backup og meta

ဝက်ခြံဖြစ်လွယ်တဲ့ အသားအရေပိုင်ရှင်တွေအတွက် သဘာဝဆေးနည်းတစ်လက်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn


Aye Thi Mon မှ ရေးသားသည်။ · 21/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဝက်ခြံဖြစ်လွယ်တဲ့ အသားအရေပိုင်ရှင်တွေအတွက် သဘာဝဆေးနည်းတစ်လက်

    ဝက်ခြံဖြစ်လွယ်တဲ့ အသားအရေပိုင်ဆိုင်ထားသူတွေဟာ အနေအထိုင်အစားအသောက်ကစလို့ အရာရာကို ဂရုစိုက်ရပါတယ်။ တစ်ခုခု လွဲတာနဲ့ မျက်နှာပေါ်မှာ ဝက်ခြံတွေက အစီအရီထွက်လာတာမို့ပါ။

    ဒီတစ်ခေါက်တော့ ဝက်ခြံဖြစ်လွယ်သူတွေအတွက် အသားအရေကို အထိရောက်ဆုံး ထိန်းပေးနိုင်မယ့် သဘာဝပစ္စည်းလေးတစ်ခုအကြောင်း ပြောပြပေးချင်ပါတယ်။ ဒါကတော့………..

    တို့စရာအဖြစ် စားလေ့ရှိတဲ့ သခွားသီး

    တို့စရာအဖြစ် စားလေ့ရှိတဲ့ သခွားသီး

    လူတော်တော်များများက သခွားသီလို့ဆိုရင် တို့စားတဲ့အရာ၊ အသုပ်တွေထဲ ထည့်စားတဲ့အရာရယ်လို့ပဲ မြင်ကြတာ များပါတယ်။ နောက်ထပ် အသုံးပြုကြတာကတော့ သခွားသီးကို မျက်အိတ်တွေ ဖောင်းတာကို သက်သာစေဖို့ သုံးကြပါတယ်။

    တကယ်ကတော့ သခွားသီးတွေက ဝက်ခြံတွေကို သက်သာစေဖို့ သုံးလို့ရသလို ဝက်ခြံကြောင့်ဖြစ်တဲ့ အမာရွတ်တွေကိုလည်း သက်သာစေနိုင်ပါတယ်။ အသားအရေကို အစိုဓာတ်ထိန်းပေးပြီး ချောမွတ်စေဖို့လည်း သခွားသီးလေးက အသုံးပြုလို့ရပါတယ်။

    သခွားသီးက ဝက်ခြံအတွက် ကောင်းတယ်လို့ ပြောရတဲ့ အကြောင်းအရင်း

    ဝက်ခြံအတွက် သခွားသီးက တော်တော်လေး အသုံးဝင်တာပါ။ သခွားသီက လွယ်ကူပြီး စရိတ်စကကျဉ်းစွာနဲ့ ဝက်ခြံတွေကို သက်သာစေမယ့် သဘာဝနည်းလမ်းတစ်ရပ်ပါ။

    သခွားသီးက အသားအရေအတွက် အခုလိုလေးတွေ အာနိသင်ရှိပါတယ်။

    သခွားသီးက အသားအရေကို အေးမြစေတဲ့ အာနိသင်ရှိပါတယ်။ မျက်နှာပေါ်က နီရဲရောင်ရမ်းနေတဲ့ ဝက်ခြံတွေကို သက်သာစေနိုင်သလို နေလောင်တာကိုလည်း သက်သာစေနိုင်ပါတယ်။

    သခွားသီးမှာ ရေဓာတ် ၉၀ ရာခိုင်နှုန်းကျော် ပါဝင်နေတာဖြစ်ပြီး အသားအရေကို ရေဓာတ်ပြည့်ဝစွာ ဖြည့်ပေးနိုင်ပါတယ်။  အသားအရေကို အစိုဓာတ် ထိန်းပေးပြီး အသားအရောင်ကို ညီစေပါတယ်။

    သခွားသီးရဲ့ နောက်ထပ် အာနိသင်တစ်ခုက အသားအရေကို တင်းရင်းစေတာပါ။ အရေပြားပေါ်က ဆဲလ်သေတွေကို ဖယ်ရှားပေးပြီး ချွေးပေါက်တွေကို သန့်စင်ပေးပါတယ်။

    အဆီဂလင်းတွေမှာ ဆဲလ်သေတွေ ပိတ်ဆို့မှု ကင်းစေပြီး ဝက်ခြံတွေ မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။ အရေပြားကို အတွင်းပိုင်းအထိ သန့်စင်ပေးနိုင်တဲ့ အာနိသင်ရှိပါတယ်။

    ဝက်ခြံတွေကို ဖြစ်စေနိုင်တဲ့ အဆီပြန်တာကို သက်သာစေနိုင်ပြီး အရေပြားပေါ်က ဘက်တီးရီးယားတွေကိုလည်း ဖယ်ရှားပေးနိုင်ပါတယ်။ သခွားသီးမှာ အမိုင်နိုအက်ဆစ် နဲ့ သတ္တုဓာတ်တွေပါဝင်နေတာကြောင့် အသားအရေကို အရွယ်မတိုင်ခင် အိုမင်းမှုကနေ ကာကွယ်ပေးပါတယ်။

    မျက်နှာမှာ ပုံမှန် သခွားသီးကပ်ပေးတာ၊ သခွားသီးအရည်လိမ်းတာ၊ သခွားသီးကနေထုတ်ထားတဲ့ အသားအရေထိန်းသိမ်းမှု ပစ္စည်းတွေက ဝက်ခြံဖြစ်လွယ်တဲ့ အသားအရေအတွက် အသင့်တော်ဆုံးပါ။ ဝက်ခြံတင်မဟုတ်ဘဲ အဆီပြန်တာ၊ ဝက်ခြံအမာရွတ်နဲ့ ချွေးပေါက်တွေကိုပါ သန့်စင် ဖယ်ရှားပေးနိုင်တာပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Phyo Wai Lynn


    Aye Thi Mon မှ ရေးသားသည်။ · 21/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement