အူရောင်ပြီး အူနာ ဗိုက်တင်းနေတဲ့သူတွေ သိထားသင့်တဲ့စားသောက်မှုပုံစံ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 11, 2020 . 2 mins read
Share now

အစပ် လေးစားလိုက်တာနဲ့ ဗိုက်ခဏ ခဏအောင့်တယ်၊ ဗိုက်ကြီးကယ်ပြီး တင်းနေတယ်၊ ဝမ်းလျှော ဝမ်းချုပ်တွေဖြစ်နေတတ် အာထရာဆောင်းရိုက်ကြည့်လိုက်တဲ့အခါ အူရောင်တဲ့ အဖြေထွက်လာတယ်ဆိုရင် တော့ ခုပြောမယ့် စားသောက်မှုပုံစံကို သိထားဖို့ လိုလာပါပြီ။ အစားအသောက်တွေ ခြေဖျက် အာဟာရ တွေစုပ်ယူနေတာ ဒီ အူလေးတွေပဲ မလား။ သူတို့ကျန်းမာနေရင်သူတို့ အလုပ်လုပ်နေမှန်းတောင် မသိပေမယ့် သူတို့ မကျန်းမာတဲ့အခါ တော်တော်ကြီးကိုမှ ခံရပါတယ်။ ဝမ်းတစ်လုံးကောင်းမှ ခေါင်းမခဲနိုင်မှာလေ။ ဒီတော့ အူနာတဲ့ဝေဒနာခံစားနေရတဲ့သူတိုင်း ဘာတွေရှောင်စားရမလဲ။ ။

အူရောင်တယ်ဆိုတာ ဘာ့ကြောင့် ဖြစ်ရတာလဲ။

အူရောင်တယ်ဆိုတာ အူအတွင်းထဲကို ရောဂါပိုးတွေဖြစ်တဲ့ ဗိုင်းရပ်တို့ ဘက်တီးရီးယားတို့ ဝင်ပြီး အူအတွင်းသားနံရံတွေ ရောင်တာကို ဆိုလိုတာပါ။ မသန့်တဲ့ အစားအစာတွေကနေ အများဆုံးဝင်တာဖြစ်ပြီး ဆေးမကုဘဲ သူ့ဘာသာ ပြန်ပျောက်သွားတတ်ပေမယ့် သေချာ အမြစ်မပြတ်တဲ့အခါ ထပ်ခါထပ်ခါပြန်ဖြစ်နေပြီး နာတာရှည်အူရောင်တဲ့ ဝေဒနာတွေ ခံစားရတတ်ပါတယ်။

အူရောင်ခြင်းရဲ့ လက္ခဏာတွေကတော့

  • ပျို့အန်တာ
  • ဝမ်းပျက်ဝမ်းလျှောဖြစ်တာ
  • အူကြီးတင်းပြီး လေပွသလိုဖြစ်နေတာ
  • ဗိုက်အောင့်ဗိုက်နာဖြစ်တာနဲ့
  • တစ်ရံတစ်ခါ ကိုယ်ပူတာတွေ ဖြစ်တတ်ပါတယ်။

ဒီ အစာအိမ်နဲ့ အူလမ်းကြောင်းဆိုတာ ကိုယ်စားသမျှကို ဒိုင်ခံ ခြေဖျက်ပေးနေတဲ့ အရာဆိုတော့ သူတို့ရောင်နေတဲ့အချိန် စားသင့်တာနဲ့ မစားသင့်တဲ့ အ စားအစာတွေကို ခွဲခြားသိပြီး သေချာလိုက်နာမှ အူလေးတွေ မြန်မြန်ကျန်းမာမှာပါ။

အူရောင်တဲ့ ဝေဒနာခံစားနေရတဲ့သူတိုင်း ရှောင်စားသင့်တာတွေက

  • ပူစပ်တဲ့အစားအစာတွေ
  • ကော်ဖီ၊ လက်ဖက်ရည်နဲ့ အခြား ကဖင်းဓါတ်ပါတဲ့ အချိုရည်တွေ။
  • ဆော်ဒါပါတဲ့အချိုရည်တွေ၊ ကာဘွန်ထည့်ထားတဲ့ အချိုရည်တွေ
  • အက်ဆစ်ဓါတ်များတဲ့ သစ်သီးဖျော်ရည်တွေ
  • ဆီကြော် တွေနဲ့ အဆီများတဲ့ အစားအစာတွေ
  • သစ်သီးခြောက်တွေနဲ့ တာရှည်ခံအစားအစာတွေ
  • နို့နဲ့နို့ထွက်ပစ္စည်းတွေ
  • ချော့ကလက်နဲ့ သကြားလုံးတို့ပဲ ဖြစ်ပါတယ်။

ခုပြောထားတဲ့ အစားအစာတွေ စားရင် အူနာတာနဲ့ လက္ခဏာတွေ ပိုဆိုးလာမှာဖြစ်တယ်။ ဒါ့ကြောင့် အူနာနေတဲ့ အချိန်အတွင်းမှာ ခုပြောထားတဲ့ အစားအစာတွေကို ခဏ ရှောင်ထားတာပိုကောင်းပါတယ်။

နောက်ပြီး အစားစားရင် တစ်ခါတည်း အပြည့်စားတာထက် နည်းနည်းလေးစားပြီး အကြိမ်ရေများများခွဲစားတာပိုကောင်းပါတယ်။ စားတဲ့အစားတွေကလည်း ကိုယ်နဲ့ အဆင်ပြေ အူအတွက်လည်း အဆင်ပြေတဲ့ အစာအစာတွေဖြစ်ဖို့လိုပါသေးတယ်။

ဒီတော့ ဘယ်လိုအစားအစာတွေ စားပေးလို့ရသလဲ။

ကိုယ့်ရဲ့ အူနံရံလေးတွေ ရောင်နေတာဆိုတော့ ရောင်နေတဲ့ အူနံရံထပ်မဆိုးလာစေဖို့ ။ သွားသွားမဆွမိဖို့ အရေးကြီးပါတယ်။ ဒါ့ကြောင့်

  • အူရောင် နေတဲ့အချိန်မှာ ဆန်ပြုတ်တို့ မြူစွမ်တို့လို အစာပျော့ပျော့တွေစားပါ။
  • နည်းနည်းပြန်ပြီးသက်သာလာတဲ့အချိန်ကျရင် ထမင်းစားလို့ရပါပြီ။
  • ထမင်းနည်းနည်းချင်းစီ ပြန်စစားပေးပါ။ ပေါင်မုန့်တို့ cracker တို့ စားပေးလည်းရပါတယ်။
  • နောက်ပြီး ငှက်ပျောသီးစားပေးလည်းရပါတယ်။ ဒါမှ ဝမ်းလျှောတုန်းက ထွက်သွားတဲ့ ပိုတက်ဆီယမ်ဓါတ်တွေကို ငှက်ပျောသီးက ပြန်ဖြည့်ပေးနိုင်မှာပါ။
  • အာလူးပြုတ်တို့ အရိုးပြုတ်ရည်တို့ဟာလည်း စားပေးသင့်တဲ့ အရာတွေပါပဲ။
  • ဝမ်းလျှောခဲ့ရင် ကုန်သွားတဲ့ ဓါတ်ဆားတွေ ပြန်ဖြည့်ဖို့ ဓါတ်ဆားရည့်တွေ သောက်ပေးပါ။ သကြားနဲ့ ကဖင်းဓါတ် တွေ အများကြီးမပါဖို့တော့ အရေးကြီးတာပေါ့။

နောက်တစ်ခု သတိထားရမှာက ကိုယ့်စားတဲ့ အစားအစာတွေက သန့်ရှင်းဖို့၊ ပူစပ်တဲ့အစားအစာတွေ မဖြစ်ဖို့ပဲ ဖြစ်ပါတယ်။

Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

နေလို့ထိုင်လို့ မကောင်းဘဲ ဗိုက်ထဲ မအီမသာဖြစ်နေပြီလား

ဝမ်းဗိုက် မအီမသာဖြစ်ခြင်း အစာအိမ် အူလမ်းကြောင်း ဗိုက်အောင့် ဗိုက်နာ အိမ်တွင်းကုထုံး ချင်း ရေနွေး ပျားရည် ပန်းသီးရှာလကာရည် ရင်ခေါင်းတောင့် ရင်ခေါင်းအောင့်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat

ပိုးသတ်ဆေး သောက်ပြီးနောက် ဝမ်းလျှောလာခဲ့ရင်

ပိုးသတ်ဆေး ဝမ်းလျှော ဘက်တီးရီးယား ဘေးထွက်ဆိုးကျိုး အူလမ်းကြောင်း အစာခြေစနစ် ဝမ်းသွား အဖျား အစာစားချင်စိတ် အမျှင်ဓာတ် အရည် အချို အစပ် အဆီ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat

ဝမ်းလျှောတိုင်း ပိုးသတ်ဆေးသောက်ဖို့ လိုသလား

ဝမ်းပျက်ဝမ်းလျှောတာဟာ မိုးရာသီကာလတွေမှာ အဖြစ်များတတ်တဲ့ ရောဂါတစ်မျိုးပါ။ အစာမှားတာကြောင့်ဖြစ်တဲ့ ဝမ်းပျက်တာကို Antibiotics တွေက သက်သာအောင် မလုပ်ပေးနိုင်ဘူး။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

ဗာဒံရွက်က ဆေးဖက်ဝင်လား။

ဗာဒံရွက် ဆေးဖက်ဝင် မရမ်းသီး ကောက်ညှင်းပေါင်း ဆေးဖက်ဝင် မြန်မာနိုင်ငံ အတို့အမြှုပ် လေချုပ် ဝဲ ကျန်းမာရေး သတ္တုရည် အရေပြား ပြဿနာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

ဝမ်းလျှောတာကို ပရိုဘိုင်အိုးတစ်တွေက ဘယ်လိုကာကွယ်ကုသပေးနိုင်သလဲ

ဝမ်းလျှောတာကို ပရိုဘိုင်အိုးတစ်တွေက ဘယ်လိုကာကွယ်ကုသပေးနိုင်သလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Yun Sandi Nan Mon
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 18, 2020 . 2 mins read
ကြားဖူးနေတဲ့ lcFos က ကလေးတွေအတွက် ဘယ်လို အကျိုးပြုသလဲ........

ကြားဖူးနေတဲ့ lcFos က ကလေးတွေအတွက် ဘယ်လို အကျိုးပြုသလဲ……..

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 17, 2020 . 2 mins read
Endocrine System မှာပါဝင်တဲ့ ဂလင်းတွေနဲ့ သူတို့ရဲ့ တာဝန်များ

Endocrine System (ဟော်မုန်းစနစ်)မှာပါဝင်တဲ့ ဂလင်းတွေနဲ့ သူတို့ရဲ့ တာဝန်များ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 3, 2020 . 2 mins read

ပိုးသတ်ဆေးအကြောင်း သောင်းပြောင်းထွေလာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 31, 2020 . 2 mins read