သင့်ကော်ဖီကို ဒီလိုအားဖြည့်ရအောင်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date ဩဂုတ် 19, 2020 . 2 mins read
Share now

သင်ဟာ ကော်ဖီကြိုက်သူ တစ်ယောက်လား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးကို ဆက်ဖတ်ကြည့်ပေးပါ။ သင်သောက်နေကျ ကော်ဖီကို ဘယ်လိုဆန်းသစ်မလဲဆိုတာတွေ ဖော်ပြပေးသွားမှာပါ။

ကော်ဖီတစ်ခွက်ဟာ သင့်ကို လန်းဆန်းတက်ကြွစေနိုင်ပါတယ်။ ဒီကော်ဖီထဲကို သင့်ကျန်းမာရေးအတွက် အကျိုးဖြစ်စေမယ့် ဗီတာမင်၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေနဲ့ တခြားအာဟာရဓာတ်တွေ ဖြည့်စွက်လိုက်တဲ့အခါ သင့်ကော်ဖီဟာ ပိုမိုပြီးပြည့်စုံသွားမှာ ဖြစ်ပါတယ်။ ကော်ဖီစွဲနေသူများအတွက်လည်း အာဟာရဓာတ်များ ပေါင်းထည့်ပေးခြင်းအားဖြင့် ပိုမိုအကျိုးရှိစေမှာ ဖြစ်ပါတယ်။

ယခုဖော်ပြပေးမယ့် နည်းလမ်းတွေကတော့ သင့်ရဲ့ကော်ဖီကို ပိုမိုအသက်ဝင် ထူးခြားအောင် ဘယ်လိုအာဟာရပစ္စည်းများနဲ့ အားဖြည့်ရမလဲ ဆိုတာပါပဲ။

သစ်ကြံပိုးခေါက်မှုန့် ထည့်ပါ

ကော်ဖီထဲကို သစ်ကြံပိုးခေါက်မှုန့်ထည့်ခြင်းဟာ အရသာပိုမိုထူးခြားစေတဲ့အပြင် ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေကိုလည်း ပိုမိုအားကောင်းသွားစေပါတယ်။ သစ်ကြံပိုးခေါက်ကို ဟင်းခတ်အမွှေးအကြိုင်အနေနဲ့ရော ဆေးဘက်ဝင်ပစ္စည်းအနေနဲ့ပါ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက သုံးစွဲခဲ့ကြပါတယ်။ သစ်ကြံပိုးခေါက်ဟာ နှလုံးအတွက်ရော ဦးနှောက်အတွက်ပါ အကျိုးပြုပါတယ်။ ရိုးရိုးသစ်ကြံပိုးခေါက်ထက်စာရင် သီဟိုဠ်သစ်ကြံပိုးခေါက်က ပိုမိုသင့်တော်ပါတယ်။

ဂျင်း (ချင်း) ထည့်ပါ

သင်ကြားဖူးနေကျ စကား ဂျင်းထည့်တယ်ဆိုတာ ဒီနေရာမှာတော့ အကောင်းဖက်က ဖြစ်ပါတယ်။ ကော်ဖီထဲကို ချင်းထည့်သောက်ခြင်းအားဖြင့် အနံ့ရော အရသာပါ ထူးခြားစေပါတယ်။ ချင်းမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေနဲ့ ရောင်ရမ်းခြင်းကို လျော့ကျစေတဲ့ အာနိသင်တွေ ပါဝင်ပါတယ်။ ကြွက်သားများ နာကျင်ခြင်းကိုလည်း သက်သာစေပါတယ်။ ကိုလက်စထရော ကျစေပြီး အစာခြေ လမ်းကြောင်းကို ကောင်းမွန်စေပါတယ်။

မှို သုံးပါ

ကော်ဖီနဲ့မှိုဆိုတဲ့ အတွဲအစပ်ကို သင်တော်ရုံနဲ့ စဉ်းစားမိမှာ မဟုတ်ပါဘူး။ ဒါပေမယ့် တကယ်အကောင်အထည်ဖော်နိုင်ပါတယ်။ မှိုမှာ ဗိုင်းရပ်စ်ဆန့်ကျင်တဲ့ ဂုဏ်သတ္တိ၊ ရောင်ရမ်းမှု ကျစေတဲ့ ဂုဏ်သတ္တိနဲ့ ကိုယ်ခံစွမ်းအားကို တိုးမြှင့်ပေးတဲ့ အာနိသင်တွေ ရှိပါတယ်။ ဓာတ်တိုးဆန့်ကျင်တဲ့ ဂုဏ်သတ္တိလည်း ရှိပါတယ်။ အစာခြေလမ်းကြောင်းကို ကောင်းမွန်စေပါတယ်။ ရှီးပဒီးမှိုဟာ စွမ်းအင်ကို မြင့်မားစေပြီး လင်ဇီးမှိုကတော့ စိတ်ဖိစီးမှုတွေကို ပြေလျော့စေပြီး အိပ်ပျော်စေပါတယ်။ ကြိုက်နှစ်သက်ရာ မှိုအမျိုးအစားကို အမှုန့်အနေနဲ့ ရွေးဝယ်နိုင်သလို မှိုရောစပ်ပြီးသား ကော်ဖီတွေကိုလည်း ရွေးချယ်နိုင်ပါသေးတယ်။

နနွင်း ထည့်ပါ

နနွင်းကို တိုင်းရင်းဆေးမှာလည်း ဆေးဝါးအနေနဲ့ သုံးကြပါတယ်။ နနွင်းမှာပါဝင်တဲ့ curcumin ဆိုတဲ့ဓာတ်မှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းနဲ့ ရောင်ရမ်းမှုကျဆင်းစေတဲ့ အာနိသင်ပါရှိပါတယ်။ အသည်းအတွက် အကျိုးပြုပါတယ်။ အစာခြေစနစ်ကို ပံ့ပိုးပေးပြီး စိတ်ကျခြင်းကိုလည်း လျော့ပါးစေပါတယ်။

မကာမှုန့် (maca) ထည့်ပါ

မကာအမြစ်ကနေ ထုတ်လုပ်ထားတဲ့ မကာအမှုန့်ကို ဖြင်ဖူးကြပါလိမ့်မယ်။ မကာမြစ်မှာ ဟော်မုန်းမျှတစေတဲ့ အာနိသင်ရှိပါတယ်။ စွမ်းအင်မြှင့်တင်ပေးပြီး အားကစားလှုပ်ရှားမှုတွေကို စွမ်းဆောင်ရည်တက်စေပါတယ်။ လိင်စိတ်ဆန္ဒကိုလည်း စေ့ဆော်ပေးနိုင်ပါတယ်။ မကာမှုန့်မှာ အမိုင်နိုအက်ဆစ်အမျိုး ၂၀ ကျော် ပါဝင်ပါတယ်။ ပရိုတင်းနဲ့ ဗီတာမင် C လည်း ကြွယ်ဝပါတယ်။

ကိုကိုးသုံးပါ

ချောကလက်နဲ့ကော်ဖီဆိုတဲ့ အတွဲအစပ်ဟာ အင်မတန်နှစ်သက်ဖွယ်ကောင်းမယ်ဆိုတာ မငြင်းနိုင်ပါဘူး။ ကိုကိုးမှုန့်ကို ကော်ဖီထဲထည့်ပေးခြင်းအားဖြင့် ဓာတ်တိုးဆန့်ကျင်ဂုဏ်သတ္တိကို ပိုမိုမြှင့်တင်ပေးနိုင်ပါတယ်။ သံဓာတ်လည်း ကြွယ်ဝပါတယ်။ နှလုံးအတွက်လည်း ကောင်းစေပါတယ်။

ကိုကိုးရဲ့ ရောင်ရမ်းမှုကျစေတဲ့ ဂုဏ်သတ္တိဟာ သွေးတိုးကိုကျစေပြီး အကျိုးပြု HDL ကိုလက်စထရောကို မြှင့်တင်ပေးပါတယ်။ စိတ်ကိုကြည်လင်စေတဲ့ အာနိသင်ရှိလို့ စိတ်ကျခြင်းကို ကာကွယ်ပေးပါတယ်။ ဦးနှောက်အတွက်လည်း အကျိုးပြုပါတယ်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Read also:

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy"

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

Cardio ကစားကြမယ်။

cardio လုပ်ရင်း ဘယ်လို အကျိုးကျေးဇူးတွေ ရနိုင်လဲဆိုတာကို သိရှိပြီး ထိရောက် အကျိုးရှိစွာ လေ့ကျင့်နိုင်စေဖို့ ဒီဆောင်းပါးလေးကို ဖတ်ကြည့်လိုက်နော်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

နှင်းခူရှိသူတွေအတွက် စားသောက်မှုပုံစံ

နှင်းခူ ပြင်းထန်တဲ့ အရေပြားပြဿနာတွေထဲက တစ်ခုပေါ့။ နေထိုင်စားသောက်မှုက နှင်းခူအပေါ်မှာ အများ​ကြီး သက်ရောက်နေပါတယ်။ သေချာဂရုစိုက်သင့်တဲ့ အရေပြားပြဿနာပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ဆံသား ကျန်းမာစေဖို့ဆိုတာထက် ပိုအသုံးဝင်တဲ့ အုန်းဆီစစ်စစ်

အုန်းဆီကို စားစရာလို့ မြင်ခဲပေမယ့် စားကြည့်ရင် ကျန်းမာရေးအတွက် အကျိုးများသတဲ့။ အုန်းဆီလို့ ပြောလိုက်ရင် အလှအပအတွက် သုံးစရာတစ်ခုလို့ပဲ မြင်တတ်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ငရုတ်ပွ နဲ့ ကျန်းမာရေး

အစိမ်းကြော်လေးပဲ ကြော်ကြော်၊ အသားလေးနဲ့ပဲ နှပ်နှပ်၊ မွှေးပြီး စားလို့ ကောင်းတဲ့ ငရုတ်ပွကို ကြိုက်လား။ ငရုတ်ပွက အရောင်လှသလို ကျန်းမာရေးအတွက် ကောင်းပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

အမဲသားက ပေးစွမ်းနိုင်တဲ့ ကျန်းမာရေး အကျိုးကျေးဇူးများ

အမဲသားက ပေးစွမ်းနိုင်တဲ့ ကျန်းမာရေး အကျိုးကျေးဇူးများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Thiha Phyo Myint
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 25, 2020 . 1 min read
ကျန်းမာရေးနဲ့ ညီညွတ်အောင် ဆူရှီကို ဘယ်လို စားကြမလဲ

ကျန်းမာရေးနဲ့ ညီညွတ်အောင် ဆူရှီကို ဘယ်လို စားကြမလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Thiha Phyo Myint
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 25, 2020 . 2 mins read
ဆီးချိုဝေဒနာရှင်တွေကို အထူးအန္တရာယ်ပေးနေတဲ့ကိုဗစ်

ဆီးချိုဝေဒနာရှင်တွေကို အထူးအန္တရာယ်ပေးနေတဲ့ကိုဗစ်

ရေးသားသူ Dr. Thiha Phyo Myint
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 25, 2020 . 2 mins read
အူလမ်းကြောင်းစနစ်ဘယ်လိုအလုပ်လုပ်သလဲ

အူလမ်းကြောင်းစနစ်ဘယ်လိုအလုပ်လုပ်သလဲ

ရေးသားသူ Dr. Thiha Phyo Myint
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 25, 2020 . 2 mins read