အူမကြီးကို ဒီလိုသန့်ရှင်းကြမယ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 11, 2020 . 3 mins read
Share now

ခန္ဓါကိုယ်ကလည်း တကယ်တော့ စက်ယန္တရားတစ်ခုပါပဲ။ အစိတ်အပိုင်းတိုင်းကကောင်းကောင်းလည်ပတ်နေမှ ခန္ဓါကိုယ်က ကျန်းမာမှာပါ။ ဒီတော့ခေါင်းကနေစလို့ခြေဖျားအထိ အကောင်းဆုံးဂရုစိုက်နိုင်မှတော်ကာကျမှာပါ။မြင်ရတဲ့ အစိတ်အပိုင်းတွေကိုက ဂရုစိုက်ရတာလွယ်ပေမယ့် မမြင်ရတဲ့ ကိုယ်တွင်းအစိတ်အပိုင်းတွေကိုတော့ ဂရုစိုက်ရတာခက်ခဲပါတယ်။ ဒါပေမယ့်လည်း ခန္ဓါကိုယ်ကြီးကျန်းမာဖို့ကတော့ တတ်နိုင်တဲ့ဘက်က ဂရုစိုက်ရမှာပါပဲ။ ဒီတစ်ခေါက်တော့ ခန္ဓါကိုယ်ကျန်းမာဖို့ အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ အူမကြီးကို အိမ်မှာပဲ ဘယ်လိုသန့်စင်ရမလဲဆိုတဲ့အကြောင်းလေးပြောပြပေးပါရစေ။

အူမကြီးရဲ့ အခန်းကဏ္ဍ

အူမကြီးက အစာခြေစနစ်အဖွဲ့ဝင်တစ်ဦးပါ။ အစာခြေလမ်းကြောင်းတလျှောက်ချေဖျက်မှုအတွင်း မချေဖျက်နိုင်တဲ့ အစားအစာတွေထဲမှာပါတဲ့ရေဓါတ်၊ ဆားဓါတ်၊ ဗီတာမင်တွေနဲ့ အာဟာရဓါတ်တွေကို စုပ်ယူတဲ့တာဝန်၊ အူသိမ်ထဲမှာချေဖျက်လို့မရတဲ့ အစားအစာတွေကိုချေဖျက်ဖြိုခွဲမှု နဲ့ချေဖျက်မရတဲ့အစားအစာတွေကိုပြင်ပကို စွန့်ထုတ်ရတဲ့ တာဝန်တွေကို ထမ်းဆောင်ပေးနေတာပါ။

အူမကြီးကောင်းကောင်းအလုပ်မလုပ်ရင်

တကယ်လို့ အူမကြီးက အလုပ်ကောင်းကောင်းမလုပ်ဘူးဆိုရင် ကိုယ်တွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားဖို့ ခက်သလိုခေါင်းကိုက်တာ၊လေပွတာ၊လေအောင့်တာ၊ ကိုယ်အလေးချိန်တက်လာတာ၊ခြေကုန်လက်ပမ်းကျတာ နဲ့ ကိုယ်တွင်းမှာအဆိပ်အတောက်ဖြစ်စေတဲ့ ဓါတ်တွေထွက်လာတာမျိုးတွေအ ထိဖြစ်နိုင်ပါတယ်။ ဒါကြောင့် ကိုယ်တွင်းကအဆိပ်အတောက်တွေကို ဖယ်ရှားစွန့်ထုတ်ပစ်ဖို့ နဲ့ အူတွင်း အကျိုးပြုဘက်တီးရီးယားတွေတိုးလာစေဖို့အတွက် အူမကြီးကို သန့်စင်ပေးဖို့လိုပါမယ်။

အူမကြီး သန့်စင်ကျန်းမာနေပါမှ ကိုယ်တွင်းအဆိပ်အတောက်တွေကို ထိထိရောက်ရောက်ဖယ်ရှားနိုင်ပြီး ခန္ဓါကိုယ်အတွက် လိုအပ်တဲ့ ဗီတာမင် နဲ့ အာဟာရဓါတ်တွေကို စုပ်ယူနိုင်မှာပါ။ ဒီတော့ ခန္ဓါကိုယ် ကျန်းမာဖို့လိုအပ်တဲ့ အူမကြီးကိုသေချာဂရုစိုက်ဖို့လိုမယ်ဆိုတာပြောနေစရာတောင်မလိုလောက်အောင်ပါ။

အူမကြီးသန့်စင်စေဖို့

အူမကြီးသန့်စင်ဖို့ အစားအသောက်တွေနဲ့တင်လုပ်ဆောင်ပေးလို့ရပါတယ်။

အူမကြီးကျန်းမာစေဖို့ ဒါတွေစားပါ

  • ပန်းဂေါ်ဖီစိမ်း
  • အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်
  • နို့
  • ရက်စ်ဘယ်ရီသီး
  • အုတ်ဂျုံ
  • သောက်ရေ
  • ကွေကာအုတ်
  • ရှားစောင်းလက်ပပ်
  • ချင်း (ဂျင်း) တို့က အူမကြီးကိုသန့်စင်စေနိုင်တဲ့ အစားအသောက်တွေပါ။

ဒါလေးတွေကလည်း အူမကြီးကို သန့်စင်ရာမှာ အထောက်အကူပြုပေးပါသေးတယ်

အုတ်ဂျုံ – အမျှင်ဓါတ်၊ ကယ်လ်ဆီယမ်၊ဗီတာမင် D တို့ပါဝင်တာကြောင့်အစာခြေစနစ်ကိုကောင်းမွန်စွာလုပ်ဆောင်နိုင်စေပြီး ဝမ်းချုပ်တာမျိုး မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ အူမကြီးအတွင်း ကအဆိပ်အတောက်တွေကို ဖယ်ရှားဖို့ စားသုံးသင့်တဲ့အစားအစာတစ်ခုပေါ့။

သောက်ရေ -ရေသောက်ပေးတာက အူမကြီးကို သန့်စင်ပေးနိုင်တဲ့ အကောင်းဆုံးနဲ့ အထိရောက်ဆုံးနည်းလမ်းတစ်ခုပါ။ အူမကြီးသန့်စင်စေဖို့ တစ်နေ့ကိုရေ ၁၀ ခွက် ကနေ ၁၂ ခွက်အထိသောက်ပေးပါ။

ပန်းသီးဖျော်ရည် – အူမကြီးသန့်စင်စေဖို့အတွက် အကောင်းဆုံး အိမ်တွင်းကုထုံးတစ်ခုပါ။နေ့စဉ်ပန်းသီးဖျော်ရည်တစ်ခွက်သောက်ပေးတာက ကိုယ်တွင်းအဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်သလို အသည်းနဲ့ အစာခြေစနစ်ကို ကျန်းမာစေနိုင်ပါတယ်။ မနက်ခင်းမှာပန်းသီးဖျော်ရည်တစ်ခွက်စာသောက်ပြီး နာရီဝက်အကြာမှာရေတစ်ခွက်သောက်ပေးပါ။

သံပုရာရည် – ဓါတ်တိုးဆန့်ကျင်အာနိသင်တွေ၊ ဗီတာမင် C တို့ကြွယ်ဝတဲ့ သံပုရာရည်ကလည်း အူမကြီးကို ထိထိရောက်ရောက်သန့်စင်ပေးနိုင်မှာပါ။ မနက်အိပ်ရာထတဲ့အချိန်မှာရေနွေးနွေးလေးထဲကို သံပုရာသီးတစ်စိတ်စာညှစ်ထည့်ပြီးသောက်ပေးလို့လည်းရပါတယ်။

ဟင်းသီးဟင်းရွက်ဖျော်ရည်မုန်လာဥနီ၊ ကိုက်လန်၊မြင်းခွာရွက် တို့လိုမျိုး ဟင်းသီးဟင်းရွက်တွေကိုဖျော်သောက်ပေးမယ်ဆိုရင်လည်း အူမကြီးကို သန့်စင်ပေးနိုင်မှာပါ။

အမျှင်ဓါတ်ကြွယ်ဝတဲ့ အစားအစာတွေ – အမျှင်ဓါတ်က ဝမ်းမှန်စေပြီး အစာခြေစနစ်ကို ကျန်းမာစေနိုင်ပါတယ်။ ဒါကြောင့် ရက်စ်ဘယ်ရီ၊ ပန်းသီး၊ သစ်တော်သီး၊ ပန်းဂေါ်ဖီစိမ်းတို့လိုမျိုး အမျှင်ဓါတ်ကြွယ်ဝတဲ့ အစားအစာတွေကလည်း အူမကြီးသန့်စင်စေဖို့ အထောက်အကူပြုပေးပါတယ်။

ဒိန်ချဉ် – အူမကြီးကျန်းမာရေးအတွက် အကောင်းဆုံးအထောက်အပံ့ပေးနိုင်တဲ့ အစားအစာတစ်ခုပါ။ အကျိုးပြုဘက်တီးရီးယားတွေပါဝင်နေမှုက အစာခြစနစ်ကို ကာင်းကောင်းလုပ်ဆောင်နိုင်စေပါတယ်။ အူမကြီးအတွင်းနံရံက ဆဲလ်တွေကို ကြီးထွားဖွံ့ဖြိုးစေနိုင်တဲ့ ကယ်လ်ဆီယမ်ပါဝင်နေပြီး အူမကြီးကို သန့်စင်ကျန်းမာစေနိုင်ပါတယ်။

ရှားစောင်းလက်ပပ် – အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်တာကြောင့် အူမကြီးကို အကောင်းဆုံးသန့်စင်ပေးနိုင်မှာပါ။ခေါင်းကိုက်တာ၊ အရေပြားပြဿနာ၊ ဝမ်းလျှောတာ၊ ဝမ်းချုပ်တာနဲ့ အစာအိမ်နာတာတွေအတွက်လည်း ရှားစောင်းလက်ပပ်ကဆေးဖက်ဝင်ပါတယ်။ ရှားစောင်းလက်ပပ်ကို သံပုရာရည်နဲ့ရောပြီးသောက်ပေးလို့ရပါတယ်။

ချင်း (ဂျင်း) –လေပွတာကို သက်သာစေပြီး အူမကြီးကို အကောင်းဆုံးလုပ်ဆောင်နိုင်အောင် အထောက်အကူပြုပေးပါတယ်။ အဆိပ်အတောက်တွေနဲပ အညစ်အကြေးတွေကို စွန့်ထုတ်နိုင်စေဖို့ လုပ်ဆာင်ပေးသလို အစာခြေရည်တွေထွက်လာအောင်လည်း လှုံ့ဆော်ပေးပါတယ်။ ချင်း သတ္တုရည် လက်ဖက်ရည်ဇွန်း တစ်ဇွန်းစာကိုရေနွေးတစ်ခွက်စာနဲ့ရောပြီး တစ်နေ့ကို ၂ ကြိမ် ကနေ ၃ ကြိမ်လောက်အထိသောက်ပေးပါ။

ဒီလိုထိရောက်လွယ်ကူတဲ့နည်းလမ်းတွေကို သုံးပြီးအစာခြေစနစ်ကျန်းမာအောင်ဂရုစိုက်ပြီး ခန္ဓါကိုယ်ကျန်းမာစေဖို့ အရေးကြီးတဲ့အခန်းကဏ္ဍကနေပါဝင်နေတဲ့ အူမကြီးကို သန့်စင်ပေးလို့ ကျန်းမာပျော်ရွှင်တဲ့ ဘဝကို ပိုင်ဆိုင်လိုက်ပါ…….

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

အရသာရှိရှိ ဆေးဘဲဥသုပ် စားကြရာဝယ်

ဆေးဘဲဥလို့ ပြောလိုက်ရင် လူတိုင်း မြင်ဖူး စားဖူးကြမှာပါ။ အပေါ်က ထုံးလိုအရာတွေ မံထားပြီး ဒါတွေကို ထုခွဲလိုက်ရင် အတွင်းက ဘဲဥအလုံးလိုက်လေး ထွက်လာပါမယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

စိတ်ဖိစီးမှု ဆိုးဆိုးရွားရွား လွန်ကဲနေတဲ့ လက္ခဏာ ၁၀ ရပ်

စိတ်ဖိစီးမှုများတာမကောင်းပါဘူး။ ဘယ်အခြေအနေကို စိတ်ဖိစီးမှုများတယ်လို့ ဆိုနိုင်မလဲ။ ဘယ်လောက်အတိုင်းအတာဆိုရင် ဆိုးဆိုးရွားရွား လွန်ကဲနေပြီလို့ ပြောနိုင်မလဲ။

ရေးသားသူ Ye Zon Aung

သောကများရင် ရောဂါပွားမယ်

တကယ်တော့ သောကများတာမကောင်းပါဘူး။ ပူပင်သောကများခြင်းဟာ စိတ်ဝေဒနာတစ်မျိုးပါ။ ပူပင်သောကများတာကြောင့် ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ကြီးကိုပါ ထိခိုက်နိုင်ပါတယ်။

ရေးသားသူ Ye Zon Aung

သီးသီးအကြောင်း သိကောင်းစရာ

သီးသီးက အပြင်ခွံမာမာလေးနဲ့ လုံးဝန်းပါတယ်။ အထဲမှာ အနှစ်လေးတွေရှိပြီး အစေ့ အဖြူလေးတွေ ပါရှိပါတယ်။ မြင်သာအောင်ပြောပြရရင် ဥသျှစ်သီး အသေးစားလေးနဲ့ တူပါတယ်။ 

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

ရင်သားကင်ဆာ ကာကွယ်ပေးမယ့် အစားအစာများ

ရင်သားကင်ဆာ ကာကွယ်ပေးမယ့် အစားအစာများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 15, 2020 . 2 mins read
သာမန် ဖျားနာမှုကြောင့် အနံ့၊ အရသာ ပျောက်ခဲ့ရင်

သာမန် ဖျားနာမှုကြောင့် အနံ့၊ အရသာ ပျောက်ခဲ့ရင်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 9, 2020 . 2 mins read
ကိုယ်ခံအားအကြောင်း သိထားဖို့လိုမယ့် အချက်လေးတွေ

ကိုယ်ခံအားအကြောင်း သိထားဖို့လိုမယ့် အချက်လေးတွေ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 7, 2020 . 3 mins read
အူအတက်ခွဲစိတ်ကုသခြင်း

အူအတက်ခွဲစိတ်ကုသခြင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr.Thant Zin
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 5, 2020 . 3 mins read