အရေပြားကျန်းမာစေဖို့ မဖြစ်မနေလိုက်နာသင့်တဲ့ အချက်အချို့

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 11, 2020 . 2 mins read
Share now

ခန္ဓါကိုယ်ရဲ့ အကြီးဆုံးအင်္ဂါအစိတ်အပိုင်းဖြစ်သလို ခန္ဓါကိုယ်ရဲ့ ခံတပ်ဆိုလည်း ဟုတ်တဲ့အရေပြားကျန်းမာမှ ခန္ဓါကိုယ်လည်း လှပကျန်းမာမှာအသေအချာပါနော်။ ဒီလောက်ညွှန်းနေရအောင် အရေပြားက ဘာများလုပ်ပေးနေလို့လဲလို့ဆိုပြီး အတွေးဖြစ်မိနေရင် ဒီဆောင်းပါးလေး ဖတ်ကြည့်လိုက်ပါနော်။

အရေပြားက ခန္ဓါကိုယ်အတွက်ဘာတွေလုပ်ပေးလဲ…….

ခန္ဓါကိုယ်ကိုနေရာလပ်မကျန်ဖုံးအုပ်ထားတဲ့ အပေါ်ယံအရေပြားလွှာက ခန္ဓါကိုယ်ကို အခုလိုစောင့်ရှောက်ပေးပါတယ်။

  • ကိုယ်တွင်းကို ရောဂါပိုးတွေ မဝင်ရောက်နိုင်အောင် ခံတပ်သဖွယ်ကာကွယ်ပေးတယ်
  • နေရောင်ခြည်မှာပါတဲ့ ခရမ်းလွန်ရောင်ခြည်ကို ကာကွယ်ပေးတယ်
  • ပတ်ဝန်းကျင်က အရာတွေကြောင့် ခန္ဓါကိုယ်မထိခိုက်ရအောင် ကာကွယ်ပေးတယ်
  • လိုအပ်တဲ့ အာဟာရတွေကို စုပ်ယူပေးပြီး ဆဲလ်တွေ ကျန်းမာအောင်လုပ်ဆောင်ပေးတယ်
  • အရေပြားကျန်းမာစေဖို့ လိုအပ်တဲ့ အစိုဓါတ်ကို ထိန်းသိမ်းပေးတယ်
  • ဗီတာမင် D လိုမျိုး လိုအပ်တဲ့ ဗီတာမင်တွေရရှိအောင် စုပ်ယူပေးပြီး ဆဲလ်တွေကို အသစ်ဖြစ်ပေါ်စေတယ်၊ ကျန်းမာအောင်လုပ်ဆောင်ပေးတယ်
  • ကိုယ်တွင်းအပူချိန်ကို ထိန်းညှိပေးတယ်။

အရေပြားကျန်းမာဖို့ မဖြစ်မနေလိုက်နာသင့်တဲ့ အချက်အချို့

ခန္ဓါကိုယ်အတွက် အရေးပါတဲ့ ခံတပ်ကို ဂရုစိုက်ဖို့ဆိုရင် ဒီအချက်လေးတွေကို မဖြစ်မနေလိုက်နာသင့်ပါတယ်။

နေရောင်ကနေကာကွယ်ပေးပါ

နေရောင်ခြည်က ဗီတာမင် D ကိုပေးစွမ်းပေမယ့် ခရမ်းလွန်ရောင်ခြည်ပါဝင်မှုကြောင့် အသားအရေကို ထိခိုက်နိုင်ပါသေးတယ်။နေရောင်ကို တိုက်ရိုက်ထိတွေ့မှုက အရေးအကြောင်းတွေ၊ အမဲစက်တွေနဲ့ အရေပြားကင်ဆာအပါအဝင် အရေပြားပြဿနာတွေကိုဖြစ်စေနိုင်ပါတယ်။ ဒါကြောင့်နေစဉ်နေလောင်ကာခရင်မ်လူးပေးဖို့ မမေ့ပါနဲ့။ အပြင်သွားတိုင်း အင်္ကျီလက်ရှည်ဝတ်တာ၊ ထီးဆောင်းတာမျိုးလုပ်ပေးပါ။

ဆေးလိပ်သောက်သုံးမှုက အသားအရေကိုတော်တော်လေးထိခိုက်ပျက်စီးစေနိုင်ပါတယ်။ အရွယ်မတိုင်ခင် အိုမင်းမှုကိုဖြစ်စေနိုင်သလို အရေးအကြောင်းတွေ နဲ့ အခြားသော အရေပြားပြဿနာတွေကိုဖြစ်စေနိုင်ပါတယ်။ အသားအရေအတွက် လိုအပ်တဲ့ အာဟာရတွေရရှိမှုနဲ့သွေးစီးဆင်းရောက်ရှိမှုကိုလည်း အဟန့်အတားဖြစ်စေနိုင်ပါတယ်။

ရေချိုးချိန်ကို ကန့်သတ်ပါ

ရေအကြာကြီးချိုးတာက အရေပြားပေါ်က အဆီတွေကို မလိုအပ်ဘဲ ဖယ်ရှားသလိုဖြစ်တာကြောင့် အရေပြားခြောက်သွေ့တာကိုဖြစ်စေနိုင်ပါတယ်။ ဒါကြောင့်ရေကို အချိန်အကြာကြီးချိုးတာ၊ ရေနွေးနဲ့ရေချိုးတာတွေကို မလုပ်သင့်ပါဘူး။

ဆပ်ပြာအပြင်းစားတွေ မသုံးပါနဲ့

ဆပ်ပြာအပြင်းစားတွေ အသုံးပြုတာက အသားအရေကိုခြောက်သွေ့ထိခိုက်နိုင်ခြေများစေပါတယ်။ ဒါကြောင့် အသားအရေအတွက် ဆပ်ပြာသုံးမယ်ဆိုရင် အရမ်းပြင်းတာ၊ အနံ့ပြင်းတာနဲ့ အရောင်တောက်တာမျိုးကို မရွေးပါနဲ့။

ရေခြောက်အောင်သုတ်ပါ

ရေချိုးပြီးရင်ဖြစ်ဖြစ်၊ လက်ဆေးပြီးရင်ဖြစ်ဖြစ်၊ခြေထောက်ဆေးပြီးရင်ဖြစ်ဖြစ်ရေခြောက်အောင်သုတ်ပေးပါ။ရေခြောက်အောင် မသုတ်တာက အရေပြားကို အစိုဓါတ်လျော့စေပြီး အသားအရေခြောက်သွေ့နိုင်ခြေ ပိုများစေနိုင်ပါတယ်။

အစိုဓါတ်ထိန်းပါ

အရေပြားကို အစိုဓါတ်ထိန်းတာကလည်း ကျန်းမာရေးကောင်းအောင်လုပ်ပေးတဲ့နည်းလမ်းတွေထဲကတစ်ခုပါ။ ဒါကြောင့်အရေပြားကို အစိုဓါတ်ထိန်းပေးတဲ့ ခရင်မ်တစ်ခုခုလူးဖို့ မမေ့ပါနဲ့။

ကျန်းမာရေးနဲ့ညီညွတ်အောင်စားပေးပါ

အသားအရေကျန်းမာစေဖို့အတွက် သစ်သီးတွေ၊ ဟင်းသီးဟင်းရွက်တွေစားပေးပါ။ အဆီပါဝင်မှုနည်းတဲ့ အသားတွေ စားပေးပါ။ အဆီပါဝင်မှုများတဲ့ ပင်လယ်ငါးတွေစားပေးပါ။ရေများများသောက်ပေးပါ။

စိတ်ဖိစီးမှုကိုဖြေလျော့ပါ

စိတ်ဖိစီးမှုများလွန်းတာက အသားအရေကို ထိခိုက်စေနိုင်သလို ဝက်ခြံတွေ၊ အရေးအကြောင်းတွေဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် အရေပြားကျန်းမာစေဖို့အတွက်ဖြစ်နိုင်သမျှ စိတ်ဖိစီးမှုတွေကိုလျှော့ချဖို့ိုပါမယ်။ ဒါကြောင့် သီချင်းနားထောင်တာ၊ တရားထိုင်တာ နဲ့ပေါ့ပေါ့ပါးပါးလုပ်လို့ရတဲ့လေ့ကျင့်ခန်းလေးတွေလုပ်ပေးပါ။

Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Read also:

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy"
ရင်းမြစ်များ

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ဘာကြောင့် လက်တုန် ရတာလဲ ၊ ဒါတွေကြောင့် ဖြစ်နိုင်ပါတယ်။

လက်တုန် တုန်ရီခြင်း ခြေ လက် ထုံကျဉ် အာရုံကြော ရောဂါအကြောင်းရင်း အာဟာရချို့တဲ့ခြင်း သိုင်းရွိုက် စိတ်ဖိစီးမှု သွေးတွင်းသကြား ဆေးဝါး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Yun Sandi Nan Mon

ဗီတာမင် B က ခန္ဓာကိုယ်အတွက် ဘာတွေများ လုပ်ပေးလဲ။

ဗီတာမင် B ခန္ဓာကိုယ် ဆဲလ်တွေ ဇီဝကမ္မဖြစ်စဉ် အရေပြားဆဲလ် ဦးနှောက်ဆဲလ် thiamin folate နှလုံး အသည်း ဦးနှောက် သကြားဓာတ် fatty acids စတီးရွိုက်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon

ဒီပရက်ရှင် ဝင်တာ ဂုဏ်ယူစရာ မဟုတ်ပါ

စိတ်ကျ စိတ်ဓာတ်ကျ ဒီပရက်ရှင် စိတ်ဖိစီးမှု လက္ခဏာ နောက်ဆက်တွဲ ပြဿနာ စိတ်ကျန်းမာရေး ဝမ်းနည်း အထီးကျန် အဆုံးစီရင် အန္တရာယ် ကုသမှု အားပေးမှု

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Yun Sandi Nan Mon
ကျန်းမာစွာနေထိုင်ခြင်း, စိတ်ကျန်းမာရေး ဇူလိုင် 1, 2020 . 2 ဖတ်ရန် ကြာချိန်

Mask ကြောင့် မျက်မှန်မှာ အခိုးမရိုက်စေဖို့

Maskကြောင့် မျက်မှန်မှာ အခိုးရိုက် ကိုဗစ် mask အလေ့အထ မျက်မှန်တပ်ရသူ မှုန်ဝါးဝါး ရေနဲ့ ဆပ်ပြာ တစ်သျှူး အသက်ရှူ တစ်သျှူး ချွေးစို နှာခေါင်း တံထွေး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon
ကျန်းမာစွာနေထိုင်ခြင်း, Corona Virus, COVID-19 ဇူလိုင် 1, 2020 . 2 ဖတ်ရန် ကြာချိန်

သင့်အတွက် ရွေးချယ်ထားသည်

မျက်ကြောဆွဲခြင်း

မျက်ကြောဆွဲ ခြင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 5, 2020 . 2 ဖတ်ရန် ကြာချိန်
တားဆေးကပ်ခွာ (hormonal patch) သုံးမယ်ဆိုရင် သိထားသင့်တာလေးတွေ

တားဆေးကပ်ခွာ (hormonal patch) သုံးမယ်ဆိုရင် သိထားသင့်တာလေးတွေ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Thiha Phyo Myint
ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 3, 2020 . 3 ဖတ်ရန် ကြာချိန်
မကြာခဏ ခေါင်းကိုက်တတ်သူ တစ်ယောက်အတွက် အသုံးဝင်နိုင်မယ့် နည်းလမ်းများ

မကြာခဏ ခေါင်းကိုက်တတ်သူ တစ်ယောက်အတွက် အသုံးဝင်နိုင်မယ့် နည်းလမ်းများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Thiha Phyo Myint
ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 3, 2020 . 2 ဖတ်ရန် ကြာချိန်
အမာရွတ်ကင်း လှပခြင်းအတွက်

အမာရွတ်ကင်း လှပခြင်းအတွက်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Thiha Phyo Myint
ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 3, 2020 . 3 ဖတ်ရန် ကြာချိန်