backup og meta

သဘာဝအလျောက် ဝမ်းမှန်စေမည့် စားသောက်ဖွယ်ရာများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 22/11/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သဘာဝအလျောက် ဝမ်းမှန်စေမည့် စားသောက်ဖွယ်ရာများ

    ဝမ်းမှန်ခြင်းဟာ အစာအိမ်အူလမ်းကြောင်း ကျန်းမာကြောင်းကို ညွှန်ပြနေတဲ့အချက်ပဲ ဖြစ်ပါတယ်။ ဝမ်းတစ်လုံးကောင်းရင် ခေါင်းမခဲဘူးဆိုတဲ့ စကားလည်း ရှိပါတယ်။ ယခုဖော်ပြပေးမှာကတော့ သဘာဝအလျောက် ဝမ်းမှန်စေမည့် စားသောက်ဖွယ်ရာများ အကြောင်း ဖြစ်ပါတယ်။

    သဘာဝအလျောက် ဝမ်းမှန်စေမည့် စားသောက်ဖွယ်ရာများ

    သဘာဝအလျောက် ဝမ်းမှန်စေမည့် စားသောက်ဖွယ်ရာများ ကတော့

    အမျှင်ဓာတ်ဟာ ဝမ်းချုပ်ခြင်းကို ကာကွယ်ဖို့ အဓိကကျတဲ့ အခန်းက ပါဝင်ပါတယ်။ အစာအိမ်အူလမ်းကြောင်းတလျှောက် လမ်းကြောင်းချောမွေ့စေပြီး ဝမ်းများကိုပျော့စေပြီး ဝမ်းချုပ်ခြင်းကို ကာကွယ်ပေးပါတယ်။ ချီယာစေ့ တစ်အောင်စမှာ အမျှင်ဓာတ် ၁၁ ဂရမ်ပါဝင်တာကြောင့် အမျှင်ဓာတ်လွန်စွာ ကြွယ်ဝပါတယ်။ အဆိုပါ အမျှင်ဓာတ်များဟာ ရေဓာတ်ကို ဆွဲထိန်းထားပြီး ဝမ်းပျော့စေပါတယ်။

    ဘယ်ရီသီးများမှာလည်း အမျှင်ဓာတ်ကြွယ်ဝတာကြောင့် ဝမ်းချုပ်ခြင်းကို သက်သာစေပါတယ်။ စတော်ဘယ်ရီ ၁၅၀ ဂရမ်မှာ အမျှင်ဓာတ် ၃ ဂရမ်၊ ဘလူးဘယ်ရီ ၁၄၈ ဂရမ်မှာ အမျှင်ဓာတ် ၃.၆ ဂရမ်၊ ဘလက်ဘယ်ရီ ၁၄၄ ဂရမ်မှာ အမျှင်ဓာတ် ၇.၆ ဂရမ် စသဖြင့် အသီးသီးပါဝင်ပါတယ်။ ဘယ်ရီသီးတွေမှာ ရေမှာပျော်ဝင်နိုင်တဲ့ အမျှင်ဓာတ်ရော၊ မပျော်ဝင်နိုင်တဲ့ အမျှင်ဓာတ်ပါ နှစ်မျိုးပါဝင်ပါတယ်။ ပျော်ဝင်နိုင်တဲ့ အမျှင်ဓာတ်ဟာ အူလမ်းကြောင်းထဲကို ရေစုပ်ယူပေးပြီး ဝမ်းကိုနူးစေပါတယ်။ မပျော်ဝင်နိုင်တဲ့ အမျှင်ဓာတ်ကတော့ အူလမ်းကြောင်းတလျှောက်ရွေ့လျားသွားပြီး ဝမ်းကိုချောမွေ့စွာ သွားနိုင်အောင် ကူညီပေးပါတယ်။

