backup og meta

အသားခြောက်လို့ စိတ်ညစ်မနေပါနဲ့

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 22/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အသားခြောက်လို့ စိတ်ညစ်မနေပါနဲ့

    အသားအရေစိုပြေမှုကလည်း အလှကြိုက်တဲ့သူတွေအဖို့ အလှတိုးစေတဲ့ အချက်တစ်ခုပေါ့။ အသားခြောက်တဲ့အခါ ထိခိုက်နိုင်ခြေများသလို ဘာပဲဝတ်ဝတ် ဘယ်လိုပဲပြင်ပြင် ထင်သလောက်ကြည့်မကောင်းတာတော့ အမှန်ပါ။ အသားခြောက်တာက ဒီလောက်နဲ့တင်ပြီးသွားလားဆိုတော့ မဟုတ်သေးပါဘူး။ အသားခြောက်တာကြောင့် မလိုအပ်တဲ့နောက်ဆက်တွဲပြဿနာတွေလည်းဖြစ်လာနိုင်ပါတယ်။

    အသားခြောက်တယ်ဆိုတာ

    အသားခြောက်တယ်ဆိုတာက အပေါ်ယံအရေပြားလွှာမှာရေဓါတ်လုံလောက်စွာမရရှိတာကြောင့်ဖြစ်လာတဲ့ အရေပြားပြဿနာတစ်ရပ်ပါ။ အရေပြားမှာ အဆီနည်းတာကြောင့်လည်း အသားခြောက်တတ်ပါတယ်။ အမျိုးသားရော အမျိုးသမီးပါဖြစ်နိုင်တဲ့ အရေပြားပြဿနာတစ်ခုပါ။ အသက်အရွယ်ကြီးရင့်လာတဲ့ သူတွေမှာပိုအဖြစ်များပါတယ်။ အပေါ်ယံအရေပြားက ခန္ဓါကိုယ်ကို အကာကွယ်ပေးထားတဲ့ ရှေ့တန်းခံစစ်ပါ။

    အပေါ်ယံအရေပြားခြောက်သွေ့ကွဲအက်မှုကပြင်ပက ဘက်တီးရီးယားတွေကို ကိုယ်တွင်းကို တံခါးမရှိ ဓါးမရှိပေးဝင်ခွင့်ပေးလိုက်သလိုဖြစ်သွားနိုင်ပါတယ်။ ဒါကြောင့် အသားအရေခြောက်တာကိုသေချာလေးဂရုစိုက်ဖို့လိုပါမယ်။

    ဒါတွေကြောင့် အသားခြောက်နိုင်ပါတယ်

    အသားခြောက်စေနိုင်တဲ့ အချက်ကတစ်ချက်မကရှိနေနိုင်ပါတယ်။နေ့စဉ်ထိတွေ့နေတဲ့ပြင်ပကအရာတွေကြောင့် အသားခြောက်နိုင်သလိုရောဂါအခြေအနေတစ်ရပ်ရပ်ကြောင့်လည်း အသားခြောက်နိုင်ပါတယ်။

    • ဆပ်ပြာအပြင်းစားတွေနဲ့ အလွန်အကျွံသန့်စင်တာ
    • အယ်လ်ကိုဟောပါတဲ့ သန့်စင်မှုပစ္စည်းတွေအသုံးပြုတာ
    • ရာသီဥတုအေးတာ
    • ပတ်ဝန်းကျင်လေထုထဲမှာ စိုထိုင်းဆနည်းနေတာ
    • ပတ်ဝန်းကျင်အပူချိန်တို့ကြောင့် အသားအရေခြောက်သွေ့နိုင်ပါတယ်။ ဒါတွေက အသားအရေခြောက်သွေ့မှုအပေါ် သက်ရောက်နေတဲ့ပြင်ပကအကြောင်းအရာတွေပါ။

    ဒါတွေအပြင်

    • ကျန်းမာရေးပြဿနာတစ်ခုခုခံစားနေရတာ
    • အသက်အရွယ်ကြီးရင့်လာတာ
    • မျိုးရိုးရှိတာ
    • သိုင်းရွိုက်ရောဂါတစ်ခုခုခံစားနေရတာ
    • ရေအကြာကြီးချိုးတတ်တာ
    • ဆေးဝါးတွေသောက်သုံးနေရတာတွေကြောင့်လည်း အသားအရေခြောက်သွေ့နိုင်ပါတယ်။

    အသားအရေခြောက်သွေ့မှုက ဘယ်နေရာတွေမှာ အဓိကဖြစ်လဲ

    အသားအရေခြောက်သွေ့မှုက အရေပြားရှိတဲ့နေရာတိုင်းမှာဖြစ်နိုင်ပါတယ်။ အထူးသဖြင့်ကတော့

    • လက်မောင်း
    • လက်ဖဝါး
    • ခြေဖဝါး
    • ပါး
    • နှုတ်ခမ်းတွေက အခြားနေရာတွေထက်ပိုပြီးခြောက်သွေ့ကြပါတယ်။ တံတောင်ဆစ်နဲ့ဒူးခေါင်းတို့မှာလည်း အရေပြားခြောက်သွေ့နိုင်ပါတယ်။

    အရေပြားခြောက်သွေ့မှုရဲ့နောက်ဆက်တွဲ ဘာတွေဖြစ်လာနိုင်လဲ

    အရေပြားရဲ့ အပေါ်ယံလွှာကို အဆီ၊ ပရိုတင်းတို့နဲ့အဓိက ဖွဲ့စည်းထားပါတယ်။

    ဒီအပေါ်ယံအရေပြားလွှာက အရေပြားတစ်ခုလုံးကိုရေဓါတ်မဆုံးရှုံးအောင် ထိန်းသိမ်းကာကွယ်ပေးထားတာပါ။

    လိုအပ်တဲ့ ပရိုတင်းကို အပြည့်အဝမရရှိတဲ့အခါ အသားအရေကခြောက်သွေ့လာပါတယ်။ ဒီလိုခြောက်သွေ့လာမှုကပဲ အရေပြားမှာ

    • အသားအရေခြောက်သွေ့မှုကြောင့် ယားယံတာ၊ အရေပြားအဖတ်ဖတ်တွေလန်တာ
    • အဖုအပိမ့်တွေထွက်တာ၊
    • ယားယံမှုကြောင့် ကုတ်မိရာကနေ အရေပြားအပေါ်ယံလွှာထိခိုက်ပြီး ပိုးဝင်တာ၊
    • အသားအရောင်မညီတာ နဲ့
    • အခြားအရေပြားပြဿနာအမျိုးမျိုးကိုဖြစ်စေနိုင်ပါတယ်။ အပြင်းထန်ဆုံးအနေနဲ့ကတော့ အရေပြားရောင်ရမ်းတာနဲ့ နှင်းခူလိုမျိုး အရေပြားပြဿနာတွေခံစားရနိုင်တာပါပဲ။

    အသားအရေခြောက်သွေ့တာကို သက်သာအောင်လုပ်လို့ရလား

    အနာသိရင်ဆေးရှိတယ်ဆိုတဲ့စကားအတိုင်း အသားအရေခြောက်သွေ့တာကို ကုသလို့ရပါတယ်။နေ့စဉ်လုပ်ဆောင်မိနေတဲ့ အပြုအမူလေးတွေကိုပြင်ဆင်မယ်၊ လိုအပ်တဲ့ အသားအရေစောင့်ရှောက်မှုတွေကိုလုပ်ပေးမယ်ဆိုရင် အသားအရေခြောက်သွေ့မှုပြဿနာကို အထိရောက်ဆုံးဖြေရှင်းနိုင်မှာပါ။

    ရေနွေးနဲ့ရေမချိုးပါနဲ့ -ရေနွေးနဲ့ရေချိုးတာက အသားအရေကိုခြောက်သွေ့စေနိုင်တဲ့အဓိက အကြောင်းအရင်းတွေထဲကတစ်ခုပါ။

    ရေအကြာကြီးမချိုးပါနဲ့ -ရေကို ၅မိနစ် မှ ၁၀ မိနစ်ထက်ပိုပြီး မချိုးသင့်ပါဘူး။ရေချိုးချိန်ကြာတာကလည်း အသားအရေကိုခြောက်သွေ့စေနိုင်ပါတယ်။

    ဆပ်ပြာသတိထားရွေးချယ်ပါ – အသားအရေကိုခြောက်သွေ့မှုကင်းပြီး ကျန်းမာစေချင်တယ်ဆိုရင် အစိုဓါတ်ထိန်းဆပ်ပြာနဲ့ရေချိုးပေးဖို့လိုပါမယ်။ အစိုဓါတ်ထိန်းတဲ့ ဆပ်ပြာရွေးရခက်နေတယ်ဆိုရင်တော့ အသားအရေခြောက်တဲ့သူတွေအတွက် အဓိကထုတ်ထားတဲ့ BIODERMA Atoderm Intensive Gel Moussant (Foaming Gel) ရှိပါတယ်။ အသားအရေခြောက်သွေ့မှုကင်းစေပြီး ယားယံမှုမဖြစ်အောင်ကာကွယ်ပေးနိုင်ပါတယ်။

    အစိုဓါတ်ထိန်းပေးပါ – အစိုဓါတ်ထိန်းခရင်မ်တစ်မျိုးမျိုးလူးပေးဖို့ကိုလည်းမေ့ထားလို့ မဖြစ်ပါဘူး။ရေချိုးပြီးတိုင်း အသားအရေကို အစိုဓါတ်ထိန်းပေးနိုင်တဲ့ ခရင်မ်တစ်ခုခုလူးပေးဖို့လိုပါတယ်။ ဒီလိုလူးတဲ့အခါမှာလည်း အသားအရေခြောက်တတ်သူဆိုရင် BIODERMA Atoderm Intensive Baume အစိုဓါတ်ထိန်းခရင်မ်ကို လူးပေးလို့ရပါတယ်။ အသားအရေကိုခြောက်သွေ့မှုကင်းစေပြီး အရေပြားယားယံမှုကိုပါ သက်သာစေပါတယ်။၂၄ နာရီလုံးအသားအရေကို အထိရောက်ဆုံး ကာကွယ်ပေးနိုင်မှာပါ။

    တဘက်စနုနုလေးနဲ့ ရေသုတ်ပါ -ခြောက်သွေ့တဲ့ အသားအရေက ထိခိုက်လွယ်ပါတယ်။ ဒါကြောင့်ရေချိုးပြီးတိုင်းရေသုတ်တဲ့အခါ တဘက်စနုနုလေးနဲ့ ခပ်ဖွဖွလေးပဲ သုတ်ပေးပါ။

    မကုတ်ပါနဲ့ -အသားအရေခြောက်သွေ့တဲ့အခါ ယားယံနိုင်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ အသားအရေကိုကုတ်ဖဲ့တာမျိုးက အပေါ်ယံအရေပြားလွှာကို ပျက်စိးစေပြီး အရေပြားအတွင်းပိုင်းထဲကို ဘက်တီးရီးယားတွေ အလွယ်တကူဝင်ရောက်သွားစေနိုင်ပါတယ်။

    အစိုဓါတ်ထိန်းစက်ဖွင့်ထားပါ -အသားအရေခြောက်တတ်တယ်ဆိုရင်နေအိမ်မှာ အစိုဓါတ်ထိန်းစက်လေးတွေတပ်ဆင်ထားပေးတာကလည်း အသားအရေခြောက်သွေ့တာကို အထိရောက်ဆုံး ကာကွယ်ပေးနိုင်မှာဖြစ်ပါတယ်။

    ရေများများသောက်ပါ -ရေဓါတ်ခမ်းခြောက်မှုကလည်း အသားအရေကိုခြောက်သွေ့စေတဲ့ အကြောင်းအရင်းတွေထဲကတစ်ခုပါ။ ဒါကြောင့် တစ်နေ့ကိုရေ ၈ ခွက်တော့ အနည်းဆုံးသောက်ပေးပါ။

    အသားအရေခြောက်သွေ့မှုကင်းရုံနဲ့တင်ပြီးလားဆိုတော့ မဟုတ်သေးပါဘူး။ နှုတ်ခမ်းသားခြောက်သွေ့မှုကင်းဖို့လည်းလိုပါတယ်။ ဒါဆိုရင် ဘာလုပ်ရမလဲဆိုပြီး စိတ်ပူနေတာလား။ လေထုညစ်ညမ်းတာ၊ အစားအသောက်နဲ့ အရည်အသွေးမမှီတဲ့နှုတ်ခမ်းနီတွေကြောင့် ခြောက်သွေ့နေတဲ့ နှုတ်ခမ်းသားလေးတွေကျန်းမာစေဖို့အတွက် Atoderm Lip Stick ရှိပါတယ်။ နှုတ်ခမ်းသားအတွက်လိုအပ်တဲ့ အာဟာရတွေကိုဖြည့်တင်းပေးပြီး နှုတ်ခမ်းသားကိုနူးညံ့စိုပြေနေစေမှာပါ။

    အသားအရေခြောက်သွေ့မှုကနောက်ဆက်တွဲပြဿနာတွေဖြစ်စေနိုင်တာကြောင့်သေချာလေးဂရုစိုက်လို့ လိုအပ်တဲ့ ကုသမှုတွေကိုလည်းသေသေချာချာခံယူပေးဖို့ တိုက်တွန်းပါရစေနော်…

    Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Aye Thi Mon မှ ရေးသားသည်။ · 22/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement