ချုပ်ရိုးကို ဘယ်လိုဂရုစိုက်ရမလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date ဩဂုတ် 12, 2020 . 2 mins read
Share now

ခေါင်းကွဲသွားလို့ ၅ ချက်ချုပ်လိုက်ရတယ်၊ခြေထောက်ဒဏ်ရာ ၄ ချက်ချုပ်လိုက်ရတယ် စသည်ဖြင့် ကိုယ်တိုင်ရော၊ တခြားသူတွေဆီမှာပါမြင်ဖူးကြားဖူးကြုံဖူးကြမှာပါ။ ဆရာဝန်ကချုပ်ပေးလိုက်တာပဲ ဆိုပေမယ့် ချုပ်လိုက်တယ်ဆိုတိုင်း အနာပေါက်ပိတ်မသွားပါဘူး၊အနာကျက်မသွားပါဘူး။ အနာကျက်ဖို့ အချိန်တစ်ခုတော့စောင့်ရဦးမှာပါ။ ချုပ်ရိုးဖြေဖို့ကလည်း ရှိသေးတယ်။

ဒဏ်ရာကြောင့်ဖြစ်ဖြစ် တစ်စုံတစ်ရာခွဲစိတ်ကုသမှုကြောင့်ဖြစ်ဖြစ် ချုပ်ရိုးအနာမကျက်ခင် စပ်ကြားမှာ ဒဏ်ရာကိုသေချာဂရုစိုက်ပေးဖို့ အရေးကြီးပါတယ်။ အခန့်မသင့်လို့ အနာပိုးဝင်ခဲ့ရင် ရိုးရိုးအနာထက် အန္တရာယ်နဲ့နောက်ဆက်တွဲပြဿနာပိုများနိုင်လို့ပါ။ခွဲစိတ်ကုသထားတဲ့ဒဏ်ရာတွေက ချုပ်ရိုးကြောင့် အနာကျက်လွယ်ပေမယ့် ချုပ်ရိုးကြောင့်ပဲ အမာရွတ်ကြီးဖြစ်မကျန်အောင်၊ အနာပိုးမဝင်အောင် သတိထားပြီး ဂရုစိုက်တာအကောင်းဆုံးဖြစ်ပါတယ်။

ဘာတွေသတိထားဂရုစိုက်ရမလဲ

  • ပတ်တီး သို့မဟုတ် ပလာစတာကို ဘယ်အချိန်မှာဖယ်ရမလဲ -တချို့ဒဏ်ရာတွေမှာ ခွဲစိတ်ပြီးချုပ်ပြီးတာနဲ့နောက်တစ်ရက်မှာ ဖယ်လို့ရပါပြီ။ ဒါကတော့ ဘယ်ခန္ဓာကိုယ်အစိတ်အပိုင်းမှာဖြစ်တဲ့ဒဏ်ရာလဲ၊ဒဏ်ရာဘယ်လောက်ပြင်းသလဲ၊ ဒဏ်ရာအတိမ်အနက်တို့အပေါ်မူတည်ပါတယ်။ ဒဏ်ရာအများစုကတော့ သုံးလေးရက်လောက်ကြာမှ ပတ်တီးဖယ်လို့ရတာပါ။ ဒါပေမယ့် အနာကို ကာကွယ်ဖို့ ပလာစတာဖြစ်ဖြစ် ဖုံးအုပ်ကာကွယ်ထားနိုင်ပါတယ်။
  • အနာကိုခြောက်သွေ့အောင်ထားပါ။ အထူးသဖြင့် ကုသမှုခံယူပြီး ပထမ ၂၄ နာရီအတွင်းမှာ သတိထားရပါတယ်။ ပထမရက်မှာရေမချိုးသင့်ပါ။ရေပတ်တိုက်ချင် တိုက်ပါ။ ဒုတိယရက်ဆိုရင်တော့ရေချိုးပြီးရင် အနာတစ်ဝိုက်ကို တဘက်နဲ့ညင်သာစွာ တို့သုတ်ပါ။
  • ချုပ်ရိုးဖြေတာကို ဆရာဝန်ကသာ လုပ်ပေးလို့ရပါတယ်။ ကိုယ့်သဘောနဲ့ကိုယ် ဘာမှမလုပ်သင့်ပါဘူး။ ချုပ်ရိုးမမြင်ရတဲ့ အသားထဲမြုပ်တဲ့ချုပ်ရိုးတွေဆို ၃ ရက်ကနေ ၃ ပတ်လောက်ကြာမှဖြေရတာမျိုးပါ။ အနာကျက်တဲ့အနေအထားကိုကြည့်ပြီး ဆရာဝန်ကဆုံးဖြတ်ပါလိမ့်မယ်။
  • ဒဏ်ရာရှိတဲ့အစိတ်အပိုင်းကို လှုပ်ရှားမှုနည်းအောင်ထားပါ။ ချုပ်ရိုးဒဏ်ရာတစ်ဝိုက် လှုပ်ရှားမှုနည်းမှ အနာကျက်မြန်စေမှာပါ။ ချုပ်ရိုးကိုပြန်ကွဲစေလောက်တဲ့ လှုပ်ရှားမှု အနေအထားမျိုးမလုပ်ပါနဲ့။ ခွဲစိတ်ကုသမှုနောက်ပိုင်း တစ်လအတွင်း အလေးအပင်မတာ၊အားစိုက်တာ၊လေ့ကျင့်ခန်းလုပ်တာ၊ အားကစားလုပ်တာတွေရှောင်သင့်ပါတယ်။
  • ဒဏ်ရာတဲ့လက် သို့မဟုတ် ခြေထောက်ကို နှလုံးထက် level မြင့်အောင်မြှင့်ထားပါ။ ဒါမှ နာကျင်မှုနဲ့ရောင်ရမ်းမှုသက်သာစေမှာဖြစ်ပါတယ်။ သက်တောင့်သက်သာဖြစ်စေဖို့ ခေါင်းအုံး သို့မဟုတ်စောင်လေး ခုထားပေးပါ။
  • အနာကို မထိတွေ့ခင်မှာ လက်အမြဲဆေးကြောပါ။
  • အနာကိုသန့်စင်မယ်ဆိုရင် တိုက်ရိုက်မဟုတ်ဘဲ အနာတစ်ဝိုက်အရေပြားမှာ gauze padလေး သို့မဟုတ် အဝတ်စနုနုလေးသုံးနိုင်ပါတယ်။ ဆပ်ပြာ၊ အရက်ပြန်၊အိုင်အိုဒင်း၊peroxideတွေမသုံးပါနဲ့။ အရေပြားကိုထိခိုက်စေပြီးအနာကျက်နှေးစေနိုင်ပါတယ်။
  • ဆရာဝန်ညွှန်ကြားတဲ့အတိုင်းမဟုတ်ဘဲ ဘယ်ဆေး၊ဘယ်အရာကိုမှ အနာကိုမလိမ်းပါနဲ့။ သန့်စင်တာ၊ဆေးထည့်တာတို့ကိုညွှန်ကြားချက်အတိုင်းသာ လုပ်ပါ။

ဒါတွေဖြစ်လာရင် ဆရာဝန်နဲ့ပြန်ပြပါ။

  • အနာချုပ်ရိုးက ကွဲလာတယ်ဆိုရင် ဆရာဝန်နဲ့ပြန်ပြပါ။ လိုအပ်ရင်ပြန်ချုပ်သင့်ရင် ချုပ်ရနိုင်ပါတယ်။
  • ချုပ်ရိုးကနီရဲလာတယ်ဆိုရင် ပိုးဝင်တဲ့လက္ခဏာဖြစ်နိုင်ပါတယ်။ ကုသမှုခံယူပြီးကာစမှာ နီရဲနေတာကတော့ ပုံမှန်ပါပဲ။ ဒါပေမယ့် နီရဲနေတာက ဆက်တိုက်ဖြစ်နေရင်၊ ပိုဆိုးလာရင်၊ အနာတစ်ဝိုက် တစ်လက်မထက်ပိုကျယ်ပြန့်လာရင်၊
  • အနာကသွေးထွက်နေရင် အနာကပ်ပလာစတာ၊ ပတ်တီးတွေကို အသစ်လဲပေးပါ။သွေးတိတ်အောင် ခဏလေးဖိထားကြည့်လို့ မတိတ်ရင် ဆရာဝန်ပြပါ။
  • ခွဲစိတ်ပြီး ပထမ ၆လအတွင်းနေပူထဲသွားတဲ့အခါ အနာ သို့မဟုတ် အမာရွတ်ကိုနေရောင်တိုက်ရိုက်မထိတွေ့အောင် ဖုံးအုပ်ကာကွယ်ထားပါ။ နေလောင်တဲ့အခါ အမာရွတ်ကြာရှည်တတ်ပါတယ်။
  • အနာမှာ ပြည်တည်လာတာ၊ အနံ့ထွက်လာတာလိုမျိုး အနာပိုးဝင်တဲ့လက္ခဏာတွေတွေ့လာရရင် ပိုမဆိုးလာခင် ကုသမှုခံယူပါ။ အဖျားတက်လာတာ၊ ဂလင်းတွေရောင်ရမ်းလာတာဆိုရင် ချက်ချင်း ဆရာဝန်ပြပါ။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

COVID-19 ဗိုင်းရပ်စ်သယ်ယူထိန်းသိမ်းရေးပစ္စည်း         

နှကိုဗစ် စစ်ဆေးတဲ့အခါ ပန်းရောင်အရည်ထည့်ထားတဲ့ ပလတ်စတစ် ပြွန်လေးထဲကို ယူပြီးသား နှာခေါင်းတို့ပတ်၊ အာခေါင်တို့ပတ်တွေ ထည့်ယူသိမ်းဆည်းကြပါတယ်။

ရေးသားသူ Dr. Thiha Phyo Myint

တန်ဆေးလွန်ဘေး ဗီတာမင်ဘေး (ရေမှာ ပျော်ဝင်တဲ့ ဗီတာမင်တွေအကြောင်း)

ဗီတာမင်ကို ပမာဏအတိုင်းသာ သောက်သုံးမှီဝဲသင့်ပါတယ်။ “တန်ဆေးလွန်ဘေး” ဆိုတဲ့ အတိုင်း ပမာဏကျော်လွန်သောက်သုံးမိပါက အဆိပ်သာဖြစ်လာမှာပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Thiha Phyo Myint

ပျင်းလည်းပျင်းတယ်၊ ဝိတ်လည်းကျချင်တယ်ဆိုရင်

ဝိတ်ချမယ်ဆိုရင် ပထမဆုံးပေါ်လာတတ်တာက အားကစားလုပ်မယ်၊ Gym သွားမယ်၊ အစားလျှော့ စားမယ် စတာတွေပေါ့။ အခြားနည်းလမ်းတွေ ရှိပါသေးတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Thiha Phyo Myint

လိင်တံ ဘာလို့ယားယံနေရတာလဲ

လူကြားသူကြားထဲမှာ လိင်တံယားကျိကျိဖြစ်နေရင် အတော်လေးနေရထိုင်ရခက်မှာ အသေချာပါပဲ။ ...

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Thiha Phyo Myint

သင့်အတွက် ရွေးချယ်ထားသည်

ဆေးလိပ်ဖြတ်နေတဲ့ သူငယ်ချင်းကို ဘယ်လိုကူညီနိုင်မလဲ

ဆေးလိပ်ဖြတ်နေတဲ့ သူငယ်ချင်းကို ဘယ်လိုကူညီနိုင်မလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Thiha Phyo Myint
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 27, 2020 . 2 mins read
သဘာဝအလျောက် သန္ဓေတားနည်းလမ်းများ

သဘာဝအလျောက် သန္ဓေတားနည်းလမ်းများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Thiha Phyo Myint
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 27, 2020 . 2 mins read
ဒိန်ချဉ်သောက်ခြင်းကြောင့် ရရှိမယ့်ကောင်းကျိုးများ

ဒိန်ချဉ်သောက်ခြင်းကြောင့် ရရှိမယ့်ကောင်းကျိုးများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Thiha Phyo Myint
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 27, 2020 . 2 mins read
မိုးရာသီနှင့် အောက်ခံဘောင်းဘီများ

မိုးရာသီနှင့် အောက်ခံဘောင်းဘီများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Thiha Phyo Myint
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 27, 2020 . 2 mins read