ငါးစားက အကျိုးများ၏

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date အောက်တိုဘာ 19, 2020 . 2 mins read
Share now

ငါးဟာ အာဟာရဓာတ်ကောင်းစွာပါဝင်တဲ့ စားသောက်ဖွယ်ရာဖြစ်ပါတယ်။ သုတေသီတွေရဲ့ အဆိုအရ တစ်ပတ်မှာ ၂-၃ရက်ခန့် စားသုံးသင့်ပါတယ်။ နေ့စဉ် စားနိုင်ရင်တော့ ပိုကောင်းပါတယ်လို့ ဆိုပါတယ်။

ယခုဆောင်းပါးမှာ ဆက်လက်ဖော်ပြမှာကတော့ ငါးစားခြင်းကြောင့် ရရှိနိုင်တဲ့ အကျိုးကျေးဇူးတွေပဲ ဖြစ်ပါတယ်။

အာဟာရဓာတ်ကြွယ်ဝခြင်း

ငါးအများစုမှာ ပရိုတိန်းဓာတ် ကောင်းကောင်းပါဝင်တာပါတယ်။ တခြား ဗီတာမင်၊ သတ္တုဓာတ်တွေ များစွာပါဝင်ပါတယ်။ အထူးသဖြင့် အဆီဓာတ်ကြွယ်ဝတဲ့ ငါးတွေဖြစ်တဲ့ ဆယ်လ်မွန်၊ ငါးသေတ္တာ၊ တူနာ၊ မက်ကရယ် စတဲ့ငါးတွေမှာ omega 3 နဲ့ တခြားအာဟာရဓာတ်တွေ ပိုမိုကြွယ်ဝပါတယ်။ တခြားငါးအမျိုးမျိုးမှာလည်း ဗီတာမင် D နဲ့ B2 များစွာပါဝင်ပါတယ်။ သံဓာတ်၊ ဇင့်၊ အိုင်အိုဒင်း၊ မဂ္ဂနီဆီယမ်၊ ပိုတက်ဆီယမ် စတဲ့ သတ္တုဓာတ်တွေလည်း ကြွယ်ဝပါတယ်။

နှလုံးရောဂါဖြစ်နိုင်ခြေလျော့နည်းခြင်း

ငါးမှာပါဝင်တဲ့ အဆီဓာတ်ဟာ နှလုံးကျန်းမာရေးကို ကောင်းစေပါတယ်။ ငါးကို ပုံမှန်စားသုံးနေသူတွေဟာ နှလုံးထိခိုက်ခြင်း၊ လေဖြတ်ခြင်းနဲ့ တခြားနှလုံးရောဂါမျိုးတွေ ဖြစ်နိုငခြေ နည်းပါတယ်။ နှလုံးရောဂါကြောင့် သေဆုံးနိုင်ခြေလည်း နည်းပါတယ်။

ကလေးများ ကိုယ်ခန္ဓာဖွံ့ဖြိုးရာမှာ အထောက်အကူပြုခြင်း

Omega 3 အမျိုးအစားတစ်မျိုးဖြစ်တဲ့ DHA ဟာ ဦးနှောက်နဲ့ မျက်စိပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထူးအရေးပါပါတယ်။ အထူးသဖြင့် ကိုယ်ဝန်ဆောင်ချိန်၊ ကလေးနို့တိုက်ချိန်တွေမှာ ပိုမိုလိုအပ်ပါတယ်။ ဒါ့အပြင် ငါးကနေရရှိတဲ့ ပရိုတိန်းများဟာ ကိုယ်ခန္ဓာအစိတ်အပိုင်းအားလုံး ဖွံ့ဖြိုးစေနိုင်ဖို့ အထောက်အကူပြုပါတယ်။

