ရှာလကာရည်ရဲ့ အလှအပအတွက် အသုံးဝင်မှု

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date ဩဂုတ် 23, 2020 . 2 mins read
Share now

ရှာလကာရည်ကို အချဉ်စိမ်ဖို့၊ အချဉ်သုပ်တွေထဲမှာ ထည့်ဖို့ပဲ အသုံးများ ကြပါတယ်။ တကယ်ကတော့ ရှာလကာရည်က စားစရာ တစ်ခု ဆိုတာထက် ပိုပြီး အလှအပ အတွက်ပါ အသုံးဝင်ပါတယ်။ ရှာလကာရည်ကို အလှအပအတွက် ဘယ်လို အသုံးပြုရလဲ ဆိုတာ သိချင်တယ်ဆိုရင် ဒီ ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်စေချင်ပါတယ်။

ရှာလကာရည်ကို အလှအပအတွက် သုံးလို့ရလား………

ရှာလကာက တန်ဖိုးနည်း အလှအပ လျှို့ဝှက်ချက် တစ်ခုပါ။ အသားအရေရဲ့ အက်ဆစ်ပမာဏကို ထိန်းညှိပေးပြီး အသားအရေကို ကြည်လင်စေပါတယ်။ ဒါတင်မကပါဘူး။ အသားခြောက်တာ၊ အသား ယားယံတာ၊ အရေပြား အဖက်လန်တာ၊ ဝက်ခြံ စတဲ့ အရေပြား ပြဿနာတွေကို သက်သာစေနိုင်ပါတယ်။

ဒါတင်မကသေးပါဘူး။ အသက်အရွယ်ကြောင့် ဖြစ်တဲ့ အစက်အပြောက်တွေကို သက်သာစေဖို့အတွက်လည်း ရှာလကာရည်ကို အသုံးပြုပေးလို့ရပါတယ်။ ရှာလကာရည်ကို နည်းလမ်းမှန်မှန် အသုံးပြုတာက အသားအရေကို ကြည်လင်စေမှာပါ။

ရှာလကာရည်ကပေးတဲ့ အလှအပ

ရှာလကာရည်ကို အလှအပအတွက် အခုလိုလေးတွေ အသုံးပြုပေးလို့ ရပါတယ်။

အသားအရေအတွက်

အသားအရေအတွက် ရှာလကာရည်ကို အသုံးပြုတဲ့အခါ သဘာဝပစ္စည်းကနေ ထုတ်ထားတဲ့ ရှာလကာရည် (ဥပမာ ပန်းသီးရှာလကာရည်) က အသင့်တော်ဆုံးပါ။ ရှာလကာရည်ကို အသားအရေ သန့်စင်မှုအတွက် အသုံးပြုပေးလို့ ရပါတယ်။

မုတ်ဆိတ် ရိတ်ပြီးတဲ့အခါ –  အမျိုးသားတွေအနေနဲ့ မုတ်ဆိတ်ရိတ်ပြီးတဲ့အခါ အသားအရေ ချောမွေ့စေဖို့ အတွက် ပန်းသီးရှာလကာရည်ကို ရေနဲ့ ဆတူရောပြီး အသုံးပြုပေးလို့ရပါတယ်။

မိတ်ကပ်ဖျက်ဆေး၊ Toner – မျက်နှာပေါ်က မိတ်ကပ်တွေ၊ အညစ်အကြေးတွေကို ဖယ်ရှားဖို့အတွက် ရှာလကာရည် နဲ့ ရေကို ဆတူရောပြီး အသုံးပြုပေးလို့ ရပါတယ်။ ပြီးရင် မျက်နှာကို ပုံမှန်အတိုင်း သန့်စင်ပေးလိုက်ရုံပါ။

မျက်နှာသစ်ပြီးချိန်မှာ ချွေးပေါက်တွေထဲမှာ ကျန်နေခဲ့တဲ့ အညစ်အကြေးတွေကို ဖယ်ရှားဖို့အတွက်လည်း ရေ နဲ့ ရှာလကာရည် ရောထားတဲ့ အရောကို မျက်နှာပေါ်မှာ လိမ်းပေးပြီး လေနဲ့ အခြောက်ခံပေးရုံပါ။

အဆီပြန်တာကို သက်သာစေတယ် – ရေနဲ့ရှာလကာရည်ကို ဆတူရောပြီး ရေခဲတုံးသေးသေးလေးတွေဖြစ်အောင် အခဲခံလိုက်ပါ။ ရလာတဲ့ အခဲလေးတွေကို မျက်နှာမှာ ပွတ်လိမ်းလိုက်မယ်ဆိုရင် အဆီပြန်တာကို သက်သာစေမှာပါ။

ဝက်ခြံ သက်သာစေနိုင်တယ် – ရှာလကာရည် နည်းနည်း၊ ပျားရည်၊ ဂျုံမှုန့်တို့နဲ့ ရောလို့ အနှစ်ရအောင် မွှေပါ။ ရလာတဲ့ အနှစ်ကို မျက်နှာပေါ်မှာ လိမ်းပြီး ခဏထားပါ။ ခြောက်သွားရင် ရေအေးအေးလေးနဲ့ ဆေးချပေးပါ။ ပုံမှန် လုပ်ပေးမယ်ဆိုရင် ဝက်ခြံဖြစ်တာကို လျော့ပါးစေမှာပါ။

လက်တွေအတွက်

လက်အသားအရေအတွက်လည်း ရှာလကာရည်ကို အသုံးပြုပေးလို့ ရပါတယ်။

လက်သည်းနီ ကြာကြာခံစေတယ် – လက်သည်းနီကို ခဏခဏ မဆိုးချင်ဘူးဆိုရင် လက်သည်းနီ မဆိုးခင်မှာ ရှာလကာရည် လက်ဖက်ရည်ဇွန်း ၂ ဇွန်းစာကို ရေနွေးခွက် တဝက်စာထဲ ရောပါ။ ပြီးရင် လက်ချောင်းထိပ်လေးတွေကို အဆိုပါအရည်ထဲ ၁  မိနစ် ကနေ ၂ မိနစ်လောက်ထိ စိမ်ထားပေးပါ။ ပြီးရင် လက်သည်းနီ ဆိုးပေးလိုက်ရုံပါ။

ဆဲလ်သေတွေ ဖယ်ရှားပေးနိုင်တယ် – လက်ဖဝါး နုနုလေး ပိုင်ဆိုင်ချင်တယ်ဆိုရင် ပြောင်းမှုန့်ကို ရှာလကာရည် နည်းနည်းနပြ ရောပြီး လက်ကို ပွတ်ပေးပါ။ ပြီးရင် ရေအေးအေးနဲ့ ဆေးချလိုက်ပါ။ ပြီးရင် အခြောက်ခံလို့ အစိုဓာတ်ထိန်းခရင်မ် တစ်မျိုးမျိုး လိမ်းလိုက်ပါ။

ဆံသားအတွက်

ရှာလကာရည်ကို ဆံသား တောက်ပစေဖို့ နဲ့ ဆံသား သန့်စင်စေဖို့ အသုံးပြုပေးလို့ ရပါတယ်။

Conditioner အဖြစ် သုံးလို့ ရတယ် – ရှာလကာရည်က ဦးရေပြားနဲ့ ဆံသားကို သန့်စင်စေပြီး ဆံသားကို တောက်ပစေပါတယ်။ ခေါင်းလျှော်ပြီး ရေဆေးချတဲ့အခါ ဆေးချမယ့်ရေထဲကို ရှာလကာရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်းစာ ထည့်ပြီး သန့်စင်ရုံပါ။

ဗောက် သက်သာစေတယ် – ခေါင်းမလျှော်ခင်မှာ ရေနဲ့ရှာလကာရည် ဆတူရောထားတာကို သုံးပြီး ဦးရေပြားကို နှိပ်နယ်ပေးပါ။ ပြီးရင် ခေါင်းကို ပုံမျန်အတိုင်း လျှော်လိုက်ရုံပါ။ ဆံသားကို ကျန်းမာစေပြီး ဗောက်တွေ ကင်းစေမှာပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy
ရင်းမြစ်များ

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

မနက်ခင်းမှာ လှပနေစေဖို့ ညမအိပ်ခင် ဒီလိုထိန်းသိမ်းမှုလေးတွေ လုပ်ပါ။

မနက်နိုးလာလို့ မှန်ထဲကြည့်တဲ့အခါ မျက်နှာလေးက ကြည်လင် ဝင်းပနေရင် စိတ်ထဲက ကျေနပ်ပြီး မနက်ခင်းတွေက လှပနေရောဟုတ် လေဒီ။ မနက်တိုင်း လှပစေဖို့။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

အသက်ရှည်ချင်ရင် ဖုန်းမကြည့်နဲ့

လူတိုင်း စမတ်ခ်ဖုန်းသုံးနေကြတဲ့ ခေတ်ထဲမှာ ဖုန်းမကြည့်နဲ့ဆိုလို့ပြောလိုက်တော့ စိတ်ထဲတစ်မျိုးဖြစ်သွားမယ်ထင်ပါရဲ့။ ဒါပေမယ့် အသက်ရှည်ချင်ရင် ဖုန်းမကြည့်နဲ့

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

သွေးသန့်စေဖို့ ဒါတွေစားပါ။

ခန္ဓာကိုယ်က အလုပ်တွေ အကောင်းဆုံး လုပ်ဆောင်နိုင်စေဖို့ သွေးတွေကို လိုအပ်ပါတယ်။ သွေးဆိုတဲ့နေရာမှာ အဆိပ်အတောက်ကင်းပြီး သန့်စင်တဲ့ သွေး ဖြစ်ဖို့က အရေးကြီးပါတယ်။ 

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ကွန်ပျူတာကလာတဲ့ Blue Light တွေက အသားအရေကို ပျက်စီးစေနိုင်သလား။

အခုတလော ဝက်ခြံတွေ ပိုထွက်လာတယ်။ သတိထားမိသလောက် Covid-19 ကြောင့် Work from Home စလိုက်ကတည်းကပေါ့။ကွန်ပျူတာရှေ့မှာ မနက်ကစထိုင်လိုက်တာ ညနေစောင်းတဲ့အထိပဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

ဒိန်ချဉ်သောက်ခြင်းကြောင့် ရရှိမယ့်ကောင်းကျိုးများ

ဒိန်ချဉ်သောက်ခြင်းကြောင့် ရရှိမယ့်ကောင်းကျိုးများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Thiha Phyo Myint
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 27, 2020 . 2 mins read
ကိုဗစ်ကုသရေးမှာအရေးပါလာတဲ့ သွေးတွင်းအောက်ဆီဂျင်ပမာဏတိုင်းတာခြင်း

ကိုဗစ်ကုသရေးမှာအရေးပါလာတဲ့ သွေးတွင်းအောက်ဆီဂျင်ပမာဏတိုင်းတာခြင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Thiha Phyo Myint
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 27, 2020 . 2 mins read
သရက်သီးကပေးတဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေ

သရက်သီးကပေးတဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေ

ရေးသားသူ Dr. Thiha Phyo Myint
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 26, 2020 . 2 mins read
ဆောင်းတွင်းမှာ Scrubတိုက်လို့ရပါ့မလား။

ဆောင်းတွင်းမှာ Scrubတိုက်လို့ရပါ့မလား။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 23, 2020 . 2 mins read