၄။ လုပ်ငန်းခွင်ကွန်ပျူတာ
သင့်ကို ထိုင်ရာမထဖြစ်စေတဲ့ အကြောင်းအရာတွေမှာ သင့်အလုပ်စားပွဲရှေ့က ကွန်ပျူတာလည်း ပါဝင်ပါတယ်။ အလုပ်ကြိုးစားသူတယောက်အနေနဲ့ ဂုဏ်ယူချင်ဂုဏ်ယူပါ။ ဒါပေမယ့် အလုပ်စားပွဲဟာ သင့်ကျန်းမာရေးကို ထိခိုက်စေတဲ့အရာဖြစ်သွားရင် မကောင်းပါဘူး။ တန်ဆေးလွန်ဘေးပါပဲ။
ဘယ်လိုအကျိုးသက်ရောက်မှုတွေ ဖြစ်စေမလဲ
သင့်အနေနဲ့ အထိုင်များရင် ဘယ်လိုပြဿနာတွေ ကြုံနိုင်မလဲဆိုတာ ဆက်ပြီးလေ့လာကြည့်ရအောင်။
၁။ နှလုံး
သင်ဟာ အထိုင်များသွားရင် သင့်ကြွက်သားတွေဟာ ကိုယ်ခန္ဓါအဆီတွေကို လောင်ကျွမ်းမှုလျော့နည်းသွားစေပါတယ်။ အဲဒီအခါ သွေးလည်ပတ်မှုဟာ ပိုမိုစေးကပ်နှေးကွေးသွားပြီး အဆီဓါတ်တွေပုံလာရင် သင့်နှလုံးကို ဒုက္ခပေးနိုင်ပါတယ်။
၂။ အဝလွန်ခြင်းနှင့် ဆီးချို
လှုပ်ရှားမှုနည်းပါးသွားတဲ့အခါ အဝလွန်ခြင်းပြသနာဝင်လာပြီး အမျိုးအစား ၂ ဆီးချိုဖြစ်လာနိုင်ခြေ ရှိပါတယ်။
၃။ အူမကြီးကင်ဆာ
အချိန်ကြာကြာ မလှုပ်မရှားအထိုင်များရင် အူမကြီးကင်ဆာဖြစ်ပွားနှုန်းကို မြင့်တက်စေတယ်လို့ သုတေသနတွေအရ သိရပါတယ်။
၄။ ဦးနှောက်အာရုံကြော
အထိုင်များသွားရင် ကိုယ်ခန္ဓါမှာ သွေးလည်ပတ်မှုနှေးကွေးပြီး ဦးနှောက်ဆီ အောက်ဆီဂျင်ပို့ဆောင်နှုန်း ကျဆင်းသွားပါတယ်။ ဒါ့အပြင် တီဗီ၊ ဖုန်း စတဲ့မျက်နှာပြင်တွေကို အာရုံစူးစိုက်ကြည့်နေခြင်းဟာ ရေရှည်မှာ ဦးနှောက်နဲ့အာရုံကြောကို ထိခိုက်စေပါတယ်။
၅။ နောက်ကျောတက်ခြင်း
အချိန်ကြာမြင့်စွာနဲ့ ပုံစံတမျိုးတည်းနဲ့ ထိုင်နေမယ်ဆိုရင် သင့်လက်ပြင်ကြွက်သားများအပါအဝင် နောက်ကျောပိုင်းကြွက်သားတွေ တောင့်တင်းခြင်း၊ ဇက်ကြောတက်ခြင်း စတာတွေ ဖြစ်နိုင်ပါတယ်။
၆။ သွေးလည်ပတ်မှုမကောင်းခြင်း
အထိုင်များလွန်းရင် သွေးလည်ပတ်မှုမကောင်းတဲ့အပြင် ခြေသလုံးအတွင်းပိုင်းက သွေးကြောတွေထဲမှာ သွေးခဲခြင်းဖြစ်လာနိုင်ပါတယ်။
ဘယ်လိုကာကွယ်မလဲ
၁။ Alarm ပေးထားပါ။
သင် တီဗီပဲကြည့်နေသည်ဖြစ်စေ၊ ဖုန်းသုံးနေသည်ဖြစ်စေ၊ အလုပ်စားပွဲမှာ ထိုင်နေသည်ဖြစ်စေ အားလပ်ချိန်ရနိုင်အောင် alarm ပေးထားပါ။ ကောင်းတာကတော့ နာရီဝက်တခါလောက် ထိုင်ရာကနေထပြီး အကြောလျှော့ခြင်း၊ ဟိုလျှောက်ဒီလျှောက်လုပ်ခြင်း စတာတွေလုပ်သင့်ပါတယ်။ ခဏနားဖို့ မေ့နေမှာစိုးရင် နှိုးစက်ပေးထားပါ။
၂။ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းထလုပ်ပါ။
အိမ်မှာတီဗီကြည့်နေရင်းကပဲ ခဏတဖြုတ်လောက်တော့ ထပြီး ကိုယ်လက်လှုပ်ရှားလုပ်ပါ။ ရုံးမှာဆိုရင်လည်း သင့်စားပွဲဘေးမှာ လေ့ကျင့်ခန်းလုပ်နိုင်ပါတယ်။ လုပ်ဖော်ကိုင်ဖက်တွေနဲ့ စုပြီး ကိုယ်လက်လုပ်ရှားလုပ်ရင် ပိုပြီး ပျော်စရာကောင်းတဲ့အပြင် ပေါင်းသင်းဆက်တံရေးကိုပါ တိုးတက်စေပါတယ်။
၃။ လမ်းလျှောက်ပါ။
နေ့လယ်စာစားပြီးရင် ချက်ချင်းမထိုင်ဘဲ လမ်းပတ်လျှောက်ပါ။ တီဗီကြည့်နေရင်းကလည်း ခဏနားပြီး လမ်းလျှောက်ပါ။ လေကောင်းလေသန့်ရတဲ့နေရာမှာ လျှောက်နိုင်ရင် အကောင်းဆုံးပါပဲ။
၄။ ပန်းကန်ထဆေးပါ။
သင်ထမင်းစားပြီးပြီဆိုပါစို့။ ပန်ကန်တွေကို ချက်ချင်းမဆေးပါနဲ့ဦး။ လုပ်စရာရှိတာတွေ အရင်လုပ်ပါ။ ပြီးမှ တီဗီရှေ့က အလုပ်စားပွဲရှေ့ကထပြီး ပန်းကန်သွားဆေးလိုက်ပါ။ အပြောင်းအလဲဖြစ်တဲ့အပြင် အနည်းဆုံးတော့ လုပ်လက်စအရတွေကနေ ခဏတဖြုတ်အနားရစေပါတယ်။
၅။ အပင်စိုက်ပါ။
တီဗီရှေ့မှာတင် အချိန်မဖြုန်းဘဲ ခြံထဲဆင်းပါ။ အပင်ရေလောင်းပါ။ သင်စိုက်ထားတဲ့ ပန်းပင်တွေကြားလမ်းလျှောက်ပြီး လေကောင်းလေသန့်ရှူရှုက်ပါ။
၆။ ပျော်ပွဲစားထွက်ပါ။
အလုပ်စားပွဲရှေ့၊ တီဗီရှေ့မှာပဲ သင့်ကို အချိန်မကုန်စေဘဲ မိသားစု၊ မိတ်ဆွေသူငယ်ချင်းများနဲ့ တခါတရံ ပန်းခြံထဲဖြစ်ဖြစ်၊ စားသောက်ဆိုင်တခုမှာဖြစ်ဖြစ် သွားရောက်ပြီး အတူစားသောက်ပါ။ တီဗီထဲ၊ ဗီဒီယိုဂိမ်းထဲမှာပဲ နစ်မနေစေဘဲ လက်တွေ့ကမ္ဘာထဲမှာ သင့်ကို ပျော်ရွှင်တက်ကြွစေပါလိမ့်မယ်။
အချုပ်အနေနဲ့ပြောရမယ်ဆိုရင် တီဗီ၊ ဗီဒီယိုဂိမ်း၊ စမတ်ဖုန်း၊ ကွန်ပျူတာ စတာတွေရှေ့မှာပဲ တချိန်လုံးထိုင်နေပြီး မိမိကိုယ်ကို ဒုက္ခမပေးပါနဲ့။ သင့်ကျန်းမာရေးအတွက် အပြင်လောကကိုထွက်ပါ။ လေကောင်းလေသန့်ရှူပါ။ ကိုယ်လက်လှုပ်ရှားလုပ်ပါ။
Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။