backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

သင်္ဘောသီးစားခြင်းရဲ့ အကျိုးကျေးဇူးများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Hello Sayarwon Panel မှ ရေးသားသည်။ · 20/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

သင်္ဘောသီးစားခြင်းရဲ့ အကျိုးကျေးဇူးများ

သင်္ဘောသီး ဟာ မြန်မာနိုင်ငံအပါအဝင် အပူပိုင်းဒေသမှာ ပေါက်ရောက်တဲ့ အသီးအနှံဖြစ်ပြီး အာဟာရဓာတ်များစွာ ပါဝင်ပါတယ်။ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ကြွယ်ဝပြီး ရောင်ရမ်းမှုကို ကျဆင်းစေခြင်း၊ ရောဂါများကို နှိမ်နင်းနိုင်ခြင်း၊ အရွယ်တင်နုပျိုနိုင်ခြင်း စတဲ့အကျိုးကျေးဇူးတွေ ရရှိစေနိုင်ပါတယ်။ ယခုဆက်လက်ဖော်ပြမှာကတော့ သင်္ဘောသီးစားခြင်းရဲ့ အကျိုးကျေးဇူးများ ပဲ ဖြစ်ပါတယ်။

သင်္ဘောသီးမှာ ပါဝင်တဲ့ အာဟာရဓာတ်များ

သင်္ဘောသီး ဟာ အနံ့အရသာနဲ့ပြည့်စုံတဲ့အပြင် အာဟာရဓာတ်ကြွယ်ဝတဲ့ အစားအစာပဲ ဖြစ်ပါတယ်။ သင်္ဘောသီး ၁၅၂ ဂရမ်မှာ ပါဝင်တဲ့ အာဟာရဓာတ်တွေကတော့

  • ကယ်လိုရီ။ ၅၉
  • ကာဘိုဟိုက်ဒရိတ်။ ၁၅ ဂရမ်
  • အမျှင်ဓာတ်။ ၃ ဂရမ်
  • ပရိုတိန်း။ ၁ ဂရမ်
  • ဗီတာမင် C။ တစ်နေ့တာလိုအပ်ချက်ရဲ့ ၁၅၇ ရာခိုင်နှုန်း
  • ဗီတာမင် A။ တစ်နေ့တာလိုအပ်ချက်ရဲ့ ၃၃ ရာခိုင်နှုန်း
  • ဖောလိတ်။ တစ်နေ့တာလိုအပ်ချက်ရဲ့ ၁၄ ရာခိုင်နှုန်း
  • ပိုတက်ဆီယမ်။ တစ်နေ့တာလိုအပ်ချက်ရဲ့ ၁၁ ရာခိုင်နှုန်း ဖြစ်ပါတယ်။

ဒီအာဟာရဓာတ်များအပြင် ကယ်လ်ဆီယမ်၊ မဂ္ဂနီဆီယမ်၊ ဗီတာမင် B1 B3 B5၊ ဗီတာမင် E၊ ဗီတာမင် K စတာတွေလည်း သင့်တင့်မျှတစွာ ပါဝင်ပါတယ်။

သင်္ဘောသီးစားခြင်းရဲ့ အကျိုးကျေးဇူးများ က ဘာတွေလဲ။

  • ဓာတ်တိုးဆန့်ကျင်ဂုဏ်သတ္တိရှိခြင်း

ကိုယ်ခန္ဓာရဲ့ ဇီဝဖြစ်ပျက်မှုတွေကြောင့် ဖရီးရယ်ဒီကယ်လို့ခေါ်တဲ့ ဓာတ်တိုးပစ္စည်းတွေ ထွက်ပေါ်ပါတယ်။ အဆိုပါပစ္စည်းများဟာ လူ့ခန္ဓာကိုယ်ရဲ့ဆဲလ်တွေကို ပျက်စီးစေပြီး ရောဂါဘယထူပြောစေပါတယ်။

ကရိုတီးနွိုက်အပါအဝင် သင်္ဘောသီးမှာပါဝင်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေက ဖရီးရယ်ဒီကယ်တွေကို ဓာတ်ပြယ်စေပါတယ်။ သက်ကြီးပိုင်းတွေ၊ ဆီးချိုဖြစ်နိုင်ခြေများသူတွေ၊ သိုင်းရွိုက် အလုပ်လုပ်တာ အားနည်းသူတွေမှာ တွေ့ရတတ်တဲ့ ဓာတ်တိုးပျက်စီးခြင်းတွေကို သက်သာစေပါတယ်။

  • ကင်ဆာဆန့်ကျင်တဲ့ ဂုဏ်သတ္တိရှိခြင်း

သုတေသနများအရ သင်္ဘောသီးမှာပါဝင်တဲ့ လိုင်ကိုပင်းဓာတ်က ကင်ဆာရောဂါဖြစ်နိုင်ခြေကို လျော့နည်းစေပါတယ်။ ကင်ဆာရောဂါကုသမှု ခံယူနေရသူတွေအတွက်လည်း အထောက်အကူပြုပါတယ်။ ကင်ဆာဖြစ်ဖို့အားပေးတဲ့ ဖရီးရယ်ဒီကယ်တွေကို လျော့ကျစေပါတယ်။ ရင်သားကင်ဆာနဲ့ အစာအိမ်ကင်ဆာတွေကို ကာကွယ်နိုင်တယ်လို့ ဆိုကြပါတယ်။ ဒါပေမယ့် ဒီအချက်ကို ခိုင်မာစေဖို့ သုတေသနတွေ ပိုမိုလုပ်ဆောင်ဖို့ လိုအပ်ပါသေးတယ်။

သုတေသနအချို့အရ သင်္ဘောသီးမှာပါဝင်တဲ့ လိုင်ကိုပင်းနဲ့ ဗီတာမင် C ဟာ နှလုံးရောဂါကို ကာကွယ်နိုင်တယ်လို့ ဆိုပါတယ်။ သင်္ဘောသီးမှာပါဝင်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းအများစုဟာ နှလုံးကို အထောက်အကူပြုတဲ့အပြင် HDL ကိုလက်စထရောရဲ့ အာနိသင်ကိုလည်း ပိုမိုတိုးတက်စေပါတယ်။

သင်္ဘောသီးမှာပါဝင်တဲ့ papain အင်ဇိုင်းဟာ ပရိုတိန်းကို ချေဖျက်ရာမှာ အထောက်အကူပြုပါတယ်။ မြန်မာနိုင်ငံအပါအဝင် နိုင်ငံတချို့မှာ သင်္ဘောသီးကို ဝမ်းမှန်စေဖို့၊ ဝမ်းချုပ်ခြင်းက ကာကွယ်ဖို့ စားသုံးကြပါတယ်။ လေပွလေထခြင်းကိုလည်း သက်သာစေနိုင်ပါတယ်။

သင်္ဘောသီးစားခြင်းဟာ အသားအရေကို တင်းရင်းစေပြိး အရွယ်တင်နုပျိုစေပါတယ်။ အသားအရေ ပျော့တွဲခြင်းကနေ ကာကွယ်နိုင်ပါတယ်။ နေရောင်ခြည်ကြောင့် အရေပြားပျက်စီးခြင်းကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။

သတိပြုရန်

သင်္ဘောသီးမှာ ပါဝင်တဲ့ papain အင်ဇိုင်းဟာ ကိုယ်ဝန်ဆောင်အမျိုးသမီးများအတွက် မသင့်တော်ပါဘူး။ သားအိမ်ကျုံ့ခြင်းကို ဖြစ်ပေါ်စေနိုင်ပြီး ကလေးပျက်ကျတဲ့အထိ ဖြစ်တတ်ပါတယ်။ ဒါက သင်္ဘောသီးအစိမ်း စားသုံးခြင်းကြောင့်သာ ဖြစ်နိုင်ပါတယ်။ သင်္ဘောသီးအမှည့်မှာ ဒီအင်ဇိုင်းပါဝင်မှုနည်းသွားပြီး တခြားအာဟာရဓာတ်တွေ ပိုမိုကြွယ်ဝလာပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီးတွေက သင်္ဘောသီးအစိမ်းကို ရှောင်ပြီး အမှည့်ကို စားပေးနိုင်ပါတယ်။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Hello Sayarwon Panel မှ ရေးသားသည်။ · 20/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement