ဒါတွေကတော့ ပြည့်ဝဆီ (Saturated fat) နဲ့ Trans-fatty acid (Trans-fat) တို့ဖြစ်ပါတယ်။ ပြည့်ဝဆီ (Saturated fat) တွေကို တိရစ္ဆာန်ကရတဲ့အဆီတွေဖြစ်တဲ့ ဝက်ဆီ၊ အမဲဆီ၊ ဆိတ်ဆီ နဲ့ အုန်းဆီ၊ စားအုန်းဆီတွေမှာတွေ့ရပါတယ်။ ပြည့်ဝဆီတွေက နှလုံးသွေးကြောကျဥ်းရောဂါကို ဖြစ်စေတတ်တာမို့ အသက် ၅၀ကျော်လာရင် ဒါမှမဟုတ် ကိုယ်အလေးချိန် လျှော့ချဖို့အတွက်ဆိုရင်တော့ ရှောင်နိုင်ရင် အကောင်းဆုံးပါ။ မဖြစ်လို့ စားရတယ်ဆိုလည်း တစ်နေ့တာလိုအပ်တဲ့ calories ပမာဏရဲ့ ၇%ထက် မကျော်သင့်ပါဘူး။
Trans fat ကိုတော့ ဆီကြော်မုန့်တွေ၊ ထပ်ခါတလဲလဲ ပြန်ကြော်ဖို့ အသုံးပြုထားတဲ့ ပြန်ကြော်ဆီတွေ၊ fast food လို့ခေါ်တဲ့ အလွယ်တကူ၊ အလျင်အမြန်ရရှိတဲ့ အစားအသောက်တွေမှာ တွေ့ရပါတယ်။ Trans-fat တွေဟာလည်း နှလုံးသွေးကြောကျဥ်းခြင်းနဲ့ ကိုယ်အလေးချိန်တက်လာရခြင်းရဲ့ အဓိကအကြောင်းရင်းတွေပဲမို့ လုံးဝရှောင်ကြဥ်ဖို့လိုပါတယ်။
ကျန်းမာရေးကိုကောင်းမွန်စေတဲ့ အဆီတွေကတော့ မပြည့်ဝဆီ (Unsaturated fat) နဲ့ ငါးကရတဲ့အဆီ (Omgea-3 fatty acid) တို့ဖြစ်ပါတယ်။ မပြည့်ဝဆီမှာ Monounsaturated fat (MUFA) နဲ့ Polyunsaturated fat (PUFA)ဆိုပြီး နှစ်မျိုးရှိပါတယ်။ MUFA နဲ့ PUFA တွေကိုတော့ နှမ်းဆီ၊ နေကြာဆီ၊ သံလွင်ဆီ၊ မြေပဲဆီ၊ ပဲပိစပ်ဆီ၊ ပဲပုပ်ဆီတွေမှာ ရနိုင်ပါတယ်။ Omega-3 ခေါ် ငါးကြီးဆီကတော့ မကောင်းတဲ့ အဆီတွေကိုကျစေပြီး ကောင်းတဲ့အဆီကိုတက်စေတဲ့ အာနိသင်ရှိပါတယ်။
ဒါကြောင့် ခြုံပြောရရင် အစေ့အဆံကရတဲ့ အဆီနှင့် ငါးကြီးဆီကိုပိုမိုစားသုံးသင့်ပြီး စားအုန်းဆီနဲ့ တိရစ္ဆာန်ကရတဲ့ အဆီတွေကို ရှောင်ရမှာဖြစ်ပါတယ်။
၂) သကြားနဲ့ ကစီဓာတ်လျှော့စားပါ။
ဒါကတော့ လူတိုင်းသိကြတဲ့အတိုင်း ကိုယ်အလေးချိန်တက်စေတဲ့ နောက်ထပ်အဓိကအကြောင်းရင်းတစ်ရပ်ပါ။ သကြားနဲ့ ကစီဓာတ်ဟာ ခန္ဓာကိုယ်မှာ တစ်နေ့တာလိုအပ်တာထက်ပိုနေရင် အင်ဆူလင်အကူအညီနဲ့ အဆီအဖြစ် ခန္ဓာကိုယ်မှာ သိုလှောင်တာမို့ အဲဒါတွေစားတာများနေရင် အဆီပိုတွေ စုပုံလာပြီး ကိုယ်အလေးချိန် တက်လာတာ၊ ဆီးချိုရောဂါဝင်လာတာ မဆန်းပါဘူး။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။