ရေအေးနဲ့ ရေချိုးမလား၊ ရေနွေးနဲ့ပဲ ချိုးမလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date ဇူလိုင် 1, 2020 . 2 ဖတ်ရန် ကြာချိန်
Share now

ရေအေးချိုးတာ နဲ့ ရေပူချိုးတာကို တစ်မျိုးစီ သီးသန့် ကြိုက်တဲ့သူတွေလည်း ရှိသလို နှစ်မျိုးလုံး ကြိုက်တဲ့သူတွေလည်း ရှိပါတယ်။ ကျန်းမာရေးရှုထောင့်ကနေ ကြည့်မယ်ဆိုရင်လည်း ရေပူ၊ ရေအေး နှစ်မျိုးလုံးက ကျွန်တော်တို့ ခန္ဓာကိုယ်နဲ့ အရေပြားကို သူ့နည်း သူ့ဟန်နဲ့ ကူညီပေးနေတာပါပဲ။ တချို့ကျတော့လည်း ရာသီဥတုက အေးနေရင် ရေနွေးလေး ပြောင်းချိုးပြီး ရာသီဥတုက ပူနေရင် ရေအေးအေးလေးနဲ့ ချိုးလိုက်တာမျိုးလည်း ရှိတာပေါ့။ ဒီဆောင်းပါးလေးမှာ ရေပူ၊ ရေအေး ချိုးခြင်းက ကျွန်တော်တို့ ခန္ဓာကိုယ်ကို ဘယ်လို အထောက်အကူ ဖြစ်စေလဲဆိုတဲ့ ကောင်းကျိုးတွေ၊ ဆိုးကျိုးတွေနဲ့ ပတ်သက်ပြီး ပြောပြပေးချင်ပါတယ်။

ရေအေးချိုးခြင်း

၁။ အရေပြား ယားယံတာကို သက်သာစေတယ်။

ရာသီဥတုကြောင့် ဖြစ်စေ၊ အဝတ်အစားကြောင့်၊ ဓာတ်မတည့်တာကြောင့်၊ အရေပြား ပြဿနာတစ်ခုခုကြောင့် ယားယံနေတဲ့သူတွေဆိုရင် ရေအေးနဲ့ ချိုးခြင်းဖြင့် ယားယံခြင်းကို ပြေလျော့စေနိုင်ပါတယ်။

၂။ စိတ်ကို နိုးကြားတက်ကြွစေတယ်။

ရေအေးနဲ့ အသား ရုတ်တရက် ထိလိုက်တဲ့အခါ ကျဉ်ကနဲ ဖြစ်သွားတဲ့ ခံစားချက်ရယ်၊ နှလုံးခုန်နှုန်း မြန်လာတာ၊ ဦးနှောက်က အေးကနဲ ဖြစ်ပြီး နိုးကြားတက်ကြွလာတာကြောင့် လူက အိပ်ချင်တာတွေ ပြေပြီး စိတ်ကို လန်းလန်းဆန်းဆန်း ဖြစ်စေပါတယ်။ ဒါကို ကြည့်ခြင်းဖြင့် မနက်ပိုင်း အိပ်ရာနိုးနိုးချင်း ရေအေးနဲ့ ချိုးတာက တစ်နေ့တာလုံး သင့်ရဲ့ စိတ်တွေကို ပေါ့ပါးလန်းဆန်းနေစေတယ်ဆိုတာ သိမယ်ထင်ပါတယ်။

၃။ သွေးလည်ပတ်မှုကို ကောင်းစေတယ်။

ရေအေးက လူ့ အရေပြားကို ထိတွေ့လိုက်တဲ့အခါ ခန္ဓာကိုယ်တစ်ခုလုံးမှာ ရှိတဲ့ သွေးစီးဆင်းနှုန်းက မြန်လာပြီး အနက်ရှိုင်းဆုံး တစ်ရှူးတွေထဲမှာ ရှိနေတဲ့ သွေးတွေပါ မြန်မြန် လည်ပတ်စီးဆင်းစေပါတယ်။ သွေးတိုး၊ နှလုံးသွေးကြောကျဉ်း ရောဂါ ရှိသူတွေအတွက် ကောင်းသလို ရောဂါမရှိသေးတဲ့သူတွေကိုလည်း မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

၄။ လေ့ကျင့်ခန်း လုပ်ပြီးနောက် ကြွက်သားနာကျင်ကိုက်ခဲတာကို သက်သာစေတယ်။

အပြင်းအထန် လေ့ကျင့်ခန်း လုပ်ပြီးသွားရင် ရေအေးအေးနဲ့ ချိုးလိုက်မှ အညောင်းအညာ ပြေသွားတာမျိုး ကိုယ်တိုင် ကြုံဖူးမှာပါပဲ။ အဓိက အအေးဓာတ်က ခန္ဓာကိုယ်ရဲ့ တင်းနေတဲ့ ကြွက်သားတွေက ပြေလျော့သွားစေသလို အရောင်ကျစေနိုင်ပါတယ်။

ရေအေးနဲ့ ပတ်သက်ပြီး မကောင်းတဲ့အချက်ကို ပြောပါဆိုရင် ရာသီဥတု အေးနေတဲ့အချိန်၊ ဖျားနေချိန်၊ နှာစေးနှာပိတ် ဖြစ်နေချိန်မှာတော့ မချိုးသင့်ပါဘူး။ ကိုယ်တွင်း အပူချိန် ကျဆင်းသွားရင် နဂိုအတိုင်း ပြန်တက်လာဖို့ အချိန်စောင့်ရတတ်သလို ဒီကြားထဲမှာလည်း ကိုယ်ခံအားစနစ်က ကျသွားတတ်တဲ့အတွက် နဂိုရှိနေပြီးသား အဖျားတွေ ပြန်ထလာနိုင်ပါတယ်။

ရေပူရေနွေးဖြင့် ရေချိုးခြင်း

၁။ အအေးမိဖျားနာနေတဲ့သူတွေအတွက် ဝေဒနာ သက်သာစေတယ်။

ရေနွေးနဲ့ ရေချိုးတဲ့အခါ ထွက်လာတဲ့ အငွေ့တွေက အအေးမိဖျားနာခြင်းရဲ့ နောက်ဆက်တွဲ နှာစေးနှာပိတ်တာ၊ နှာရည်ယိုတာ၊ ချွဲသလိပ် ထတာ၊ လည်ချောင်းနာတာကို သက်သာစေနိုင်ပါတယ်။

၂။ ချွေးပေါက်အတွင်းထဲထိ သန့်စင်ပေးနိုင်တယ်။

ရေအေးထက်စာရင် ရေနွေးနဲ့ ချိုးပေးခြင်းက ချွေးပေါက်တွေကို ကျယ်စေလို့ အတွင်းထဲမှာ ပိတ်မိနေတဲ့ အဆီနဲ့ အညစ်အကြေးတွေကို ဖယ်ရှားပေးလို့ ဘက်တီးရီးယားပိုးမွှား ပေါက်တာတွေ နည်းသွားပြီး ဝက်ခြံနဲ့ တခြား အရေပြား ပြဿနာတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

၃။ ကြွက်သားတင်းနေတာအတွက် ကောင်းတယ်။

တစ်နေ့လုံး အလုပ်လုပ်ပြီးတော့ ကြွက်သားတွေ တင်းပြီး နေရထိုင်ရခက်နေတဲ့သူတွေ ရေပူရေနွေး ချိုးပေးခြင်းဖြင့် အညောင်းအညာ ပြေစေပြီး လူကို ပေါ့ပေါ့ပါးပါး ဖြစ်သွားစေနိုင်ပါတယ်။

မကောင်းတဲ့အချက်တွေကတော့ ရေပူရေနွေးနဲ့ ကြာရှည်ချိုးခြင်းက အစိုဓာတ်ကို ခန်းခြောက်သွားစေလို့ အသားခြောက်ပြီး ယားယံစေတယ်။ နှင်းခူ၊ ညှင်းလို အရေပြားမှိုစွဲနေတဲ့သူတွေဆိုရင် ယားယံခြင်းကို ပိုဆိုးသွားစေနိုင်တယ်။ သွေးပေါင်တက်စေလို့ သွေးတိုးသမားတွေ၊ နှလုံးသွေးကြောကျဉ်း ရောဂါရှိသူတွေ ချိုးဖို့ မသင့်လျော်ပါဘူး။

ရေပူ၊ ရေအေးနဲ့ ချိုးခြင်း နှစ်မျိုးလုံးမှာ ကောင်းတာရော၊ ဆိုးတာပါ ဒွန်တွဲနေတဲ့အတွက် သွေးတိုး၊ နှလုံးသွေးကြောကျဉ်း ရောဂါရှိသူတွေ၊ အရေပြား ပြဿနာရှိသူတွေအတွက် သေချာသတိထားဖို့ လိုပေမယ့် ပုံမှန်လူတွေအတွက်တော့ ကိုယ်အဆင်ပြေတဲ့ ပုံစံနဲ့ ချိုးလို့ ရပါတယ်။

Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာ ကောင်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Read also:

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy"

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ပျော်ရွှင်မြူးထူးစွာ Zumba ကကြမယ်

Gym လေ့ကျင့်ခန်း Zumba ကိုယ်အလေးချိန် ကြွက်သားတွေ နှလုံးကျန်းမာရေး ခန္ဓာကိုယ်ရဲ့ အနေအထား သွေးတိုး ကျန်းမာတဲ့ နေထိုင်မှု ပုံစံ အသက်ရှူလမ်းကြောင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Thiha Phyo Myint

ပါးစပ်ထဲက တံထွေး ကျန်းမာရေးကို ဘယ်လို အထောက်အကူပြုသလဲ။

တံထွေး အလှအပ ခန္ဓာကိုယ် ကျန်းမာရေး အကျိုးကျေးဇူး ကျန်းမာရေး ခံတွင်း အရေပြား အနာကျက် ခံတွင်းသန့် ဘက်တီးရီးယား သွားနဲ့ခံတွင်း အက်ဆစ်တွေ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon

ကျားလိင်အင်္ဂါမှာ ဝဲခြောက်ယားနာ ဖြစ်နေခဲ့ရင်

လိင်အင်္ဂါ ဝဲခြောက် ယားနာ အရေပြား ကျန်းမာရေး တစ်ကိုယ်ရေသန့်ရှင်းမှု အဝတ်အစား လိင်ဆက်ဆံခြင်း ကပ်ပါး ယားယံခြင်း အနာ ပေါင်ခြံ တင်ပါး အမျိုးသား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat

ရေချိုးနေစဉ် ဆီးသွားသင့်လား

ရေချိုး ဆီးသွား အညစ်အကြေး အပေါ့ ရောဂါပိုး ဘက်တီးရီးယား ရေချိုးခန်း သန့်ရှင်းရေး ပိုးသန့်စင်ခြင်း ကြမ်းပြင် ဆီးလမ်းကြောင်း မိသားစု ရေကူးကန်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat

သင့်အတွက် ရွေးချယ်ထားသည်

တားဆေးကပ်ခွာ (hormonal patch) သုံးမယ်ဆိုရင် သိထားသင့်တာလေးတွေ

တားဆေးကပ်ခွာ (hormonal patch) သုံးမယ်ဆိုရင် သိထားသင့်တာလေးတွေ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Thiha Phyo Myint
ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 3, 2020 . 3 ဖတ်ရန် ကြာချိန်
မကြာခဏ ခေါင်းကိုက်တတ်သူ တစ်ယောက်အတွက် အသုံးဝင်နိုင်မယ့် နည်းလမ်းများ

မကြာခဏ ခေါင်းကိုက်တတ်သူ တစ်ယောက်အတွက် အသုံးဝင်နိုင်မယ့် နည်းလမ်းများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Thiha Phyo Myint
ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 3, 2020 . 2 ဖတ်ရန် ကြာချိန်
လူတိုင်းဟာ ပျော်ရွှင်ခြင်းနဲ့ ထိုက်တန်ပါတယ်

လူတိုင်းဟာ ပျော်ရွှင်ခြင်းနဲ့ ထိုက်တန်ပါတယ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Thiha Phyo Myint
ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 3, 2020 . 2 ဖတ်ရန် ကြာချိန်
ဘော်ဒီ တက်လာအောင် ဘာတွေ စားရမလဲ

ဘော်ဒီ တက်လာအောင် ဘာတွေ စားရမလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Yun Sandi Nan Mon
ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 3, 2020 . 3 ဖတ်ရန် ကြာချိန်