ကိုယ်အလေးချိန်က ကျန်းမာရေးအတွက် သိထားဖို့လိုမယ့်အချက်တစ်ခုပါ။ ဒီလိုအရေးပါတဲ့ ကိုယ်အလေးချိန်ကို အမှန်ကန်ဆုံးရဖို့ကလည်း အရေးကြီးတဲ့အချက်တစ်ခုပါ။ ဒီအရေးပါတဲ့ ကိုယ်အလေးချိန်ကို အမှန်ဆုံးဖြစ်စေဖို့ ဘယ်လိုများချိန်ကြမလဲ……..
ကိုယ်အလေးချိန်က ကျန်းမာရေးအတွက် သိထားဖို့လိုမယ့်အချက်တစ်ခုပါ။ ဒီလိုအရေးပါတဲ့ ကိုယ်အလေးချိန်ကို အမှန်ကန်ဆုံးရဖို့ကလည်း အရေးကြီးတဲ့အချက်တစ်ခုပါ။ ဒီအရေးပါတဲ့ ကိုယ်အလေးချိန်ကို အမှန်ဆုံးဖြစ်စေဖို့ ဘယ်လိုများချိန်ကြမလဲ……..
လူတစ်ယောက်နဲ့တစ်ယောက်မှာရှိသင့်တဲ့ ကျန်းမာတဲ့ကိုယ်အလေးချိန်ကမတူပါဘူး။ လူတစ်ယောက်ကျန်းမာတဲ့ ကိုယ်အလေးချိန်ရှိလားဆိုတာကို အရပ်အမြင့်နဲ့ ကိုယ်အလေးချိန်ကို တွက်ချက်ရတဲ့ ခန္ဓာကိုယ်ထုထည်ညွှန်းကိန်း (BMI) နဲ့တွက်ချက်ပါတယ်။
ကိုယ်အလေးချိန်တိုင်းတဲ့အခါ တိကျမှန်ကန်တဲ့ အဖြေထွက်ဖို့ဆိုရင်
တကယ်လို့ရှိသင့်တဲ့ ကိုယ်အလေးချိန်ထက်များနေမယ်ဆိုရင်
ကျန်းမာဖို့အတွက် အရေးပါတဲ့ ကိုယ်အလေးချိန်ကို တိတိကျကျသိရဖို့ဆိုရင်ဒီအချက်လေးတွေကို လိုက်နာဖို့လိုပါမယ်။
ကိုယ်အလေးချိန်ကို ခဏခဏမချိန်ပါနဲ့
ကိုယ်အလေးချိန်ကို အမှန်အတိုင်းသိရဖို့ဆိုရင် တစ်ပတ်ကို တစ်ကြိမ်ချိန်ရင်လုံလောက်ပါပြီ။ ကိုယ်အလေးချိန်ကို ခဏခဏချိန်တာက စိတ်ဖိစီးမှုများစေပြီးကိုယ်အလေးချိန်တိုးလာစေတာပဲ အဖတ်တင်ပါလိမ့်မယ်။
မနက်ခင်းမှာ တိုင်းပါ
ကိုယ်အလေးချိန်တိုင်းတာက အချိန်မရွေးတိုင်းလို့ရတယ်ဆိုပေမယ့် အမှန်ကန်ဆုံးသိရဖို့ဆိုရင် မနက်အိပ်ရာနိုးနိုးချင်း ဘာမှမစားခင် တိုင်းပါ။ ရတောင်မသောက်ပါနဲ့ဦး။ နောက်တစ်ချက်သတိထားရမှာက ဝမ်းသွားပြီးချိန်မှတိုင်းပါ။
တစ်ပတ်ကို အများဆုံးကျသွားနိုင်တဲ့ ကိုယ်အလေးချိန်က သိပ်မများနိုင်ပါဘူး
တစ်ပတ်ထဲကို ၅ ပေါင်ကျတယ်။ ၁၀ ပေါင်ကျတယ်ဆိုတာက ကျန်းမာစွာနဲ့ ကိုယ်အလေးချိန်ကျသွားခြင်းလို့မဆိုသာပါဘူး။ ကျန်းမာစွာနဲ့ကိုယ်အလေးချိန်ကျတယ်ဆိုတဲ့အတိုင်းအတာက တစ်ပတ်ကို ၁ ပေါင်ကနေ ၂ ပေါင်အများဆုံးပါ။
အဝတ်အစားတွေကြောင့်ကိုယ် အလေးချိန်တိုးမသွားပါဘူး
အချို့ကပြောကြတယ် ဝတ်ထားတဲ့ အဝတ်အစားတွေကြောင့် ကိုယ်အလေးချိန်များနေတယ်လို့ပေါ့။ ဒီအယူအဆက အပြည့်အဝမမှန်ပါဘူး။ အဝတ်အစားကြောင့် ကိုယ်အလေးချိန်တိုးရင်တောင် ၁ ပေါင်ထက်မကျော်တာတော့အသေအချာပါ။ ကိုယ်အလေးချိန်တိုင်းခါနီးမှာ ဖိနပ်တော့ ချွတ်ပေါ့။
တနင်္လာနေ့မနက် ဝိတ်မချိန်ပါနဲ့
တနင်္လာနေ့မနက်မှာ ဝိတ်မချိန်ပါနဲ့။ ပိတ်ရက်မှာစားထားမိတာတွေကြောင့် ကိုယ်အလေးချိန်က တိုးလာနိုင်ပါတယ်။ ဒါကြောင့် တိကျတဲ့ကိုယ်အလေးချိန်ကို သိဖို့ဆိုရင် သောကြာနေ့မနက်ခင်းစောစောမှာတိုင်းပေးပါ။
ရာသီလာနေချိန်မှာ ကိုယ်အလေးချိန်မတိုင်းပါနဲ့
လေဒီလေးတို့အနေနဲ့ ရာသီလာချိန်မှာ ကိုယ်အလေးချိန်မတိုင်းပါနဲ့။ ရာသီမလာခင်နဲ့ရာသီလာနေချိန်မှာ ကိုယ်တွင်းမှာ အရည်စုပုံမှုများနေတာကြောင့် ကိုယ်အလေးချိန်က ရှိသင့်တာထက်ပိုများနေနိုင်ပါတယ်။ ဒါကြောင့် ရာသီလာချိန်မှာ ကိုယ်အလေးချိန်မတိုင်းဖို့ပြောပါရစေ။
ရေမချိုးခင် ဝိတ်ချိန်ပါ
ရေကူးပြီးချိန်။ ရေချိုးပြီးချိန်တွေမှာ ဝိတ်မချိန်ပါနဲ့။ ဒီလိုပြောရတာက အရေပြားက ခန္ဓာကိုယ်မှာ အကြီးဆုံးအစိတ်အပိုင်းဖြစ်ပြီး ရေကိုစုပ်ယူနိုင်စွမ်းမြင့်လို့ပါ။ ရေချိုးပြီးချိန်၊ ရေကူးပြီးချိန်မှာ အရေပြားက ရေကို ၁ ခွက်စာနေ ၃ ခွက်စာလောက်အထိစုပ်ယူထားတာကြောင့် ကိုယ်အလေးချိန် နည်းနည်းလောက်တိုးနေနိုင်ပါတယ်။
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။