တစ်နေ့ကို တစ်နပ်ပဲစားခြင်းဟာ ကျန်းမာရေးကို အထောက်အကူပြုသလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date ဩဂုတ် 10, 2020 . 2 mins read
Share now

လူတချို့ဟာ ကိုယ်အလေးချိန်လျှော့ချဖို့နဲ့ ကျန်းမာရေး ကောင်းမွန်စေဖို့ ရည်ရွယ်ချက်နဲ့ တစ်ရက်တာမှာ အစားတစ်နပ်သာ စားပါတယ်။ ဒီလို တစ်ရက်တာမှာတစ်နပ်သာစားခြင်းကို အတိုကောက်အားဖြင့် OMAD (One Meal per Day) လို့ ရည်ညွှန်းကြပါတယ်။

စားသောက်တဲ့ အစားအစာနဲ့ စားတဲ့အချိန်ဟာ တစ်ဦးချင်းစီအပေါ်မှာ မူတည်ပေမယ့် OMAD စားသောက်ပုံဟာ ကယ်လ်လိုရီကို လျှော့ချနိုင်တာတော့ အမှန်ပါပဲ။

OMAD စားသောက်ပုံနဲ့ အစာမစားဘဲနေတဲ့ fasting သဘောတရားအကြား ဆက်စပ်မှုရှိပါတယ်။ ဒီနှစ်မျိုးကို ဟန်ချက်ညီညီပေါင်းစပ်ပြီး ကိုယ်အလေးချိန်ထိန်းရာမှာ ကျင့်သုံးတဲ့ နည်းစနစ်တွေ ရှိပါတယ်။ ဥပမာ တစ်ရက်မှာ တစ်ကြိမ်သာစားပြီး ကျန်တဲ့ အချိန်တွေမှာ အစာမစားခြင်း (fasting လုပ်ခြင်း)၊ တစ်ရက်တစ်ကြိမ်သာစားပြီး ကျန်တဲ့အချိန်မှာ အနည်းငယ်လောက်ပဲစားခြင်း စတာတွေ ဖြစ်ပါတယ်။ ၎င်းနည်းလမ်းများဟာ ကယ်လ်လိုရီလျှော့ချပေးတာမို့ ကိုယ်အလေးချိန်လျော့ကျစေပါတယ်။

ဒါ့အပြင် နှလုံးရောဂါဖြစ်နိုင်ခြေ လျော့ကျခြင်း၊ သွေးတွင်းသကြားဓာတ်လျော့ခြင်း၊ ကိုယ်ခန္ဓာအတွင်း ရောင်ရမ်းမှုများ ကျဆင်းစေခြင်း စတဲ့အကျိုးကျေးဇူးတွေလည်း ရရှိနိုင်ပါတယ်။ အစားလျှော့ချတဲ့ တခြားနည်းလမ်းတွေ (ဥပမာ 16/8 နည်းစနစ်) ထက်စာရင်တော့ တရက်မှာတစ်နပ်သာစားခြင်းဟာ ပိုပြီးပြင်းထန်တဲ့ နည်းလမ်းဖြစ်ပါတယ်။ 16/8 နည်းစနစ်ဆိုတာကတော့ ၈ နာရီကို အစားအသောက်စားချိန်၊ ၁၆ နာရီကို အစာမစားဘဲနေချိန် စသဖြင့် သတ်မှတ်စီစဉ်ထားတဲ့ နည်းစနစ်ဖြစ်ပါတယ်။

OMAD စားသောက်ပုံကို ရွေးချယ်ရာမှာ အမျိုးမျိုးကွဲပြားပါတယ်။ တချို့ကတော့ ညစာတစ်နပ်တည်းကို စားသုံးကြပါတယ်။ တချို့ကတော့ နံနက်စာ ဒါမှမဟုတ် နေ့လယ်စာ တစ်မျိုးတည်းကို ရွေးချယ်ကြပါတယ်။ တချို့ကတော့ သရေစာများကိုပါ ပေါင်းစပ်စားသုံးပါတယ်။ ပိုမိုပြင်းထန်သူများကတော့ တစ်နပ်တာအစားအသောက်မှာပါ ကယ်လ်လိုရီနည်းပါးတဲ့ အစားအသောက်တွေကိုပဲ ရွေးချယ်စားသုံးပါတယ်။

အကျိုးကျေးဇူးများ

အစားကို တစ်နပ်သာလျှော့စားခြင်းအားဖြင့် ကိုယ်အလေးချိန်လျှော့ချရာမှာသာမကဘဲ သွေးတွင်းသကြားဓာတ် လျော့ကျစေခြင်း၊ နှလုံးရောဂါဖြစ်နိုင်ခြေများစေတဲ့ မကောင်းတဲ့ LDL ကိုလက်စထရောကို လျော့ကျစေခြင်း စတဲ့အကျိုးကျေးဇူးတွေ ပေးပါတယ်။ ရောင်ရမ်းမှုကိုဖြစ်စေတဲ့ C-reactive ပရိုတိန်းကိုလည်း လျော့နည်းစေပါတယ်။

ဒါ့အပြင် အစာမစားဘဲနေချိန် (fasting ချိန်) မှာ အာရုံကြောစနစ်ကို အထောက်အကူပြုပါသေးတယ်။  အာရုံကြောများ ချို့ယွင်းပျက်စီးလာခြင်းဖြစ်စဉ်ကို နှေးကွေးစေပြီး အာရုံကြောဆဲလ်များကို သက်တမ်းပိုမို ကြာရှည်လာစေတယ်လို့ ဆိုပါတယ်။

ဆိုးကျိုးများ

သုတေသနအချို့ကလည်း အစားအသောက်ကို အလွန်အမင်း လျှော့ချကန့်သတ်တဲ့အတွက် မကောင်းတဲ့အချက်တွေရှိကြောင်း ဆိုထားပါတယ်။ လေ့လာချက်တွေအရ ဒီစားသောက်ပုံဟာ အခန့်မသင့်ရင် ကိုလက်စထရောပါ တက်လာစေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် တစ်နေ့သုံးနပ်စားသောက်ပုံနဲ့ ယှဉ်ကြည့်ရင် OMAD စားသောက်ပုံဟာ စားချင်သောက်ချင်စိတ်ကို ဖြစ်ပေါ်စေတဲ့ ghrelin ဟော်မုန်းကို ပိုမိုမြင့်တက်လာစေတယ်လို့ ဆိုပါတယ်။ ဒါဟာ အလွန်အမင်း ဆာလောင်မွတ်သိပ်မှုကို ဖြစ်စေနိုင်ပါတယ်။

ကယ်လိုရီကို ကန့်သတ်စားသုံးရင်းကနေ သွေးတွင်းသကြားဓာတ်ပါ ရှိသင့်တာထက် ကျဆင်းသွားနိုင်ပါသေးတယ်။

OMAD စားသောက်ပုံဟာ ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်တွေ၊ ကလေးသူငယ်နဲ့ ဆယ်ကျော်သက်အရွယ်တွေ၊ အသက်အရွယ်ကြီးရင့်သူတွေအတွက် မသင့်တော်ပါဘူး။ အစားအသောက်ကို ထိန်းချုပ်လွန်းလာရင် လူမှုဆက်ဆံရေးအပိုင်းကိုပါ အကျိုးသက်ရောက်မှုရှိလာနိုင်ပါတယ်။ တစ်နပ်တာ စားသုံးချိန်မှာ အာဟာရပြည့်ဝစွာ မစားမိရင် ရေရှည်မှာ အာဟာရချို့တဲ့လာနိုင်ပါတယ်။

ဘာတွေစားသင့်သလဲ

ဘယ်လိုစားသောက်ပုံပဲ စားသည်ဖြစ်စေ အာဟာရဓာတ်ကြွယ်ဝတဲ့ အစားအသောက်တွေပဲ စားပါ။ အသီးအနှံများ (ဘယ်ရီသီး၊ လိမ္မော်သီး၊ ငှက်ပျောသီး)၊ ဟင်းသီးဟင်းရွက်များ (ကိုက်လန်၊ ပန်းဂေါ်ဖီ၊ ကညွတ်)၊ ကျန်းမာရေးအတွက်ကောင်းသော အဆီများ (ထောပတ်သီး၊ သံလွင်ဆီ)၊ ပဲအမျိုးမျိုး၊ အခွံမာသီးနှင့် အစေ့အဆန်များ၊ ပရိုတိန်းရင်းမြစ်များ (ကြက်ဘဲ၊ သားငါး၊ ဥအမျိုးမျိုး) စတာတွေကို မျှတစွာ စားသုံးရပါမယ်။

ဘာတွေရှောင်သင့်သလဲ

တစ်ရက်တစ်နပ် (OMAD) စားသူများအနေနဲ့ သရေစာများ၊ သကြားဓာတ်ကဲသော စားစရာများ၊ ဆိုဒါ၊ အာလူးချောင်းကြော်၊ အဆင့်ဆင့်ပြင်ထားတဲ့ အစားအစာများ စတာတွေကို တတ်နိုင်သလောက် ရှောင်ကြဉ်သင့်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

အဝလွန်မှုရဲ့ နောက်ဆက်တွဲ ကင်ဆာအမျိုးအစားများ

အဝလွန်တာရဲ့ နောက်ဆက်တွဲမှာ ကျန်းမာရေးပြဿနာတွေ ရှိလာမယ်။ ဒီလိုဖြစ်လာမယ့် ကင်ဆာလည်း ပါတယ်။ ဒီတော့ အဝလွန်ရင် ဘယ်လို ကင်ဆာတွေဖြစ်နိုင်လဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
အဝလွန်ခြင်း, ကျန်းမာရေးစင်တာ အောက်တိုဘာ 13, 2020 . 2 mins read

ဘာကြောင့် အိပ်ရေးဝဖို့ အလွန်အရေးကြီးတယ်လို့ ဆိုနေရတာလဲ

ကောင်းကောင်းအိပ်စက်တာက လေ့ကျင့်ခန်းလုပ်တာနဲ့ အာဟာရပြည့်ဝအောင်စားသောက်တာလိုပဲ ခန္ဓာကိုယ်အတွက် အရေးပါလှပါတယ်။ ပြည့်ဝအောင် အိပ်စက်ပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

အထီးကျန်ခြင်း နှင့် ဆီးချိုဝေဒနာ

ဆီးချိုရောဂါက အဖြစ်များတဲ့ရောဂါတစ်မျိုးပါ။ ဒီလိုရောဂါဆိုးကြီးဟာ စိတ်ပိုင်းဆိုင်ရာ ပြဿနာတစ်မျိုးဖြစ်တဲ့ အထီးကျန်ခြင်းဝေဒနာနဲ့ ဆက်စပ်နေပါတယ်တဲ့။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

ဆီးချိုရောဂါရှိသူများ အနာကျက်နှေးရခြင်းအကြောင်း

ဆီးချိုရောဂါရှိသူတွေဟာ ကိုယ်ခန္ဓာမှာ ထိခိုက်ဒဏ်ရာ ရှိ၊ မရှိ ပုံမှန်စစ်ဆေးရပါမယ်။ အနာဖြစ်တာကို စောစောသိလေလေ နောက်ဆက်တွဲပြဿနာများ ဖြစ်နိုင်ခြေနည်းလေပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr.Thant Zin

သင့်အတွက် ရွေးချယ်ထားသည်

အချဉ်တွေစားရင် ကျန်းမာတယ် ဆိုတာ မှန်ရဲ့လား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 20, 2020 . 2 mins read
Stay Home မှာ ထွက်လာတဲ့ဗိုက်ကလေးကို ဒီနည်းလမ်းတွေနဲ့ ပြန်ချပါ

Stay Home မှာ ထွက်လာတဲ့ဗိုက်ကလေးကို ဒီနည်းလမ်းတွေနဲ့ ပြန်ချပါ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Yun Sandi Nan Mon
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 19, 2020 . 2 mins read
အိပ်မပျော်တာ ဟော်မုန်းကြောင့်များလား

COVID ကာလ အိပ်မပျော်တာ ဟော်မုန်းတစ်ခုခုဖောက်ပြန်နေလို့များလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 16, 2020 . 3 mins read
ကြားဖူးနေတဲ့ lcFos က ကလေးတွေအတွက် ဘယ်လို အကျိုးပြုသလဲ........

ကြားဖူးနေတဲ့ lcFos က ကလေးတွေအတွက် ဘယ်လို အကျိုးပြုသလဲ……..

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 15, 2020 . 2 mins read