ဆေးသောက်ချိန် ဆေးလုံးနင်တတ်လို့ ဆေးသောက်ရမှာ ကြောက်နေလား။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date စက်တင်ဘာ 23, 2020 . 1 min read
Share now

ဆေးသောက်ရတယ်။ ။ နေမကောင်းတာပဲဖြစ်ဖြစ် ၊ အားဆေးသောက်တာပဲဖြစ်ဖြစ် ၊ ပိန်ချင်လို့ပဲပိန်ဆေးသောက်တာပဲဖြစ်ဖြစ်၊ ဆေးထိုးရမှာကြောက်တဲ့ လူ အများစုက ဆေးသောက်ကြပါတယ်။ ။ အဲလို သောက်ပြီဆိုရင် ဆေးလုံးနင်တာ ဆေးလုံးလည်ချောင်းထဲ တစ်နေတာ၊ ဆေးလုံးကမျိုမကျ တာတွေကို အနည်းနဲ့ အများတော့ ခံစားဖူးကြမှာပါ။ အဲလိုဆို ရေတွေသောက်ချရတာနဲ့တင် ဗိုက်ကြီးအယ်နေပြီး မသက်မသာ ခံစားရပါတယ်။ အဆိုးဆုံးကတော့အိပ်ခါနီးသောက်ရတဲ့ဆေးတွေပေါ့။ အိပ်လည်းအိပ်ချင်နေပြီ ဆေးကလည်းမျိုမကျ တစ်နေတယ်။ စိတ်ညစ်ရပါရော။ ဒါကြောင့် ခုပြောပြတဲ့ ဆေးသောက်ရင် လိုက်နာသင့်တဲ့ ရှောင်ရန် ဆောင်ရန်အချက်တွေကို သိထားပြီး ဆေးသောက်ရင် လွယ်လွယ်နဲ့ မျိုကျမှာပဲဖြစ်ပါတယ်။ ဆေးသောက်ရမှာ မကြောက်ရတော့ဘူုးပေ့ါ။

ဆေးသောက်ရင် လိုက်နာသင့်တဲ့ အချက်များ။

  • ရေနွေးနဲ့ မသောက်ဘဲ ရိုးရိုးရေများများနဲ့သောက်ပါ။
  • ဆေးသောက်ရင် ကိုယ်ကို ရှေ့ကို အနည်းငယ် ငိုက်ထားပါ။
  • ဆေးမသောက်ခင် တစ်ခုခုစားထားရင် လည်ချောင်းမှာ ချွဲလေးတွေထွက်နေတတ်ပြီး ဆေးမျိုချတဲ့ အခါ ချောချောချူချူဝင်သွားပါလိမ့်မယ်။

ဆေးသောက်ရင် မလုပ်သင့်တဲ့ အရာများ။

  • ဆေးကို ပါးစပ်အနောက်ထဲရောက်အောင် ပစ်ထည့်ပြီးမှ သောက်တာမျိုး။
  • ဆေး ကို တစ်လုံးချင်းမသောက်ဘဲ သောက်ရမယ့် ဆေးအကုန်ကို လက်ဝါးထဲထည့် တစ်ခါတည်း အများကြီးအတင်းမျိုချသောက်တာမျိုး။
  • ဆေးသောက်တဲ့ အချိန် ခေါင်းကို အနောက်ဘက်တအားလှန်ပြီး မော့သောက်တာမျိုး
  • ဆေးသောက်ပြီးတာနဲ့ ချက်ချင်းလှဲအိပ်လိုက်တာတွေ
  • ဆေးလုံးကို ထုချေပြီး သောက်တာမျိုးတွေကို မလုပ်သင့်ပါဘူး။

ကိုယ့်မှာ အစာမျိုချရခက်တဲ့ဝေဒနာ ခံစားနေရမယ်၊ လေဖြတ်နေမယ်လူနာဖြစ်နေမယ် ဆိုရင် သောက်ဆေး အစား ထိုးဆေးသာပြောင်းသင့်ပါတယ်။

မျိုချတယ်ဆိုတာ အင်မတန် လွယ်တဲ့ ကိစ္စတစ်ခုလို့ ထင်ရပေမယ့် တစ်ခါမျိုချဖို့ဆို ကြွက်သားပေါင်း ၅၀ လောက် က အလုပ်လုပ်ပေးရပါတယ်။ ဖော်ပြထားတဲ့အချက်တွေကိ ုလိုက်နာပြီး ဆေးသောက်မယ်ဆို ဆေးသောက်ရတာ ကြောက်စရာကိစ္စ တစ်ခု မဟုတ်တော့ ဘူးနော်။ အစာကြီးကြီးဆို မျိုချရတာလွယ်တယ်။ ဆေးလုံးဆိုတာနဲ့ နင်နေတဲ့သူတွေအတွက် အကူအညီ ဖြစ်စေမယ်လို့ မျှော်လင့်ပါတယ်။

Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy"

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ဆယ်ကျော်သက်နဲ့အရေပြား ပြဿနာ

အသားအရေ စတင် ပြောင်းလဲတဲ့ ဆယ်ကျော်သက်အရွယ်မှာ ဘယ်လို အရေပြားပြောင်းလဲမှုတွေ ဖြစ်ပြီး ဘယ်လို အရေပြား ပြဿနာတွေ ခံစားရနိုင်လဲဆိုတာကို သတိထားလို့ရစေဖို့။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ဆယ်ကျော်သက်တို့အတွက် အသားအရေ ထိန်းသိမ်းနည်း လမ်းညွှန်

အလှအပ ကြိုက်တဲ့ ဆယ်ကျော်သက်အရွယ်မှာ အသားအရေ ထိခိုက်မှု ကင်းစေဖို့ နည်းစနစ် မှန်မှန်နဲ့ အသားအရေကိုဘယ်လို စောင့်ရှောက်ရမလဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

အနံ့ပျောက်ရင် ဘာလုပ်ရမလဲ။

ခုတလော အနံ့ မရတော့ဘူးဆိုရင် ကိုဗစ်ပဲဆိုပြီး စိုးရိမ်မှုတွေ အတော်လေး များနေကြပါတယ်။ ...

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ကိုယ်အင်္ဂါအစားထိုးမယ်ဆိုရင်

ကိုယ်တွင်းအင်္ဂါအစားထိုး အသည်းအစားထိုး ကျောက်ကပ်အစားထိုး သွေးအမျိုးအစား ခုခံအားစနစ်ကူးစက်ရောဂါ ကင်ဆာရောဂါ ဆေးလိပ်သောက် အရက်သောက် တက်တူးထိုး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

သင့်အတွက် ရွေးချယ်ထားသည်

အစားအစာများမှ ကိုဗစ်ပိုးကူးနိုင်ခြေနည်းကြောင်း ပညာရှင်များပြောကြား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 28, 2020 . 2 mins read
အိမ်ထဲမှာနေတာ ကြာလာတဲ့အခါ

အိမ်ထဲမှာနေတာ ကြာလာတဲ့အခါ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 28, 2020 . 3 mins read
အဆုတ်ကင်ဆာ

အဆုတ်ကင်ဆာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 28, 2020 . 2 mins read
Pubertyက hit ဦးမှာလား။

Pubertyက hit ဦးမှာလား။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 28, 2020 . 2 mins read