  • ပဲအမျိုးမျိုး
  • ပဲကြီး၊ ကုလားပဲ၊ ပဲနီလေး၊ မြေပဲ စတဲ့ ပဲအမျိုးမျိုးမှာလည်း အမျှင်ဓာတ်ကြွယ်ဝပြီး ဝမ်းချုပ်ခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။ ပဲနီလေး ၂၀၀ ဂရမ်မှာ အမျှင်ဓာတ် ၁၅.၅ ဂရမ်ပါဝင်ပြီး ကုလားပဲ ၁၆၄ ဂရမ်မှာ အမျှင်ဓာတ် ၁၂.၅ ဂရမ်ပါဝင်ပါတယ်။ ဒါ့အပြင် ပဲအမျိုးမျိုးဟာ ဗျူတိုင်းရစ်အက်ဆစ် ထုတ်လုပ်မှုကို တိုးတက်စေပါတယ်။ အဆိုပါ ဗျူတိုင်းရစ်အက်ဆစ်ဟာ ဖက်တီးအက်ဆစ်တမျိုးဖြစ်ပြီး အူလမ်းကြောင်းလှုပ်ရှားမှုကို ကောင်းမွန်စေလို့ ဝမ်းမှန်စေပါတယ်။ ဒါ့အပြင် အူလမ်းကြောင်းရဲ့ ရောင်ရမ်းခြင်းပြဿနာတွေကို သက်သာလျော့နည်းစေပါတယ်။

    နှမ်းကြတ်စေ့မှာ အာဟာရဓာတ်များစွာ ကြွယ်ဝတဲ့အပြင် သဘာဝအလျောက် ဝမ်းပျော့စေတဲ့ အာနိသင်ရှိပါတယ်။ ထူးခြားချက်ကတော့ ဝမ်းချုပ်ခြင်းကိုရော ဝမ်းလျှောခြင်းကိုပါ သက်သာစေတဲ့ အာနိသင်ရှိတာပါပဲ။ နှမ်းကြတ်စေ့မှာလည်း ပျော်ဝင်နိုင်တဲ့အမျှင်ဓာတ်နဲ့ မပျော်ဝင်နိုင်တဲ့ အမျှင်ဓာတ် နှစ်မျိုးစလုံးပါဝင်ပါတယ်။ နှမ်းကြတ်စေ့ တဇွန်းစာ (၁၀ ဂရမ်) မှာ ပျော်ဝင်နိုင်တဲ့အမျှင်ဓာတ် ၁ဂရမ်နဲ့ မပျော်ဝင်နိုင်တဲ့ အမျှင်ဓာတ် ၂ဂရမ် ပါဝင်ပါတယ်။

    • အစိမ်းရင့်ရောင် အရွက်များ

    ဟင်းနုနွယ်၊ ကိုက်လန်၊ ဂေါ်ဖီ စတဲ့ အစိမ်းရင့်ရောင်ရှိ ဟင်းသီးဟင်းရွက်တွေဟာ ဝမ်းမှန်စေပါတယ်။ ၎င်းတို့ရဲ့ အားသာချက်ကတော့ အာဟာရဓာတ် များစွာကြွယ်ဝခြင်းပဲ ဖြစ်ပါတယ်။ ဗီတာမင်၊ သတ္တုဓာတ်နဲ့ အမျှင်ဓာတ်တွေ ပါဝင်ပြီး ကယ်လိုရီနည်းပါတယ်။ ကိုက်လန် ၆၅ ဂရမ်မှာ အမျှင်ဓာတ် ၁.၃ ဂရမ် ပါဝင်ပါတယ်။ ဒါ့အပြင် အစိမ်းရောင်ဟင်းသီးဟင်းရွက်တွေမှာ မဂ္ဂနီဆီယမ်လည်း ကြွယ်ဝပါတယ်။ မဂ္ဂနီဆီယမ်ဟာ အူလမ်းကြောင်းထဲမှာ ရေဓာတ်ကို ထိန်းသိမ်းပေးနိုင်ပါတယ်။ ဝမ်းနုတ်ဆေးများမှာလည်း အဓိကပစ္စည်းအနေနဲ့ ပါဝင်ပါတယ်။

  • မယ်ဇလီ
  • မယ်ဇလီမှာလည်း ဝမ်းပျော့စေတဲ့ အာနိသင်ရှိပါတယ်။ မယ်ဇလီမှာ ဆင်နိုဆိုဒ်လို့ခေါ်တဲ့ ဓာတ်တမျိုး ပါဝင်ပါတယ်။ အဆိုပါ ဆင်နိုဆိုဒ်ဟာ အူလမ်းကြောင်းလှုပ်ရှားမှုကို တိုးမြှင့်ပေးပါတယ်။ အူမကြီးထဲမှာလည်း ရေကိုထိန်းသိမ်းပေးတာမို့ ဝမ်းချုပ်ခြင်းကိုလည်း ကာကွယ်ပေးပါတယ်။

  • သံလွင်ဆီ
  • သံလွင်ဆီကို စားသုံးပေးခြင်းဟာ ဝမ်းချုပ်ခြင်းကို သက်သာစေပါတယ်။ အူလမ်းကြောင်းအတွင်းပိုင်းနံရံအတွက် သဘာဝချောဆီအနေနဲ့ ဆောင်ရွက်ပေးနိုင်ပြီး အစာဟောင်းများကို ချောမွေ့စွာ ရွေ့လျားစေပါတယ်။

    • ရှားစောင်းလက်ပပ်

    ရှားစောင်းလက်ပပ်ရဲ့အနှစ်မှာ anthraquinone glycosides ဆိုတဲ့ ဓာတ်ပစ္စည်းတစ်မျိုးပါဝင်ပါတယ်။ အဆိုပါ ဓာတ်ပစ္စည်းဟာ အူလမ်းကြောင်းထဲမှာ ရေကိုထိန်းသိမ်းပေးလို့ ဝမ်းသွားရာမှာ ချောမွေ့စေပါတယ်။ ဒါ့အပြင် ဝမ်းကိုနူးစေပြီး အူလမ်းကြောင်း လှုပ်ရှားမှုကိုလည်း မြင့်တက်စေနိုင်ပါတယ်။

    • ဆီးသီးခြောက်

    ဆီးသီးခြောက်မှာ အမျှင်ဓာတ်များစွာ ကြွယ်ဝပါတယ်။ ဆီးသီးခြာက် တစ်အောင်စမှာ အမျှင်ဓာတ် ၂ ဂရမ် ပါဝင်ပါတယ်။ ဒါ့အပြင် ဆော်ဘီတော ဆိုတဲ့ ဓာတ်တစ်မျိုးပါဝင်ပါတယ်။ ဆောဘီတောဟာလည်း အူလမ်းကြောင်းထဲမှာ ရေကိုပြည့်ဝနေအောင် စုပ်ယူပေးပြီး အူလမ်းကြောင်း လှုပ်ရှားမှုကို အထောက်အကူ ပြုပါတယ်။

    • ကီဝီသီး

    ကီဝီသီးမှာ အမျှင်ဓာတ်ကြွယ်ဝပြီး ၁၇၇ ဂရမ်မှာ အမျှင်ဓာတ် ၅.၃ ဂရမ် ပါဝင်ပါတယ်။ ဒါ့အပြင် ပတ်တင်လို့ခေါ်တဲ့ ဝမ်းပျော့စေတဲ့ အာနိသင်ရှိတဲ့ ဓာတ်ပစ္စည်းလည်း ပါဝင်ပါတယ်။ အူလမ်းကြောင်းရဲ့ လှုပ်ရှားမှုကို တိုးတက်စေပါတယ်။

    • ရေ

    ဝမ်းချုပ်ခြင်းကို ကာကွယ်ရာမှာ ရေဟာ အဓိကပါပဲ။ ရေဓာတ်ပြည့်ဝမှသာ ဝမ်းများကို ပျော့ပြောင်းစေပြီး အလွယ်တကူစွန့်ထုတ်နိုင်မှာ ဖြစ်ပါတယ်။ အမျှင်ဓာတ်ကိုလည်း အားဖြည့်ပေးပါတယ်။ အမျှင်ဓာတ် အစားများပေမယ့် ရေသောက်နည်းရင်လည်း အာနိသင်အပြည့်အဝမရပါဘူး။ ရေကို တစ်နေ့တာမှာ ၂လီတာခန့် သောက်သုံးသင့်ပါတယ်။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 22/11/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement