backup og meta

ဆွဲဆောင်မှုရှိရှိ စိုပြေတဲ့နှုတ်ခမ်းသားလေးတွေရအောင် ဘယ်လိုထိန်းသိမ်းမလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Yun Sandi Nan Mon မှ ရေးသားသည်။ · 26/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဆွဲဆောင်မှုရှိရှိ စိုပြေတဲ့နှုတ်ခမ်းသားလေးတွေရအောင် ဘယ်လိုထိန်းသိမ်းမလဲ

    မျက်နှာအလှအပအတွက် အလှကုန်ပစ္စည်းမျိုးစုံသုံးပြီး ပြင်ဆင်တဲ့အခါ နှုတ်ခမ်းနီတွေဆိုးကြသလို မျက်နှာအသားအရေ ထိန်းသိမ်းဖို့အာရုံစိုက်ကြတဲ့အချိန်မှာလည်း နှုတ်ခမ်းသားအစိုဓါတ်ထိန်းပေးဖို့ကို ချန်မထားသင့်ပါဘူး။ အပြင်သွားတဲ့အခါ၊ ရုံးသွားတဲ့အခါ၊ ပွဲတက်တဲ့အခါ နှုတ်ခမ်းနီတွေဆိုးကြသလို တာရှည်ခံပြီးအရောင်စွဲတဲ့ နှုတ်ခမ်းနီအခြောက်တွေ၊ matte typeတွေဆိုးတတ်ကြပါတယ်။ အဲဒီလို ဆိုးပါများလာတဲ့အခါ ပျက်စီးလာနိုင်တဲ့ နှုတ်ခမ်းသား ကျန်းမာရေး အတွက် အလေးအနက်ထည့်စဉ်းစားဖို့လိုလာပါတယ်။

    ဘယ်အလှကုန်ကိုမဆို ရေရှည်အသုံးပြုတဲ့အခါ အသားအရေကိုပြန်လည်ထိန်းသိမ်းပေးရပါတယ်၊ အထူးသဖြင့် အမြဲမိတ်ကပ်ပြင်ဆင်နေရတဲ့သူတွေဆိုရင် ပိုသတိထားရပါတယ်။ ဘယ်လိုပဲပြင်ဆင်ပါစေ နှုတ်ခမ်းနီကမပါမဖြစ်ဖြစ်နေတာကြောင့် နှုတ်ခမ်းသားကို မထိခိုက်ရအောင် ဘယ်လိုထိန်းသိမ်းကြမလဲ။

    နှုတ်ခမ်းကို သန့်ရှင်းအောင်ထားပါ

    နှုတ်ခမ်းဟာ အစားအသောက်တွေအပြင် လေထုထဲက ဖုန်မှုန့်နဲ့အညစ်အကြေးတွေကိုထိတွေ့ရတာဖြစ်လို့ နှုတ်ခမ်းသန့်ရှင်းရေးကို ထိန်းသိမ်းဖို့အရေးကြီးပါတယ်။ ဒါ့ကြောင့် နှုတ်ခမ်းကိုသန့်စင်ပေးပါ။ နှုတ်ခမ်းသားပေါ် ပျားရည်နဲ့ပွတ်သုတ်ပေးတာက သန့်ှရှင်းစင်ကြယ်စေတဲ့အပြင် စိုပြေလန်းဆန်းစေပါတယ်။

    lip balm သုံးပါ

    နှုတ်ခမ်းကလေနဲ့ထိတွေ့ရင်ခြောက်သွေ့လွယ်တာကြောင့်ရေဓါတ်ထိန်းသိမ်းနိုင်ဖို့lip balm ပုံမှန်သုံးပေးပါ။lip balm ကို သွားလေရာယူသွားပြီးလိုအပ်တဲ့အချိန်တိုင်း နှုတ်ခမ်းမခြောက်အောင်ဆိုးပေးပါ။ lip balm က နှုတ်ခမ်းသားကိုရေဓါတ်ထိန်းပေးပြီး စိုပြေလှပစေတဲ့အတွက် နှုတ်ခမ်းခြောက်သွေ့ကွဲအက်ခြင်းကို ကာကွယ်ပေးပါတယ်။ဆောင်းရာသီ နှုတ်ခမ်းကွဲခြင်း၊ရေဓါတ်ဆုံးရှုံးခြင်းကြောင့် နှုတ်ခမ်းခြောက်ခြင်း၊ နှုတ်ခမ်းနီဆိုးလွန်း တာကြောင့်ဖြစ်လာတဲ့ နှုတ်ခမ်းထိခိုက်မှုတွေအတွက်ပြန်လည်ကုသပေးနိုင်ပါတယ်။

    နေလောင်ဒဏ်ကိုကာကွယ်နိုင်ဖို့လည်း SPF ပါဝင်တဲ့ lip balm ကိုရွေးချယ်နိုင်ပါတယ်။ lip balm ကဆေးတစ်လက်ဖြစ်နေတယ်ဆိုပေမယ့်ဈေးကွက်ထဲက ဆိုင်တွေမှာရောင်းနေတဲ့ တန်ဖိုးနည်းlip balm တချို့မှာ အနံ့အတုနဲ့ဓါတုပစ္စည်းတွေပါဝင်တာကြောင့် ရောင်ရမ်းတာ၊ အနာဖြစ်တာတွေဖြစ်စေနိုင်တဲ့ ဓါတ်မတည့်မှုတွေရှိနိုင်သလို နှုတ်ခမ်းသားကိုပါပျက်စီးစေနိင်ပါတယ်။lip balmတွေက ဗီတာမင် E နဲ့Jojoba Oil တို့ပါဝင်လို့အဆီအနှစ်တို့ကြောင့် နှုတ်ခမ်းသား ခြောက်သွေ့မှုမှ ကာကွယ်ပြီး နာရီအတော်ကြာရေဓါတ်ထိန်းထားနိုင်ပါတယ်။ နေလောင်ကာကွယ်တဲ့SPF လည်းပါဝင်တဲ့အပြင် အစိုဓါတ်ထိန်းနိုင်စွမ်းနဲ့ ချောမွေ့စွာ ဆိုးရလွယ်ကူတဲ့အတွက်ကြောင့်တခြားနှုတ်ခမ်းနီတွေရဲ့ အောက်ခံအဖြစ်အသုံးပြုနိုင်ပါတယ်။

    နှုတ်ခမ်းlip balmတွေဆိုတာ မိန်းကလေးတွေအတွက်ချည်းတော့မဟုတ်ပါဘူး။ယောက်ျားလေးတွေလည်း နှုတ်ခမ်းသားကိုထိန်းသိမ်းဖို့အတွက် သုံးသင့်ပါတယ်။ နှုတ်ခမ်းနီဆိုးတာ ယောက်ျားမပီသဘူးလို့ ယောကျာ်းလေးတွေက ယူဆတတ်ကြပြီး နှုတ်ခမ်းနီအဆီဖြစ်တဲံ့lip balm ကို မသုံးကြပါဘူး။ ဒါပေမယ့်နေလောင်ဒဏ်ကိုကာကွယ်ဖို့နဲ့ နှုတ်ခမ်းသားထိန်းသိမ်းရေးအတွက်lip balm သုံးဖို့ လိုပါတယ်။ အေးစက်ခြောက်သွေ့တဲ့ ဆောင်းတွင်းလိုမျိုးပြင်းထန်တဲ့ရာသီဥတု အခြေအနေတွေနဲ့လေပြင်းတွေ ထိတွေ့ရတဲ့အခါ ကာကွယ်မှုမရှိထားတဲ့နှုတ်ခမ်းအသားအရေကခြောက်သွေ့ပျက်စီးလွယ်ပါတယ်။

    ရုံးတွင်းမှာပဲအလုပ်လုပ်ရတဲ့ဝန်ထမ်းတွေတောင်မှ အဲယားကွန်းကြောင့် အသားခြောက်၊ နှုတ်ခမ်း ခြောက်သွေ့ကြပြီးကော်ဖီများများ သောက်တတ်သူတွေဆိုရင်ရေဓါတ်ဆုံးရှုံးခြင်းကိုခံစားရလွယ်ပါတယ်။lip balmတွေမှာ အရောင်ပါတာရော၊ မပါတာရော အမျိုးအစားစုံ ထုတ်လုပ်ထားတာဖြစ်လို့ SPF ပါတဲ့၊နေလောင်ဒဏ်ကာကွယ်တဲ့အမျိုးအစားတွေကို အမျိုးသားတွေအသုံးပြုသင့်ပါတယ်။

    ခန္ဓါကိုယ်ကိုလည်း ရေဓါတ်မခန်းခြောက်အောင်ဂရုစိုက်ပါ

    ခန္ဓါကိုယ်ကရေဓါတ်ခန်းခြောက်နေရင် အရင်ဆုံးလက္ခဏာပြမှာက နှုတ်ခမ်းပါ။ တစ်နေ့တာအတွင်းရေအလုံအလောက်သောက်ပြီး အရက်ဘီယာလည်းမသောက်ဘူးဆိုရင် နှုတ်ခမ်းတွေမှာရေဓါတ်မဆုံးရှုံးဘဲ စိုပြေနေပါလိမ့်မယ်။

    extra virgin သံလွင်ဆီ သို့မဟုတ် တခြားအာဟာရဖြည့်အဆီများသုံးပါ

    နှုတ်ခမ်းအသားအရေဟာအရမ်းကိုနူးညံ့ပြီး ထိခိုက်လွယ်တာကြောင့်ခြောက်သွေ့ပြီးနှုတ်ခမ်းကွဲတဲ့အခါlip balm သို့မဟုတ် သံလွင်ဆီပါတဲ့ဆေးအဆီတစ်မျိုးမျိုးကို သုံးပေးပါ။ သံလွင်ဆီက နှုတ်ခမ်းသားကို နူးညံ့စေပြီး စုပ်ယူမှုမြန်ဆန်စေပါတယ်။ grape seed oil၊shea butter စတဲ့ တခြားအာဟာရအဆီတွေကိုလည်းသုံးနိုင်ပါတယ်။

    ဆဲလ်သေဖယ်ရှားခြင်းကို တစ်ပတ်တစ်ကြိမ်လုပ်ပေးပါ

    ဆဲလ်သေဖယ်ရှားခြင်း(exfoliation) ကို တစ်ပတ်တစ်ကြိမ်လုပ်ပေးပါ။ နှုတ်ခမ်းကိုexfoliate လုပ်တာက အရေပြားဆဲလ်သေတွေကို ဖယ်ရှားပြီး နှုတ်ခမ်းသားကိုစိုပြေလှပစေပါလိမ့်မယ်။ အညင်သာဆုံးနဲ့အကောင်းဆုံးနည်းကတော့ ငှက်ပျောသီး၊သရက်သီး၊ စတော်ဘယ်ရီနဲ့ ဘယ်အသီးတစ်မျိုးမျိုးကိုဖြစ်ဖြစ် တစ်တုံး၊တစ်စိတ်လောက်ကို သကြားဖြူးပြီးနှုတ်ခမ်းမှာညင်သာစွာ ပွတ်ပေးနိုင်ပါတယ်။

    နှုတ်ခမ်းခြောက်နေရင် နှုတ်ခမ်းနီမဆိုးခင် lip balm ခံဆိုးပါ

    နှုတ်ခမ်းသိပ်ခြောက်နေတယ်ဆိုရင် မိတ်ကပ်ပြင်တဲ့အခါ နှုတ်ခမ်းနီကို ဒီအတိုင်းမဆိုးလိုက်ပါနဲ့။lip balmလေးသုံးပြီးမှ ဆိုးပါ။ နှုတ်ခမ်းသားကိုရေဓါတ်ပြန်လည်ဖြည့်တင်းနိုင်တဲ့အပြင် ထပ်ဆိုးလိုက်တဲ့နှုတ်ခမ်းနီကိုလည်း အရောင်ပိုစိုစေပြီး တာရှည်ခံစေပါတယ်။

    နှုတ်ခမ်းကို နှိပ်နယ်ပေးပါ

    နှုတ်ခမ်းသားစိုပြေလှပစေဖို့ ထိန်းသိမ်းပေးသင့်တဲ့နည်းလမ်းတစ်ခုကတော့ နှုတ်ခမ်းကို နေ့စဉ်နှိပ်နယ်ပေးဖို့လိုပါတယ်။ နှုတ်ခမ်းပေါ်မှာ လက်ချောင်းထိပ်နဲ့ စက်ဝိုင်းပုံသဏ္ဍာန်ပွတ်ပေးပါ။ နှုတ်ခမ်းနဲ့ပါးစပ် သွေးလည်ပတ်မှုကောင်းစေပါလိမ့်မယ်။

    Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Yun Sandi Nan Mon မှ ရေးသားသည်။ · 26/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement