သန်ကျဆေး သောက်ရမှာကြောက်တဲ့သူတွေအတွက် သဘာဝဆေး (၇) မျိုး
သန်ကျဆေး သောက်ရမှာကြောက်တဲ့သူတွေအတွက် သဘာဝဆေး တွေက
ဖရုံစေ့က ဆိမ့်ဆိမ့်လေးနဲ့ အရသာရှိလို့ နှစ်သက်တတ်ကြပါတယ်။ ဒါပေမယ့် အဲဒါက လှော်ပြီးသား အသင့်စား ဖရုံစေ့တွေပါ။ သူ့ရဲ့ သန်ကျစေနိုင်တဲ့ အာနိသင်ကတော့ အစိမ်းစားမှ ရနိုင်မှာပါတဲ့။ အိမ်မှာ ရွှေဖရုံသီးချက်တယ်ထား၊ ဖရုံသီးအစေ့လေးတွေ ဖယ်ထားပေါ့။ ရေသေချာဆေးပြီး ဒီအတိုင်းစားလည်းရပေမယ့် တချို့ကတော့ ဖရုံစေ့ကိုကြိတ်၊ အုန်းနို့ရည်လေးနည်းနည်းနဲ့ ရေခွက်တစ်ဝက်ရောမွှေ၊ ပျစ်ပျစ်လေးကိုစားပြီး ရေတစ်ခွက်သောက်ချပါလို့ နည်းညွှန်ကြပါတယ်။
ကြက်သွန်ဖြူမှာ ကပ်ပါးပိုးတွေကို နှိမ်နင်းနိုင်တဲ့ ဆာလ်ဖာပါဝင်တဲ့ အမိုင်နိုအက်စစ်တွေ ကြွယ်ဝပါတယ်။ ကြက်သွန်ဖြူမှာပါဝင်တဲ့ allicin ဒြပ်ပေါင်းကလည်း သန်ကောင်တွေကို ရှင်းလင်းနိုင်ပါတယ်။ ဒါပေမယ့် ဒီအာနိသင်ရဖို့ သူ့ကိုလည်း အစိမ်းစားရမှာပဲ။
ကြက်သွန်ဖြူကို ထက်ခြမ်းခွဲတာ၊ စိတ်တာ၊ စဉ်းတာ၊ထောင်းတာ လုပ်ပြီးမှ allicin ပိုထွက်ရှိလာမှာဖြစ်လို့ ဒီလိုလုပ်ပြီး ခဏလောက် လေနဲ့ ထိတွေ့စေပြီးမှ စားပါ။ မရမ်းသီးထောင်းတို့၊ ပုဇွန်ခြောက်ထောင်းတို့လို မြန်မာ့ဓလေ့အတိုင်း စားတာက ဒီနည်းနဲ့ကွက်တိပါပဲ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။