တီလားပီးယားမှာ အကျိုးပြုအဆီဓာတ် Omega-3 fatty acids ကြွယ်ဝတဲ့အတွက် ကိုလက်စထရောနဲ့ မကောင်းတဲ့အဆီဓာတ်တွေကို လျော့နည်းစေနိုင်ပါတယ်။ Omega-3 fatty acids က နှလုံးသွေးကြောကျဉ်းတာအပါအဝင် နှလုံးနဲ့ပတ်သက်တဲ့ရောဂါတွေ၊ လေဖြတ်ခြင်းတို့ကို ကာကွယ်ပေးနိုင်ပါတယ်။ ပိုတက်စီယမ်ပါဝင်မှုကြောင့်လည်း သွေးတိုးကျစေပြီး နှလုံးကျန်းမာရေးအတွက် အကျိုးပြုပါသေးတယ်။
တီလားပီးယားမှာပါတဲ့ ပိုတက်စီယမ်နဲ့ Omega-3 fatty acids တို့က ဦးနှောက်စွမ်းဆောင်ရည်ကို မြှင့်တင်ပေးပြီး အာရုံကြောလုပ်ဆောင်ချက်တွေကို ပိုကောင်းစေပါတယ်။ ပိုတက်စီယမ်က ဦးနှောက်ကို အောက်ဆီဂျင်ပို့လွှတ်မှု ပိုကောင်းစေပြီး ခန္ဓာကိုယ်အနှံ့ အရည်ဓာတ်ထိန်းညှိမှုမှန်ကန်စေဖို့ မရှိမဖြစ်လိုတဲ့ဓာတ်ဖြစ်ပါတယ်။ ဒီလိုနည်းနဲ့ အာရုံကြောတုံ့ပြန်မှုကိုထောက်ပံ့ပေးပြီး ဦးနှောက်အပါအဝင် ခန္ဓာကိုယ်အနှံ့က လိုအပ်တဲ့အစိတ်အပိုင်းတွေဆီကို အာဟာရတွေပို့ပေးတာဖြစ်ပါတယ်။
- အရွယ်မတိုင်မီ ရင့်ရော်ခြင်း
ဓာတ်တိုးဆန့်ကျင်ပစ္စည်းတစ်ခုဖြစ်တဲ့ ဆယ်လီနီယမ်က ဗီတာမင် အီး နဲ့ ဗီတာမင် စီ တို့ကို နှိုးဆွပေးပါတယ်။ ဒီဗီတာမင်နှစ်မျိုးလုံးဟာ အသားအရေရဲ့ ကျန်းမာရေးနဲ့ အလှအပကို ပိုကောင်းစေဖို့ ထောက်ပံ့ပေးတဲ့ဓာတ်တွေပါ။ တီလားပီးယားမှာပါဝင်တဲ့ ဆယ်လီနီယမ် ၂၀ ရာခိုင်နှုန်းကျော်ဟာ free radicalတွေကြောင့် ထိခိုက်မှုရန်က ကာကွယ်ပေးပြီး အသားအရေကို ထောက်ပံ့ပေးတဲ့ အကောင်းဆုံးအရင်းအမြစ်တစ်ခုဖြစ်ပါတယ်။ အရေးအကြောင်းတွေ၊ အသားအရေလျော့ရဲတာ၊ အစက်အပြောက်တွေစတဲ့ ရင့်ရော်မှုလက္ခဏာတွေကို ဒီလိုနည်းလမ်းနဲ့ ကာကွယ်ပေးပါတယ်။
- ကိုယ်ခံအားစနစ်နဲ့ သိုင်းရွိုက်လုပ်ဆောင်ချက်
ဆယ်လီနီယမ်က သွေးဖြူဥဆဲလ်တွေရဲ့ လုပ်ဆောင်ချက်ကို အားပေးမြှင့်တင်နိုင်တာကြောင့် ကိုယ်ခံအားစနစ်အတွက် အကျိုးပြုပါတယ်။ ဒါ့အပြင် သိုင်းရွိုက်ဂလင်းရဲ့ လုပ်ဆောင်ချက်ထိန်းညှိရာမှာ အရေးပါတဲ့အတွက် ဟော်မုန်းလုပ်ဆောင်ချက်တွေကိုလည်း ထိန်းချုပ်နိုင်စေပါတယ်။ ဒါ့ကြောင့် ဇီဝကမ္မဖြစ်စဉ်ကိုထိန်းညှိနိုင်ပြီး ကိုယ်တွင်းအင်္ဂါလုပ်ဆောင်ချက်တွေ ပိုကောင်းစေတယ်၊ ခန္ဓာကိုယ်ရဲ့ ဓာတုတုံ့ပြန်မှုတွေကို ပုံမှန်ဖြစ်စေပါတယ်။
သတိထားရမယ့်အချက်
အစပိုင်းကပြောခဲ့သလိုပဲ တီလားပီးယားက အဆိပ်အတောက်ရှိနိုင်တယ်ဆိုတဲ့အချက်ကို ဆက်ပြောပါမယ်။ တီလားပီးယားဟာ သူ့စားကျက်နဲ့ နေထိုင်ရာအတွင်း အဆိပ်အတောက်တွေကို ရှင်းလင်းပေးတတ်တဲ့သဘာဝရှိတာမို့ သူတို့ခန္ဓာကိုယ်က စုပ်ယူလာတတ်ပါတယ်။ ငါးမွေးကန်မသန့်တာ၊ မွေးမြူတဲ့နည်းစနစ်မမှန်တာ၊ သေချာဂရုမစိုက်တာတွေကြောင့် ငါးမှာ အဆိပ်အတောက်ပါလာတတ်ပါတယ်။
သူ့ဝန်းကျင်က အဆိပ်အတောက်ကင်းမယ်၊ မွေးမြူမှုမှန်ကန်မယ်ဆိုရင် ဘာပြဿနာမှမရှိပါဘူး။ ပြောရရင် ငါးနဲ့မဆိုင်၊ မွေးမြူရေးနဲ့သာဆိုင်တာမို့ ဝယ်ယူတဲ့အခါ ငါးအနေအထားကို သတိထားရွေးချယ်သင့်ပါတယ်။ ညှီတဲ့နံတဲ့ တီလားပီးယားသာဆို သေချာပါပြီ၊ သူရှင်သန်တဲ့နေရာ မသန့်တာ။ လတ်ဆတ်သန့်ပြန့်တဲ့ငါး၊ အရည်အသွေးကောင်းတဲ့ငါးဟာ အာဟာရဓာတ်တွေသာ ပေးမှာဖြစ်ပါတယ်။
နောက်တစ်ချက်ကတော့ သူ့မှာ လွန်ကဲရင်ဘေးဖြစ်နိုင်တဲ့ Omega-6 fatty acids လည်းပါတာကြောင့် နှလုံးရောဂါရှိထားပြီးသားလူတွေအနေနဲ့ အလွန်အကျွံအများကြီးမစားဖို့ သတိပြုသင့်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။