ဦးနှောက်ကို အကျိုးပြုခြင်း

အသက်အရွယ်ကြီးလာတာနဲ့အမျှ ဦးနှောက်ရဲ့ လုပ်ဆောင်နိုင်စွမ်းတွေ ကျဆင်းလာတတ်ပါတယ်။ အထူးသဖြင့် အယ်လ်ဇိုင်းမားလို ရောဂါမျိုးတွေဟာ ဦးနှောက်နဲ့ မှတ်ဉာဏ်ပိုင်းဆိုင်ရာကို ဒုက္ခပေးတတ်ပါတယ်။ သုတေသနတွေအရ ငါးစားသုံးမှုများသူတွေမှာ ဦးနှောက်တစ်ရှူးများ ပျက်စီးခြင်းကို လျော့ကျစေနိုင်ပါတယ်။ ငါးများများစားသုံးခြင်းအားဖြင့် ဦးနှောက်လုပ်ငန်းဆောင်တာတွေ ကျဆင်းလာနိုင်ခြေကို ကာကွယ်ပေးပါတယ်။

စိတ်ဓာတ်ကျဆင်းမှုကို ကာကွယ်နိုင်ခြင်း

စိတ်ကျခြင်း၊ ဝမ်းနည်းခြင်း၊ အားအင်ကုန်ခမ်းခြင်း စတဲ့အခြေအနေတွေဟာ သင့်နေ့စဉ်ဘဝကို ထိခိုက်စေပါတယ်။ စိတ်ဓာတ်ကျနေချိန်မှာ ငါးကို ပိုမိုစားသုံးသင့်တယ်လို့ သုတေသီအချို့က ဆိုပါတယ်။ အထူးသဖြင့် အဆီဓာတ်ကြွယ်ဝတဲ့ ငါးတွေမှာ omega 3 ကြွယ်ဝတာမို့ စိတ်ကျခြင်းပြဿနာကို သက်သာစေပါလိမ့်မယ်။ ငါးစားခြင်းဟာ စိတ်ကြွစိတ်ကျအခြေအနေမှာလည်း အထောက်အကူပြုပါတယ်။

ဗီတာမင် D ကြွယ်ဝခြင်း

ငါးအမျိုးမျိုးဟာ ဗီတာမင် D ကြွယ်ဝတဲ့ အရင်းအမြစ်တွေပဲ ဖြစ်ပါတယ်။ အထူးသဖြင့် အဆီဓာတ်များတဲ့ ငါးတွေမှာ ပိုမိုပါဝင်ပါတယ်။ ချက်ပြုတ်ပြီးသား ဆယ်လ်မွန်ငါး ၄အောင်စခန့်မှာ တစ်နေ့တာလိုအပ်တဲ့ ဗီတာမင် D ဟာ ရာနှုန်းပြည့်ပါဝင်တယ်လို့ သိရပါတယ်။ ငါးကြီးဆီမှာလည်း ဗီတာမင် D ပါဝင်ပါတယ်။

အမြင်အာရုံအားနည်းခြင်းကို ကာကွယ်ပေးနိုင်ခြင်း

အသက်အရွယ်ကြီးရင့်လာရင် မျက်စိထဲကကြွက်သားတွေ အားနည်းလာတတ်လို့ အမြင်အာရုံဝေဝါးခြင်း ဖြစ်တတ်ပါတယ်။ ငါးစားခြင်းဟာ အဆိုပါ အခြေအနေကို သက်သာစေပါတယ်။ ငါးအမျိုးမျိုးကို ပုံမှန်စားသုံးပေးနိုင်ရင် အသက်ကြီးချိန်မှာ ဖြစ်တတ်တဲ့ မျက်စိကြွက်သားများ အားနည်းခြင်းဖြစ်နိုင်ခြေကို လေးဆယ်ရာခိုင်နှုန်းထိ လျှော့ချပေးနိုင်တယ်လို့ ဆိုပါတယ်။

နှစ်ခြိုက်စွာအိပ်ပျော်ခြင်း

လူတိုင်းဟာ တစ်နေ့တာကာလမှာ နှစ်ခြိုက်စွာ အိပ်စက်တဲ့အချိန် လုံလောက်မှသာ စိတ်ပိုင်းရော ရုပ်ပိုင်းပါ ကျန်းမာရေးကောင်းမွန်စေမှာ ဖြစ်ပါတယ်။ သုတေသနတစ်ခုမှာ ဖော်ပြထားချက်အရ ဆယ်လ်မွန်ငါးကို တစ်ပတ်မှာ သုံးရက်ခန့် စားသုံးသူတွေဟာ နှစ်ခြိုက်စွာအိပ်ပျော်နိုင်ကြောင်း သိရပါတယ်။ သုတေသီတွေရဲ့ ယူဆချက်အရ ငါးတွေမှာ ဗီတာမင် D ကြွယ်ဝတာကြောင့် အဆိုပါအကျိုးကျေးဇူးကို ရရှိတယ်လို့ ဆိုပါတယ်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

လေ့ကျင့်ခန်းမလုပ်ခင် ဘာတွေကို အဓိက စားသင့်လဲ

လေ့ကျင့်ခန်း အစားအစာ အာဟာရဓာတ် Gym သစ်သီးဝလံ ပရိုတင်း ရေဓာတ် ကစီ အဆီ နွားနို့ ကြက်ဥပြုတ် အိပ်ချိန် ကြွက်သား ထောပတ်သီး ငှက်ပျောသီး မနက်စာ ကိုယ်ခန္ဓာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat

အူလမ်းကြောင်းစနစ်ဘယ်လိုအလုပ်လုပ်သလဲ

အစာခြေအူလမ်းကြောင်းတလျှောက်မှာပါဝင်တဲ့ အစိတ်အပိုင်းတိုင်းက အစားအသောက်တွေကို ခန္ဓာကိုယ်အတွက်အသုံးပြုနိုင်မယ့် အာဟာရဓာတ်တွေဖြစ်လာအောင်ပြောင်းလဲပေး ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Thiha Phyo Myint

နှင်းခူရှိသူတွေအတွက် စားသောက်မှုပုံစံ

နှင်းခူ ပြင်းထန်တဲ့ အရေပြားပြဿနာတွေထဲက တစ်ခုပေါ့။ နေထိုင်စားသောက်မှုက နှင်းခူအပေါ်မှာ အများ​ကြီး သက်ရောက်နေပါတယ်။ သေချာဂရုစိုက်သင့်တဲ့ အရေပြားပြဿနာပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ငရုတ်ပွ နဲ့ ကျန်းမာရေး

အစိမ်းကြော်လေးပဲ ကြော်ကြော်၊ အသားလေးနဲ့ပဲ နှပ်နှပ်၊ မွှေးပြီး စားလို့ ကောင်းတဲ့ ငရုတ်ပွကို ကြိုက်လား။ ငရုတ်ပွက အရောင်လှသလို ကျန်းမာရေးအတွက် ကောင်းပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

နှလုံးသွေးကြောကျဉ်းရောဂါ သေချာဂရုစိုက်ပါ။

နှလုံးသွေးကြောကျဉ်းရောဂါ သေချာဂရုစိုက်ပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 3, 2020 . 2 mins read

Gym ကစားခြင်းနှင့် လူသိမှားနေသေးသော ဂျင်းတချို့…

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 28, 2020 . 2 mins read
ကြားဖူးနေတဲ့ lcFos က ကလေးတွေအတွက် ဘယ်လို အကျိုးပြုသလဲ........

ကြားဖူးနေတဲ့ lcFos က ကလေးတွေအတွက် ဘယ်လို အကျိုးပြုသလဲ……..

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 15, 2020 . 2 mins read
ဆယ်လ်မွန်ငါး ဘာကြောင့်စားသင့်သလဲ

ဆယ်လ်မွန်ငါး ဘာကြောင့်စားသင့်သလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr.Thant Zin
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 1, 2020 . 2 mins read