backup og meta

အသားအရေတင်းတင်းရင်းရင်းလေးနဲ့ လှပစေဖို့

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 17/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အသားအရေတင်းတင်းရင်းရင်းလေးနဲ့ လှပစေဖို့

    ဆေးလိပ်သောက်တာ နေရောင်ခြည်နဲ့ထိတွေ့တာ၊ နေ့စဉ်နေထိုင်မှုအလေ့အထတွေမမှန်ကန်တာနဲ့ မျိုးရိုးလိုက်တာတွေ ကြောင့် အရွယ်မတိုင်ခင်အိုမင်းရင့်ရော်တာတွေဖြစ်နိုင်ပါတယ်။ မျက်နှာပေါ်က အရေးအကြောင်းတွေနဲ့ အသားရေပျက်စီးမှုတွေကြောင့် စိတ်ညစ်နေပါသလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးကို ဖတ်ကြည့်လိုက်ပါ။

    အသားအရေတင်းရင်းလှပစေမယ့် ကုထုံးများအကြောင်း

    လေဆာကုထုံးရောင်ခြည်တွေကို အခြေခံထားတဲ့ကုထုံးပါ။ အသားအရေကိုတင်းရင်းစေရုံတင်မကဘဲ အသားအရေကို ချောမွေ့ပြီး အသားအရောင်ကောင်းမွန်စေတဲ့အပြင် အမာရွတ်တွေကိုပါသက်သာစေနိုင်ပါတယ်။ အသားအရောင်မညီတာ တွေကိုပါ သက်သာစေတဲ့ကုထုံးပါ။

    Botox ထိုးမယ် – မျက်နှာပေါ်က အရေပြားအတွန့်အခေါက်တွေ၊ အရေးအကြောင်းတွေနဲ့ အသားအရေလျော့ရဲမှုတွေကို သက်သာစေဖို့ အရေပြားထဲကို ဆေးထိုးထည့်ရတဲ့ ကုထုံးပါ။ အရေးအကြောင်းကင်းပြီး တင်းရင်းလှပတဲ့ အသားအရေကိုရရှိမှာပါ။

    Filler ထိုးမယ် – အသားအရေတွေကိုပြန်ပြည့်လာစေတဲ့ ကုထုံးတစ်ခုပေါ့။ မျက်နှာပေါ်က လျော့ရဲသွားတဲ့အသားအရေတွေကို ပြန်လည်ပြည့်ဖြိုးလာစေဖို့ထိရောက်တဲ့နည်းလမ်းပါ။ အသက်အရွယ်ရလာလို့ ပါး နဲ့ နှုတ်ခမ်းအရေပြားတွေတင်းရင်းမှု အားနည်းလာတာတွေအတွက် အထူးသင့်တော်ပါတယ်။

    Chemical Peeling လုပ်မယ် – အပေါ်ယံအရေပြားပေါ်က ဆဲလ်သေတွေကို ဆေးရည်အသုံးပြုပြီး ဖယ်ရှားတဲ့နည်းလမ်းပါ။ နေလောင်တာကြောင့်ပျက်စီးတာ၊ ဝက်ခြံ၊ အသားအရေမညီတာ၊ အမာရွတ်နဲ့ မျက်နှာနဲ့လည်ပင်းပေါ်က အရေးအကြောင်းတွေကို လျော့ပါးသက်သာစေနိုင်ပါတယ်။

    ကြိုးထိုးမယ် – ဒီနည်းလမ်းက နဖူး၊ မျက်ခုံး၊ မျက်နှာနဲ့လည်ပင်းက လျော့ရဲနေတဲ့ အရေပြားတွေကို တင်းရင်းလှပစေနိုင်ပါတယ်။ မျက်လုံးထောင့်ကအရေးအကြောင်းတွေ၊ ရယ်တာကြောင့်ဖြစ်လာတဲ့ ပါးပေါ်က အရေပြားအတွန့်အခေါက်လေးတွေ၊ လက်မောင်းနဲ့ ဝမ်းဗိုက်ကအရေပြားတွေ တင်းရင်းစေဖို့အတွက်လည်း ဒီနည်းလမ်းက အသုံးဝင်ပါတယ်။

    ဒီကုထုံးမှာ ကြိုးစကို ဆံစပ် ဒါမှမဟုတ် နားရွက်နောက်ဖက်မှာထားရမှာပါ။ ပြီးရင်တော့ အရေပြားတင်းရင်းချင်တဲ့ အစိတ်အပိုင်းကို အရာပေးထားတဲ့အတိုင်း သေသေသပ်သပ်လေးလုပ်ဆောင်ပေးရပါမယ်။ ဒီကြိုးထိုးတဲ့ကုထုံးက အရေပြားတစ်ရှုးတွေကို တွယ်ဆက်ပေးပြီး အသားအရေကို သဘာဝအတိုင်း ချောမွေ့နေတဲ့ သွင်ပြင်ကိုရရှိစေမှာပါ။

    Retinol Creamလိမ်းမယ် – မျက်နှာပြင်နဲ့အရေးအကြောင်းဖြစ်နေတဲ့ နေရာတွေကို ဆရာဝန်ညွှန်ကြားတဲ့အတိုင်း လိမ်းပေးရုံပါ။ အသားအရေကိုညီညာချောမွေ့စေပြီး အရေးအကြောင်းကင်းစေပါတယ်။ အသက်အရွယ်ကြောင့်ဖြစ်လာတဲ့ အစက်အပြောက်တွေကိုသက်သာစေနိုင်ပါတယ်။

    Microneedling နည်းလမ်းသုံးမယ် – ပိုးသတ်ထားတဲ့အပ်သေးသေးလေးတွေကိုအသုံးပြုရတဲ့ ကုထုံးပါ။ အရေပြားမှာ အပေါက်သေးသေးလေးတွေဖြစ်စေပြီး အရေပြားကို ကော်လာဂျင်အသစ်တွေထုတ်လုပ်အောင်လှုံ့ဆော်ပေးပါတယ်။ ဝက်ခြံအမာရွတ်တွေ သက်သာစေဖို့၊ ချွေးပေါက်ကျဉ်းစေဖို့၊ အရေးအကြောင်းတွေသက်သာစေဖို့အတွက်အသုံးပြုလို့ရပါ တယ်။

    အသံလှိုင်းသုံးကုထုံး သုံးမယ် – အရေပြားတင်းရင်းလှပစေဖို့ ထိရောက်တဲ့နည်းလမ်းတစ်ခုပေါ့။ ရေဒီယိုအသံလှိုင်းကို အသုံးပြုပြီး အရေပြားကိုအပူပေးလို့ မျက်နှာ၊လည်ပင်းနဲ့ ခန္ဓာကိုယ်ပေါ်က အရေးအကြောင်းတွေကို ဖယ်ရှားပေးတဲ့ကုထုံးပါ။ အရေပြားကို တင်းရင်းစေပြီး ကော်လာဂျင်ထုတ်လွှတ်အောင်လှုံ့ဆော်ပေးပါတယ်။ ကုထုံးခံယူချိန်မှာ နည်းနည်း နေရခက်ပေမယ့် ရလဒ်ကောင်းတဲ့ ကုထုံးတစ်ခုပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Aye Thi Mon မှ ရေးသားသည်။ · 17/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement