ကိုယ်ဝန်ဆောင်လိုသည့် အမျိုးသမီးများအတွက် လိုအပ်သော အာဟာရဓာတ်များ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date ဇူလိုင် 14, 2020 . 2 mins read
Share now

ကိုယ်ဝန်ဆောင်ခြင်းဟာ အမျိုးသမီးတို့ရဲ့ဘဝမှာ အမှတ်တရကိစ္စတစ်ခု ဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်နိုင်ဖို့ဆိုရင် ကိုယ်ခန္ဓာကို အကောင်းဆုံး အာဟာရဓာတ်ရရှိအောင် စားသောက်ပေးဖို့လည်း လိုပါတယ်။ ပုံမှန်အားဖြင့် ဗီတာမင်၊ သတ္တုဓာတ်နဲ့ ကိုယ်ဝန်ဆောင်နိုင်စွမ်းကို မြင့်တက်စေတဲ့ အာဟာရဓာတ်တွေ မျှတအောင် စားသောက်ပေးဖို့ လိုပါတယ်။

အောက်ပါအာဟာရဓာတ်များကတော့ ကိုယ်ဝန်ဆောင်လိုသူ အမျိုးသမီးများအနေနဲ့ ပုံမှန်သုံးစွဲသင့်တဲ့ အာဟာရဓာတ်တွေ ဖြစ်ပါတယ်။

ဇင့်

အမေရိကန်နိုင်ငံ ပန်ဆယ်ဗေးနီးယားပြည်နယ်တက္ကသိုလ်ရဲ့ ထုတ်ပြန်ချက်တစ်ခုအရ ဇင့်ဓာတ်ချို့ယွင်းခြင်းဟာ မျိုးဥသန္ဓေအောင်နိုင်စွမ်းအပေါ် ထိခိုက်နိုင်ခြေရှိကြောင်း သိရပါတယ်။ မကြာသေးမီက တွေ့ရှိခဲ့တဲ့ သုတေသနတွေအရ ဇင့်ဓာတ်ဟာ သန္ဓေအောင်ဖို့ အရေးကြီးတဲ့ သတ္တုဓာတ်တစ်မျိုး ဖြစ်ပါတယ်။

မျိုးဥများ ဆဲလ်ကွဲပွားခြင်း၊ ဒီအန်အေဖွဲ့စည်းဖြစ်ပေါ်ခြင်း၊ သားလောင်းများ ဖွံ့ဖြိုးခြင်း စတာတွေမှာ အရေးပါပါတယ်။ အရွယ်ရောက်ပြီး အမျိုးသမီးတစ်ဦးအတွက် တစ်နေ့တာ ဇင့်ဓာတ်လိုအပ်ချက်ကတော့ ၈ မီလီဂရမ်ဖြစ်ပြီး ကိုယ်ဝန်ဆောင်ချိန်နဲ့ မိခင်နို့တိုက်ချိန်နေမှာတော့ ၁၂ မီလီဂရမ် ဖြစ်ပါတယ်။
ဒါပေမယ့် သတိပြုရမယ့်အချက်ကတော့ ဇင့်ဓာတ်ကို လွန်ကဲစွာစားသုံးမိရင်လည်း ကြေးနီဓာတ်စုပ်ယူခြင်းနဲ့ ဇီဝဖြစ်ပျက်မှုမှာ အနှောင့်အယှက်ဖြစ်စေပါတယ်။

ကိုလင်း (Choline)

ကိုလင်းဟာ ဘယ်အသက်အရွယ်မှာမဆို လိုအပ်တဲ့ အာဟာရဓာတ် ဖြစ်ပါတယ်။ ဘဝရဲ့ အစောပိုင်းကာလတွေမှာ ဦးနှောက်ဖွံ့ဖြိုးမှုအတွက် မရှိမဖြစ် လိုအပ်ပါတယ်။ အသက်ကြီးပိုင်းကာလတွေမှာလည်း ဦးနှောက်နဲ့အာရုံကြောပိုင်းဆိုင်ရာများ ဆုတ်ယုတ်ကျဆင်းလာနိုင်ခြေကို တားဆီးပေးပါတယ်။

ကိုလင်းကြွယ်ဝတဲ့ အစားအစာတွေကတော့ ဆယ်လ်မွန်ငါး၊ ဥအမျိုးမျိုး၊ ပန်းပွင့်စိမ်း၊ ပဲထောပတ်၊ အမဲအသည်း၊ ကြက်အသည်း စတာတွေ ဖြစ်ပါတယ်။ ကိုလင်းဓာတ်အတွက် တနေ့တာလိုအပ်ချက်ကတော့ ၅၅၀ မီလီဂရမ် ဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်အားဆေးတိုင်းမှာ ကိုလင်းမပါဝင်တာမို့ အားဆေးများ၊ ဖြည့်စွက်စာများ ဝယ်ယူသုံးစွဲတဲ့အခါ အညွှန်းစာကို ဖတ်ရှုသင့်ပါတယ်။

Omega-3

Omega-3 ကို Docosahexaenoic acid (အတိုကောက်အားဖြင့် DHA) လို့ခေါ်ပြီး ကလေးငယ်များ ဦးနှောက်နဲ့ မျက်စိပိုင်းဆိုင်ရာ ဖွံ့ဖြိုးရေးအတွက် မရှိမဖြစ် အရေးကြီးပါတယ်။ ၂၀၁၆ ခုနှစ်မှာ ပြုလုပ်ခဲ့တဲ့ သားဖွားမီးယပ်ဆိုင်ရာ သုတေသနအရ Omega-3 သုံးစွဲခြင်းကြောင့် လမစေ့ဘဲ မီးဖွားနိုင်ခြေကို လျော့နည်းစေတယ်လို့ သိရပါတယ်။ အခြားသုတေသနတစ်ခုမှာ ဖော်ပြထားတာကတော့ ကိုယ်ဝန်ဆောင် တတိယသုံးလပတ်မှာ Omega-3 သုံးစွဲခြင်းဟာ မွေးဖွားလာမယ့် ကလေးမှာ ပန်းနာရင်ကျပ်ရောဂါ၊ အဆုတ်ရောဂါ စတာတွေကို ဖြစ်နိုင်ခြေ လျော့နည်းစေတယ် ဆိုတာပါပဲ။ ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်တွေအတွက် တစ်နေ့တာ DHA လိုအပ်ချက်ကတော့ ၃၀၀ မီလီဂရမ် ဖြစ်ပါတယ်။

Probiotics (အကျိုးပြုဘက်တီးရီးယားများ)

Probiotics (အကျိုးပြုဘက်တီးရီးယားများ)ဟာ အစာအိမ်အူလမ်းကြောင်းပိုင်းသာ အကျိုးပြုရုံမကဘဲ ကိုယ်ဝန်ရနိုင်ခြေကိုလည်း မြင့်တက်စေပါတယ်။ Probiotics များဟာ ကိုယ်ခန္ဓာရဲ့ ရောင်ရမ်းမှု များကို လျော့ကျသက်သာစေပါတယ်။ ကိုယ်ခန္ဓာရောင်ရမ်းမှုများကြောင့် ကိုယ်ဝန်ရနိုင်ခြေနည်းပါးခြင်းပြဿနာကို လျော့နည်းစေပါတယ်။

သံဓာတ်

သံဓာတ်ဟာ အောက်ဆီဂျင်သယ်ယူပို့ဆောင်ပေးတဲ့ သွေးနီဥတွေဖြစ်ပေါ်ဖို့ အရေးကြီးပါတယ်။ ကိုယ်ဝန်ဆောင်လိုတယ်ဆိုရင် သံဓာတ်ချို့တဲ့ခြင်းလည်း မဖြစ်ဖို့ လိုပါတယ်။ သံဓာတ်နည်းခြင်းဟာ မျိုးဥကြွေခြင်းအပေါ် ထိခိုက်နိုင်ပြီး ကိုယ်ဝန်ဆောင်နိုင်ဖို့ အဟန့်အတား ဖြစ်စေပါတယ်။ အရွယ်ရောက်ပြီး အမျိုးသမီးတစ်ဦးအနေနဲ့ တစ်ရက်တာမှာ သံဓာတ် ၁၈ မီလီဂရမ် လိုအပ်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ၂၇ မီလီဂရမ် လိုအပ်ပါတယ်။

ဖောလစ်အက်ဆစ်

ကိုယ်ဝန်ဆောင်လိုသူများအနေနဲ့ ဖောလစ်အက်ဆစ်ကို ကြိုတင်သောက်သုံးပေးသင့်ပါတယ်။ တစ်နေ့တာလိုအပ်ချက်ကတော့ ၄၀၀ မိုက်ခရိုဂရမ် ဖြစ်ပါတယ်။ ဖောလစ်အက်ဆစ်ဟာ ကိုယ်ဝန်ရနိုင်ခြေကို မြင့်မားစေတဲ့အပြင် ရလာပြီးတဲ့ ကိုယ်ဝန်ကိုလည်း ကျန်းမာသန်စွမ်းအောင် ထိန်းသိမ်းပေးနိုင်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

အရသာရှိရှိ ဆေးဘဲဥသုပ် စားကြရာဝယ်

ဆေးဘဲဥလို့ ပြောလိုက်ရင် လူတိုင်း မြင်ဖူး စားဖူးကြမှာပါ။ အပေါ်က ထုံးလိုအရာတွေ မံထားပြီး ဒါတွေကို ထုခွဲလိုက်ရင် အတွင်းက ဘဲဥအလုံးလိုက်လေး ထွက်လာပါမယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ကလေးများရဲ့ ဆန်းစစ်ဝေဖန်နိုင်စွမ်းတိုးတက်စေဖို့

ကလေးတွေဟာ သင်လွယ်တတ်လွယ်လေးတွေပါ။ ခုခေတ်ကလေးတွေဆို လည်လိုက်တာမှ အရိပ်ပြရင် အကောင်မြင်ပါတယ်။ ဒီလို ဉာဏ်ကောင်းတဲ့ကလေးတွေဟာ အမှားအမှန်ကို ဆန်းစစ်နိုင်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

အဆစ်ရောင်ရောဂါရှိသူများအတွက် သင့်တော်သော စားသောက်ဖွယ်ရာများ

အဆစ်ရောင်ရောဂါဟာ အရိုးအဆစ်တွေမှာရှိတဲ့ အရိုးနုတွေ ရောင်ရမ်းခြင်း၊ ပျက်စီးခြင်း စတာတွေကြောင့် ဖြစ်ပွားရပြီး နာကျင်ကိုက်ခဲမှုဝေဒနာကို သိသိသာသာ ခံစားရပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr.Thant Zin
အဆစ်ရောင်နာ, ကျန်းမာရေးစင်တာ အောက်တိုဘာ 1, 2020 . 2 mins read

ပိုတက်ဆီယမ်၏ အကျိုးကျေးဇူးများ

ပိုတက်ဆီယမ်ဟာ ကိုယ်ခန္ဓာအတွက် အရေးကြီးတဲ့ သတ္တုဓာတ်တမျိုးဖြစ်ပါတယ်။ ကိုယ်ခန္ဓာထဲမှာရှိတဲ့ ပိုတက်ဆီယမ်ဓာတ် စုစုပေါင်းရဲ့ ၈၀ ရာခိုင်နှုန်းက ကြွက်သားတွေမှာပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr.Thant Zin

သင့်အတွက် ရွေးချယ်ထားသည်

ကိုဗစ်ကာလ မဖြစ်မနေ မှီဝဲပေးသင့်တဲ့ အာဟာရ

ကိုဗစ်ကာလ မဖြစ်မနေ မှီဝဲပေးသင့်တဲ့ အာဟာရ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 20, 2020 . 2 mins read
ကြားဖူးနေတဲ့ lcFos က ကလေးတွေအတွက် ဘယ်လို အကျိုးပြုသလဲ........

ကြားဖူးနေတဲ့ lcFos က ကလေးတွေအတွက် ဘယ်လို အကျိုးပြုသလဲ……..

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 15, 2020 . 2 mins read
အစာရေမျိုကင်ဆာ ဒီလိုကာကွယ်ပါ

အစာရေမျိုကင်ဆာ ဒီလိုကာကွယ်ပါ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 13, 2020 . 2 mins read
ကလေးရဲ့ အနာဂတ် လှပဖို့ DHA ဘာလို့လိုတာလဲ

ကလေးရဲ့ အနာဂတ် လှပဖို့ DHA ဘာလို့လိုတာလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 7, 2020 . 2 mins read