ပိန်တဲ့သူတွေ ကိုယ်အလေးချိန်တက်မြန်စေမယ့် နည်းလမ်းတွေ

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

လူ့ပတ်ဝန်းကျင်ဆိုတာလည်း အခက်သားဗျ။ ဝတဲ့သူတွေဆို ပိန်လိုက်ရင် လှသွားမှာလို့ ပြောကြတယ်။ ပိန်တဲ့သူတွေဆိုရင်လည်း ဝလာရင် ကြည့်ကောင်းမှာ ဆိုပြီး ပြောကြတယ်။ ဒီလိုစကားသံတွေ မကြာခဏ ကြားရတဲ့အခါ လူတွေဟာ ပိန်ခြင်း၊ ဝခြင်း ဆိုတဲ့ ရုပ်လက္ခဏာကို စိတ်ထဲမှာ အမြဲထားလာကြတယ်။ စိတ်ညစ်စရာ၊ ပူပန်စရာ၊ ရှက်ရွံ့စရာ ကိစ္စတစ်ခုလို ဖြစ်လာကြတယ်။

ကျန်းမာရေးအရ အဝလွန်ြခင်း၊ ပိန်လွန်းခြင်းတွေဟာ မကောင်းတဲ့ အရာတော့ မှန်ပေမယ့် အလှအပအတွက်ဆိုရင် ကိုယ့်ရဲ့ အသက်ပေါ် မူတည်ပြီး ရှိသင့်၊ ရှိထိုက်တဲ့ ကိုယ်ခန္ဓါအချိုးအစား၊ ကျန်းမာတဲ့ ကိုယ်အလေးချိန်တစ်ခု ထိန်းထားဖို့တော့ လိုအပ်ပါတယ်။

ကြီးထွားဖွံ့ဖြိုးနေတဲ့ အရွယ်တွေဖြစ်တဲ့ ကလေးတွေနဲ့ ဆယ်ကျော်သက် လူပျို၊ အပျိုတွေဆိုရင်လည်း နေ့စဉ် အာဟာရဓါတ် စုံလင်စွာ မရရှိတဲ့အခါ ကိုယ်အလေးချိန်ကို မထိန်းညှိနိုင်တော့ပဲ အဝလွန်လာတယ်။ အာဟာရချို့တဲ့ပြီး ပိန်လာကြတယ်။ နေ့စဉ် စားသောက်နေထိုင်မှု ပုံစံကို ပြောင်းလဲပြီး အာဟာရြဖစ်စေတဲ့ အစားအစာတွေကို မိဘတွေဘက်က ချက်ပြုတ်ပေးမယ်ဆိုရင်တော့ အဆင်ပြေသွားမှာပါ။

ဒီနေ့မှာတော့ ပိန်နေလို့ စိတ်ညစ်နေတဲ့သူတွေအတွက် အချိန်တိုအတွင်း ကိုယ်အလေးချိန်တက်ပြီး ပြည့်ပြည့်ဖြိုးဖြိုး ဖြစ်လာစေမယ့် နည်းလမ်းကောင်းတွေကို ပြောပြပေးချင်ပါတယ်။

၁။ အစာမစားခင် ရေမသောက်ပါနဲ့။ အစာအိမ်ထဲမှာ ရေတွေနဲ့ ပြည့်နေပြီး အစာကောင်းကောင်း မစားနိုင်တဲ့အခါ ကိုယ်ခန္ဓါအတွက် နေ့စဉ်လိုအပ်တဲ့ အာဟာရဓါတ်တွေ နည်းသွားနိုင်ပါတယ်။

၂။ မကြာခဏ အစာစားပါ။ တစ်နေ့ကို ၃ကြိမ်ထက်ပိုပြီး အစာစားပါ။ တီဗီကြည့်နေတဲ့အချိန်၊ စာလုပ်နေတဲ့အချိန် ဗိုက်ဆာပြီဆိုရင် ထမင်းနည်းနည်းဖြစ်စေ၊ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ မုန့်ပဲသရေစာတွေ ဖြစ်စေ ယူစားပေးပါ။

၃။ နွားနို့သောက်ပါ။ နွားနို့မှာ ကြီးထွားဖွံ့ဖြိုးစေတဲ့ အသားဓါတ်၊ ကယ်လိုရီဓါတ်နဲ့ ကယ်လ်စီယမ်ဓါတ်တွေ အများအပြားပါဝင်လို့ မနက်နိုးရင် တစ်ခွက်၊ ညအိပ်ကာနီးရင် တစ်ခွက် နေ့စဉ် သောက်ပေးပါ။

၄။ များများစားပါ။ ကိုယ်က ပိန်နေတဲ့သူဆိုရင် သူများထက်ပိုပြီး အစာစားပေးဖို့ လိုအပ်ပါတယ်။ ဗိုက်ဆာပြီလို့ ခံစားရပြီဆိုတာနဲ့ ထမင်းစားပါ။ စားတဲ့အခါမှာလည်း ပန်းကန်ပြားကြီးကြီးနဲ့ ပမာဏ များများ စားပေးဖို့ လိုအပ်ပါတယ်။

၅။ ကော်ဖီေသာက်တဲ့အခါ ခရင်မ်ထည့်သောက်ပါ။ ခရင်မ်မှာ ကယ်လိုရီဓါတ်တွေ ပိုမိုပါဝင်တာကြောင့် ပိန်သူတွေအတွက် ပိုပြီး လိုအပ်ပါတယ်။

၆။ အိပ်ချိန်ပြည့်ဝအောင် အိပ်ပါ။ လူသားတိုင်းရဲ့ ကျန်းမာရေးအတွက် တစ်နေ့ အိပ်ချိန်ဟာ အနည်းဆုံး ၇နာရီ ကနေ ၈နာရီအထိ ရှိဖို့ လိုအပ်ပါတယ်။ ပိတ်ရက်တွေမှာ ပိုအိပ်ပါ။ ကောင်းစွာ အိပ်စက်အနားယူခြင်းဟာ ကြွက်သားတွေကို ကြီးထွားသန်စွမ်းစေဖို့ အထောက်အကူဖြစ်စေပါတယ်။

၇။ အသားနဲ့ ဟင်းသီးဟင်းရွက် မျှတအောင် စားပါ။ ကိုယ်အလေးချိန်တက်ဖို့ကို အဓိကဦးတည်နေတာ ဖြစ်တဲ့အတွက် အသားဓါတ်နဲ့ ကယ်လိုရီ ပါဝင်မှုများတဲ့ အသားတွေကို များများစားပါ။ ဟင်းသီးဟင်းရွက်တွေကိုလည်း စားပေးပါ။ များများစားပေးလေ ပိုကောင်းလေပါပဲ။

၈။ ဆေးလိပ်မသောက်ပါနဲ့။ ဆေးလိပ်သောက်ခြင်းဟာ ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေနိုင်တဲ့အပြင် ကိုယ်အလေးချိန်ကိုလည်း ကျစေပြီး လူကို ပိန်စေတယ်။ အရိုးနဲ့ ကြွက်သားကိုလည်း အားနည်းစေနိုင်ပါတယ်။

၉။ လေ့ကျင့်ခန်းလုပ်ပါ။ ကိုယ်အလေးချိန်တက်ဖို့အတွက် အစားအစာကို ပိုပြီး စားသုံးပေးဖို့ လိုအပ်သလို ကိုယ်လက်လေ့ကျင့်ခန်းကိုလည်း ပိုလုပ်ပေးသင့်ပါတယ်။ လိုအပ်ရင် ဖြည့်စွက်အားဆေးသောက်ပါ။ အလေးများများမပါ။

Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပေးပါ။

Read also:

Share now :

တည်းဖြတ်သည့်နေ့ ဖေ‌ဖော်ဝါရီ 1, 2019 | နောက်ဆုံးတည်းဖြတ်ခြင်း ဒီဇင်ဘာ 2, 2019

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။