backup og meta

အစားအသောက်မပျက် တစ်ရက်ကို ကိုယ်အလေးချိန် ၁ ပေါင်ကျစေမယ့် နည်းလမ်း

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 21/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အစားအသောက်မပျက် တစ်ရက်ကို ကိုယ်အလေးချိန် ၁ ပေါင်ကျစေမယ့် နည်းလမ်း

    အစားအသောက်လည်း လျှော့စားဖို့မလိုဘူး၊ ကိုယ်အလေးချိန်လည်းကျမယ်ဆိုရင် စိတ်ဝင်စားကြတယ် မဟုတ်လား။ အခုနည်းလမ်းလေးကို သေချာလိုက်လုပ်ရင် ကျန်းကျန်းမာမာနဲ့ ကိုယ်အလေးချိန် ကျစေမယ့်အပြင် ကြွက်သားနဲ့ ဦးနှောက်တွေကိုပါ ကြံ့ခိုင်သန်စွမ်းလာစေမှာပါ။ လူတစ်ယောက်ရဲ့ အစားအသောက်ဟာ စားပြီးချိန်မှာ ဘဝင်ကျစေဖို့၊ ခန္ဓာကိုယ်နဲ့ ဦးနှောက်ကျန်းမာစေဖို့နဲ့ အဆိပ်အတောက်ကင်းစေဖို့ပဲ ဖြစ်သင့်တာမဟုတ်လား။ ကဲ အစားအသောက်မပျက် တစ်ရက်ကို ကိုယ်အလေးချိန် ၁ ပေါင်ကျစေမယ့် နည်းလမ်း ကို ကြည့်လိုက်ရအောင်။

    အစားအသောက်မပျက် တစ်ရက်ကို ကိုယ်အလေးချိန် ၁ ပေါင်ကျစေမယ့် နည်းလမ်း

    အစားအသောက်မပျက် တစ်ရက်ကို ကိုယ်အလေးချိန် ၁ ပေါင်ကျစေမယ့် နည်းလမ်း ကတော့

    ၁) မပြည့်ဝဆီ စားပေးပါ။

    အဆီလို့ပြောလိုက်ရင် လူတွေကကျန်းမာရေးထိခိုက်မှာပဲလို့ တွေးတတ်ကြပါတယ်။ တကယ်တော့ အဆီဓာတ်ဟာ ပညာရှိရှိ ရွေးချယ်စားသုံးတတ်ရင် ကိုယ်အလေးချိန်ကျစေပြီး ကျန်းမာရေးအတွက် တအားအထောက်အကူပြုပါတယ်။ ဒါဆို ဘယ်လိုရွေးချယ်ရမလဲကြည့်ရအောင်။

    ကျန်းမာရေးကိုထိခိုက်စေတဲ့ အဆီတွေကိုရှောင်ပါ။

    ဒါတွေကတော့ ပြည့်ဝဆီ (Saturated fat) နဲ့ Trans-fatty acid (Trans-fat) တို့ဖြစ်ပါတယ်။ ပြည့်ဝဆီ (Saturated fat) တွေကို တိရစ္ဆာန်ကရတဲ့အဆီတွေဖြစ်တဲ့ ဝက်ဆီ၊ အမဲဆီ၊ ဆိတ်ဆီ နဲ့ အုန်းဆီ၊ စားအုန်းဆီတွေမှာတွေ့ရပါတယ်။ ပြည့်ဝဆီတွေက နှလုံးသွေးကြောကျဥ်းရောဂါကို ဖြစ်စေတတ်တာမို့ အသက် ၅၀ကျော်လာရင် ဒါမှမဟုတ် ကိုယ်အလေးချိန် လျှော့ချဖို့အတွက်ဆိုရင်တော့ ရှောင်နိုင်ရင် အကောင်းဆုံးပါ။ မဖြစ်လို့ စားရတယ်ဆိုလည်း တစ်နေ့တာလိုအပ်တဲ့ calories ပမာဏရဲ့ ၇%ထက် မကျော်သင့်ပါဘူး။

    Trans fat ကိုတော့ ဆီကြော်မုန့်တွေ၊ ထပ်ခါတလဲလဲ ပြန်ကြော်ဖို့ အသုံးပြုထားတဲ့ ပြန်ကြော်ဆီတွေ၊ fast food လို့ခေါ်တဲ့ အလွယ်တကူ၊ အလျင်အမြန်ရရှိတဲ့ အစားအသောက်တွေမှာ တွေ့ရပါတယ်။ Trans-fat တွေဟာလည်း နှလုံးသွေးကြောကျဥ်းခြင်းနဲ့ ကိုယ်အလေးချိန်တက်လာရခြင်းရဲ့ အဓိကအကြောင်းရင်းတွေပဲမို့ လုံးဝရှောင်ကြဥ်ဖို့လိုပါတယ်။

    ကျန်းမာရေးကိုကောင်းမွန်စေတဲ့ အဆီတွေကတော့ မပြည့်ဝဆီ (Unsaturated fat) နဲ့ ငါးကရတဲ့အဆီ (Omgea-3 fatty acid) တို့ဖြစ်ပါတယ်။ မပြည့်ဝဆီမှာ Monounsaturated fat (MUFA) နဲ့ Polyunsaturated fat (PUFA)ဆိုပြီး နှစ်မျိုးရှိပါတယ်။ MUFA နဲ့ PUFA တွေကိုတော့ နှမ်းဆီ၊ နေကြာဆီ၊ သံလွင်ဆီ၊ မြေပဲဆီ၊ ပဲပိစပ်ဆီ၊ ပဲပုပ်ဆီတွေမှာ ရနိုင်ပါတယ်။ Omega-3 ခေါ် ငါးကြီးဆီကတော့ မကောင်းတဲ့ အဆီတွေကိုကျစေပြီး ကောင်းတဲ့အဆီကိုတက်စေတဲ့ အာနိသင်ရှိပါတယ်။

    ဒါကြောင့် ခြုံပြောရရင် အစေ့အဆံကရတဲ့ အဆီနှင့် ငါးကြီးဆီကိုပိုမိုစားသုံးသင့်ပြီး စားအုန်းဆီနဲ့ တိရစ္ဆာန်ကရတဲ့ အဆီတွေကို ရှောင်ရမှာဖြစ်ပါတယ်။

    ၂) သကြားနဲ့ ကစီဓာတ်လျှော့စားပါ။

    ဒါကတော့ လူတိုင်းသိကြတဲ့အတိုင်း ကိုယ်အလေးချိန်တက်စေတဲ့ နောက်ထပ်အဓိကအကြောင်းရင်းတစ်ရပ်ပါ။ သကြားနဲ့ ကစီဓာတ်ဟာ ခန္ဓာကိုယ်မှာ တစ်နေ့တာလိုအပ်တာထက်ပိုနေရင် အင်ဆူလင်အကူအညီနဲ့ အဆီအဖြစ် ခန္ဓာကိုယ်မှာ သိုလှောင်တာမို့ အဲဒါတွေစားတာများနေရင် အဆီပိုတွေ စုပုံလာပြီး ကိုယ်အလေးချိန် တက်လာတာ၊ ဆီးချိုရောဂါဝင်လာတာ မဆန်းပါဘူး။

    ၃) အဆိပ်တောက်တွေကိုမစားမိပါစေနဲ့။

    အဆိပ်အတောက်ဆိုရာမှာ မျက်စိနဲ့မမြင်နိုင်တဲ့ နေ့စဥ်သတိပြုရမယ့် အရာတစ်ခုကတော့ မှိုတက်နေတဲ့စားစရာတွေပဲဖြစ်ပါတယ်။ စားစရာတော်တော်များများဟာ စိုစွတ်မှုရှိနေရင်ဖြစ်ဖြစ်၊ သိမ်းထားတာကြာရင်ဖြစ်ဖြစ် မှိုတက်တတ်ပါတယ်။ မှိုမှာပါတဲ့ Mycotoxin ဓာတ်ဟာ ခန္ဓာကိုယ်အတွက် အဆိပ်အတောက်ဖြစ်စေပြီး ကိုယ်ခံအားကျဆင်းခြင်းနှင့် ကင်ဆာရောဂါကို ဖြစ်စေပါတယ်။

    ၄) မြက်စားနွားကရတဲ့ ထောပတ် (Grass-fed butter)

    Irish butter တော်တော်များများဟာ မြက်စားနွားကရတဲ့ထောပတ် (Grass-fed butter) တွေပါ။ Supermarket တွေမှာရွေးဝယ်လို့ရပါတယ်။ ပုံမှန် ထောပတ်တွေထက် အရောင်ပိုရင့်ပြီး Omega-3, Vitamin A, Vitamin D နဲ့ တခြားကိုယ်ခံအားကောင်းစေတဲ့ဓာတ်တွေပါဝင်ပါတယ်။ ဘာလို့ Grass-fed butter စားခိုင်းလဲဆိုတော့ သူကဗိုက်ပြည့်စေပြီး craving ခေါ်တဲ့ ထွေရာလေးပါးစားချင်စိတ်ကိုပါ ပြေပျောက်စေပါတယ်။ ဒီလိုကျန်းမာစေတဲ့ထောပတ်ကို စားခြင်းအားဖြင့် ကျန်းမာရေးနဲ့မညီညွတ်တဲ့ အစားအသောက်တွေ စားတာလျော့သွားမယ်၊ ကိုယ်အလေးချိန်ကျသွားမယ်၊ ထောပတ်စားထားတာဖြစ်လို့ တင်းတိမ်နေစေမယ်။ ကိုယ်အလေးချိန်ကျတဲ့ဆေးတွေလို ဥပါဒ်လည်းမရှိတော့ဘူးပေါ့။

    ၅) ကော်ဖီစစ်စစ်ပိုသောက်ပါ။

    ကော်ဖီဟာ ဦးနှောက်ကိုကြည်လင်စေပြီး ဖန်တီးနိုင်စွမ်းတွေ ပိုမိုကောင်းမွန်စေသလို ခန္ဓာကိုယ်အတွက်ခွန်အားလည်းဖြစ်စေပါတယ်။ ဒါပေမယ့် မှိုတက်နေတဲ့ ကော်ဖီစေ့တွေဖြစ်နေရင်တော့ အဆိပ်အတောက်တွေစားနေမိသလိုဖြစ်နိုင်တာကိုတော့ သတိချပ်ရပါမယ်။

    ကမ္ဘာကျော် ကိုယ်အလေးချိန်လျော့နည်းတွေထဲမှာတော့ coffee ထဲကို Grass-fed butter ထည့်ပြီးသောက်ခြင်းဟာ အတော်လေးထိရောက်မှုရှိစေတယ်လို့ဆိုပါတယ်။ ဒီလိုသောက်ခြင်းအားဖြင့် mid-morning snack နဲ့ mid-afternoon snack လို့ခေါ်တဲ့ မနက်စာ၊ နေ့လယ်စာ၊ ညစာအပြင် ကြားမှာ သရေစာစားချင်စိတ်တွေ၊ အကန့်အသတ်မရှိစားချင်စိတ်တွေ လျော့ကျစေပါတယ်။ အလုပ်တွေကိုလည်း ပိုအာရုံစိုက်ပြီးလုပ်နိုင်မှာဖြစ်ပါတယ်။

    ၆) အာဟာရဓာတ်မျှမျှတတနဲ့ ကိုယ်အလေးချိန် လျှော့ကြမယ်။

    အထက်ပါ diet တွေကို ကိုယ်အလေးချိန်လျှော့ချဖို့အတွက် ကောင်းစွာအသုံးချတတ်ပြီဆိုရင်တော့ မိမိခန္ဓာကိုယ်ကို ကိုယ်လိုချင်သလိုမောင်းနှင်ဖို့ လုပ်ရပါမယ်။ ခန္ဓာကိုယ်က လိုအပ်တဲ့ အာဟာရဓာတ်တွေ စုံစုံလင်လင်ရရှိမှသာ ကျန်းကျန်းမာမာနဲ့ ကိုယ်အလေးချိန်လျှော့ချနိုင်မှာဖြစ်လို့ အသီးအရွက်နဲ့ အသားဓာတ် (protein)ကိုလည်း တစ်နေ့တာလိုအပ်ချက်အတိုင်း စားပေးဖို့မမေ့နဲ့နော်။

    ဒါမှသာ ကိုယ်အလေးချိန်ကျသွားချိန်မှာ ကြွက်သားတွေလည်း တင်းတင်းရင်းရင်းနဲ့ ရှိနေမှာဖြစ်သလို ခန္ဓာကိုယ်ရဲ့ ဟော်မုန်းဓာတ်တွေလည်း မျှတနေမှာဖြစ်ပါတယ်။

    ဒါဆိုရင်တော့ အရင်က မအောင်မြင်ခဲ့တဲ့ အစာငတ်ခံပြီး ကိုယ်အလေးချိန်လျှော့တဲ့နည်းလမ်းတွေကို အခုပဲ နှုတ်ဆက်လိုက်ပါတော့။ အခုကစပြီး အစားအသောက်မပျက် တစ်ရက်ကို ကိုယ်အလေးချိန် ၁ ပေါင်ကျစေမယ့်နည်းလမ်းကို လက်တွေ့ လုပ်ဆောင် ကြည့်လိုက်စို့နော်။

    ရေးသားသူ – အမရာကျော်

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 21/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement