန်းရည်ကြီး အာဟာရ ကြက်သွန်နီ ကြက်သွန်ဖြူ ဆီ ငရုတ်သီးစိမ်း ကျန်းမာရေး ခံတွင်းတွေ့ အာဟာရ ပရိုတင်း အမျှင်ဓာတ် ပဲပိစပ် အချဉ်ဖောက် ဆေးဖက်ဝင်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon

သင့်ဗိုက်မှာ အဆီပိုတွေ စုဝေးရခြင်းအကြောင်းများ

ကျန်းမာရေး အဆီပို ဗိုက်ခေါက် အဆီ ဝမ်းဗိုက် ကျန်းမာရေးဆိုင်ရာ ပြဿနာတွေ ကိုယ်အလေးချိန် အယ်လ်ကိုဟော သကြားဓာတ် ပုံပြောင်းအဆီ အသီးဖျော်ရည်များ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr.Thant Zin

ပင်ပန်းတဲ့ မနက်ခင်းကို ဖြစ်စေတဲ့ အကြောင်းအရင်းများ

မနက်ခင်း လေ့ကျင့်ခန်း ရေချိုး မနက်စာ ပင်ပန်းနေရတာ ဦးနှောက် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော် ညဘက် အိပ်ချိန် မမှန်တာ အိပ်ရာဝင်ချိန် ကွန်ပျူတာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

ယုန်သား စားလို့ရလား။ ယုန်သားက ကျန်းမာရေးကို အထောက်အကူပြုနိုင်သလား။

ယုန်သား စားလို့ရလား။ ယုန်သားက ကျန်းမာရေးကို အထောက်အကူပြုနိုင်သလား။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyowai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဩဂုတ် 6, 2020 . 2 mins read
အသည်းခြောက် တာ အရက်ကြောင့်ပဲ မဟုတ်ပါဘူး။

အသည်းခြောက် တာ အရက်ကြောင့်ပဲ မဟုတ်ပါဘူး။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyowai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဩဂုတ် 6, 2020 . 2 mins read
မြေပဲထောပတ် စားပေးပါ

မြေပဲထောပတ် စားပေးပါ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyowai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဩဂုတ် 6, 2020 . 2 mins read

ပါပီလေးနဲ့အတူ လမ်းလျှောက်ထွက်ပါ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyowai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဩဂုတ် 6, 2020 . 2 mins read