backup og meta

ဂျင်းမဟုတ်တဲ့ ချင်း (ginger)


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 11/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဂျင်းမဟုတ်တဲ့ ချင်း (ginger)

    “ ဂျင်းထည့်တယ်” ဆိုတဲ့ အသုံးများလာတဲ့ စကားလေးတစ်ခုကို အားလုံး ကြားဖူးကြမှာပါ။ ဗန်းစကား “ဂျင်း” ဆိုတာကတော့ နားလည်သလောက်ပြောရရင် မဟုတ်တာတွေ၊ ပေါက်ကရတွေ၊ ဂျောက်တွန်းတဲ့ သဘောပေါ့။ ဒါပေမယ့် ဒီနေ့ရေးမယ့် ဂျင်း (ginger) လေးက ကျန်းမာရေးအတွက် အရမ်းကို ကောင်းစေတဲ့ ဂျင်းမဟုတ်တဲ့ ဂျင်းမြစ်လေးအကြောင်းပါ။ ဂျင်းမြစ်မှာ အာဟာရဓာတ်တွေ၊ ခုခံအားကောင်းစေတဲ့ ပစ္စည်းတွေ နဲ့ ပြည့်ဝနေတာကြောင့် ကမ္ဘာပေါ်မှာ ကျန်းမာရေးအတွက် အထောက်အကူအပေးဆုံး သဘာ၀ ထွက်ကုန်လေးတစ်ခုလို့တောင် တင်စားကြပါတယ်။ ဒါဆို ဂျင်းဟာ ဘယ်လိုနေရာမှာ အသုံးဝင်လဲ ဆိုတာကိုလေးကို ဆက်ပြောပြပါမယ်။

    () germs လို့ခေါ်တဲ့ ပိုးမွှားလေးတွေကို တိုက်ထုတ်ပေးနိုင်ပါတယ်။

    ဂျင်းမှာပါဝင်တဲ့ ပစ္စည်းလေးတွေက ဘက်တီးရီးယားပိုးမွှားလေး တွေကို တိုက်ထုတ်ပေးနိုင်ပါတယ်။ဒါ့ကြောင့်လည်း ဂျင်းကို တိုင်းရင်းဆေးပညာတွေမှာရော၊ အိမ်တွင်းသုံးဆေးဝါး အနေနဲ့ရော အစဉ်အဆက်အသုံးပြုခဲ့ကြတာပါ။ ဒါ့အပြင် ဂျင်းမှာ antioxidant လို့ခေါ်တဲ့ ပစ္စည်းတွေ အများကြီးပါဝင်တာကြောင့် ရောဂါပိုးတွေဝင်မလာအောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။

    () သွားနဲ့ ခံတွင်း ကျန်းမာရေးကို အထောက်အကူပြုနိုင်ပါတယ်။

    ဂျင်းလေးရဲ့ ဘက်တီးရီးယားတွေကို တိုက်ထုတ်နိုင်တဲ့ အစွမ်းသတ္တိက သွားကိုက်တာတွေ၊ သွားဖုံးဆိုင်ရာ ရောဂါ ပြသနာတွေကို ဖြစ်စေနိုင်တဲ့ ပိုးတွေကိုလည်း မကြီးထွားအောင်တားနိုင်တဲ့ အတွက် သွား၊ သွားဖုံး နဲ့ ခံတွင်း ကို ကျန်းမာအောင် ကူညီပေးနိုင်ပါတယ်။

    () ပျို့အန်ချင်တာကို လျော့ချပေးနိုင်ပါတယ်။

    အထူးသဖြင့် ကိုယ်ဝန်ဆောင်ချိန်မှာ ပျို့အန်ချင်တာတွေကို သိသိသာသာ သက်သာစေပါတယ်။ ဒါပေမယ့် အများကြီး မသောက်ခင်မှာတော့ ဆရာဝန်နဲ့ သေချာတိုင်ပင်ကြည့်ဖို့ကို အကြံပေးချင်ပါတယ်။

    () ကြွက်သားတွေ နာကျင်ကိုက်ခဲတာ၊ အဆစ်ရောင်တာ တွေကို သက်သာသေတယ်။

    အထူးသဖြင့် လေ့ကျင့်ခန်း အများကြီးလုပ်ရတဲ့ သူတွေ၊ အားကစားသမားတွေမှာဆိုရင် ဂျင်းဟာ ကြွက်သားတွေ နာကျင်တာကို သက်သာစေနိုင်တဲ့အတွက် အင်မတန် အသုံးတည့်ပါတယ်။ ဒါ့အပြင် ဂျင်းမှာ ရောင်ရမ်းခြင်းကို သက်သာစေနိုင်တဲ့ anti-inflamatory လို့ခေါ်တဲ့ အစွမ်းသတ္တိရှိတာကြောင့် အဆစ်ရောင် ရောဂါကြောင့် ဖြစ်တဲ့ နာကျင်ခြင်းရော၊ ရောင်ရမ်းခြင်း တွေကိုပါ လျော့ကျစေနိုင်ပါတယ်။

    () သွေးတွင်း အချိုဓါတ်ကို ထိန်းညှိပေးနိုင်တယ်။

    စမ်းသပ်ချက်လေးတစ်ခုအရ ဂျင်းဟာ သွေးတွင်းအချိုဓာတ်ကိုလည်း ပမာဏ တစ်ခုအထိ ထိန်းညှိပေးနိုင်တဲ့ အပြင် နှလုံးရောဂါကို ဖြစ်ဖို့ အားပေးနေတဲ့ အချက်တွေကိုလည်း လျော့နည်းစေတယ်လို့ ပြောထားပါတယ်။

    () အမျိုးသမီးတွေ ရာသီလာချိန်မှာ ခံစားရတဲ့ နာကြင်ကိုက်ခဲတာတွေကို သက်သာစေနိုင်ပါတယ်။

    သဘာ၀ ဆေးကောင်းတစ်ခု အနေနဲ့ ဂျင်းဟာ ရာသီလာလို့ ကိုက်ခဲတဲ့ ဝေဒနာတွေကို သိသိသာသာ သက်သာစေတဲ့ တွက် အမျိုးသမီးတွေ အတွက်လည်း စားသုံးပေးသင့်တဲ့ သဘာဝထွက်ကုန်လေး တစ်ခု ဖြစ်တယ်လို့ ပြောပြချင်ပါတယ်။

    () အစာ မကြေတာကို သက်သာစေနိုင်တဲ့ အစွမ်းလည်းရှိတာကြောင့် နာတာရှည် ရင်ပြည့်ရင်ကယ် ဖြစ်တတ်တဲ့ သူတွေ အတွက်လည်း ကောင်းပါတယ်။

    ဒါ့အပြင် ဂျင်းဟာ ခန္ဓာကိုယ်အတွက်သာမက ဦးနှောက်ရဲ့ လုပ်ငန်းဆောင်တာတွေမှာလည်း ကောင်းကျိုးတွေ အများကြီးပေးနိုင်ပါတယ်။ ဒါ့ကြောင့် ဒီလို ကျန်းမာရေးကို အဖက်ဖက်က ကောင်းမွန်စေတဲ့ သဘာ၀ ဆေးကောင်းလေးကို နေ့စဉ် အစားအစာတွေထဲမှာ သတိတရ ထည့်ပြီး စားသုံးကြဖို့ အကြံပြုချင်ပါတယ်။ “တန်ဆေး၊ လွန်ဘေး” ဆိုတာလေးကို လည်း သတိရပြီး အလွန်အကျွံ မဖြစ်စေဖို့လည်း သတိပေးချင်ပါတယ်။ အားလုံး ကျန်းမာကြပါစေ။

    Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 11/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement