backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

ဆေးလိပ်သောက်တာကြောင့် အသားအရေတွေပျက်စီးနေပြီလား

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 27/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ဆေးလိပ်သောက်တာကြောင့် အသားအရေတွေပျက်စီးနေပြီလား

ဆေးလိပ်သောက်တာကြောင့် နှုတ်ခမ်းအပါအဝင်အသားအရေတွေပျက်စီးနေပြီလား။ မပျက်စီးဘူးလို့တော့မပြောနဲ့နော်။ဆေးလိပ်သောက်ရင် အဆုတ်ပါအဝင် ခန္ဓါကိုယ်အစိတ်အပိုင်းတော်တော်များများကို ထိခိုက်စေနိုင်ပါတယ်။ ဒီလိုထိခိုက်တဲ့အစိတ်အပိုင်းတွေထဲမှာ အသားအရေကလည်း တစ်ခုအပါအဝင်ပါ။ အခုလောလေဆယ်မှာ မပျက်စီးသေးရင်တောင် အချိန်ကြာလာတာနဲ့အမျှ အသားအရေက ပျက်စီးလာမှာပါ။ ကိုယ်တိုင်သောက်တာမပြောနဲ့ တဆင့်ခံဆေးလိပ်ငွေ့ကတောင် အသားအရေကိုတော်တော်လေးထိခိုက်စေနိုင်တာပါနော်။

ဆေးလိပ်သောက်တာကြောင့် အသားအရေဘယ်လိုထိခိုက်ပျက်စီးစေနိုင်လဲ…….

ဆေးလိပ်သောက်တာက နှလုံးနဲ့အဆုတ်အပြင် အသားအရေတွေကိုပါထိခိုက်စေနိုင်ပါတယ်။

  • အရွယ်မတိုင်ခင် အရေးအကြောင်းတွေပေါ်မယ်
  • အသားအရေတွေညစ်မယ်
  • အသားတွေခြောက်လာမယ်
  • မျက်လုံးထောင့်နဲ့ နှုတ်ခမ်းထောင့်တွေမှာ အရေးအကြောင်းတွေဖြစ်မယ်
  • အသားအရေတွေလျော့ရဲလာမယ်
  • အရေပြားမှာသွေးလည်ပတ်မှုနည်းလာမယ်
  • အရေပြားဆဲလ်တွေမှာအောက်ဆီဂျင်နဲ့လိုအပ်တဲ့ အာဟာရတွေအပြည့်အဝမရရှိဘဲဖြစ်လာမယ် စတဲ့လက္ခဏာတွေခံစားရနိုင်ပါတယ်။

ဆေးလိပ်သောက်သူတွေလိုက်နာသင့်တဲ့ အသားအရေထိန်းသိမ်းမှုအဆင့်တွေ…….

ဆေးလိပ်လည်းမဖြတ်နိုင်ဘူး အသားအရေကို ထိခိုက်မှာမျိုးလည်းမဖြစ်ချင်ဘူးဆိုရင် ဒီအချက်လေးတွေကို လိုက်နာပေးပါ။

ဆေးလိပ်ကို အကန့်အသတ်နဲ့သောက်ပါ

တစ်နေ့လုံးမှာ တစ်ဗူးလုံးကုန်အောင်သောက်လို့ကောင်းလာမှာတစ်ခုမှတော့ မရှိဘူးနော်။ အသားအရေကို ထိခိုက်စေမယ့် အပြင် ကျန်းမာရေးကိုပါ ဆိုးဆိုးရွားရွားထိခိုက်စေမှာ အသေအချာပါ။ ဒါကြောင့် တစ်နေ့တာမှာဆေးလိပ်ကို ဘယ်နှလိပ်ဘဲသောက်မယ်ဆိုတဲ့ ကန့်သတ်ချက်ကို ကိုယ်တိုင်ချမှတ်ထားပါ။ နည်းနိုင်သမျှနည်းအောင် ကြိုးစားပါ။ဆေးလိပ်သောက်တာနည်းမှာ ခန္ဓါကိုယ်အစိတ်အပိုင်းတွေဆီသွေးစီးဆင်းရောက်ရှိမှုကောင်းစေပြီး အရေပြားဆဲလ်တွေကို ကျန်းမာစေနိုင်မှာပါ။

ကျန်းမာရေးနဲ့ညီညွတ်အောင်စားပါ

အစားအစာတွေကိုရွေးချယ်တဲ့အခါ ဗီတာမင် A နဲ့ ဗီတာမင် C ကြွယ်ဝစွာပါဝင်တဲ့ အစားအစာတွေကို စားပေးပါ။ ဒီလိုစားသုံးမှုကဆေးလိပ်သောက်တာကြောင့်အသားအရေထိခိုက်ပျက်စီးမှုကို အထိရောက်ဆုံးကာကွယ်ပေးနိုင်မှာပါ။ ဒါကြောင့်နေ့စဉ်စားသုံးတဲ့ထဲမှာ မုန်လာဥနီ၊ ပန်းဂေါ်ဖီစိမ်း၊ အစိမ်းရင့်ရောင်ရှိတဲ့ ဟင်းသီးဟင်းရွက်တွေ၊ လိမ္မော်သီး စတာတွေကို စားပေးပါ။

ရေများများသောက်ပါ

အသားအရေထိန်းသိမ်းမှုအတွက် မပါမဖြစ်ပါရတဲ့ အဆင့်တစ်ခုပေါ့။ အသားအရေစိုပြေလိုသူတိုင်းလုပ်သင့်တာပါ။ အသားအရေကို စိုပြေကျန်းမာချင်တယ်ဆိုရင်ရေများများသောက်ပေးပါ။ အယ်လ်ကိုဟောနဲ့ ကဖင်းပါတဲ့သောက်စရာတွေကိုတော့ရှောင်ပါ။

ဗီတာမင် အားဖြည့်ဆေးေတွသောက်ပါ
ဆေးလိပ်သောက်သူတစ်ယောက်အနေနဲ့ အသားအရေကျန်းမာဖို့ဆိုရင် ဗီတာမင် A နဲ့ ဗီတာမင် Cပြည့်ဝနေဖို့လိုပါမယ်။ ဒါကြောင့်ဆေးလိပ်သောက်တဲ့ အကျင့်ကို မစွန့်နိုင်ဘူးဆိုရင် ဗီတာမင် A နဲ့ ဗီတာမင် C အားဖြည့်ဆေးတွေသောက်တတ်တဲ့အကျင့်ကို ပျိုးထောင်ပါ။

အသားအရေကိုသေချာသန့်စင်ပါ

မျက်နှာအသားအရေကိုသေချာလေးသန့်စင်ပေးတာ၊ ဆဲလ်သေတွေဖယ်ရှားတာနဲ့ အစိုဓါတ်ထိန်းခရင်မ်လူးတာမျိုး အကျင့်တွေကို ပျိုးထောင်ပေးပါ။ ခန္ဓါကိုယ် အသားအရေကိုလည်းသေချာသန့်စင်ပေးပြီး အစိုဓါတ်ဖြည့်ပေးနိုင်တဲ့ Body Lotion လူးပေးဖို့မမေ့ပါနဲ့။

အိပ်ရေးဝဝအိပ်ပါ

ဆေးလိပ်လည်းသောက်တယ်၊ အိပ်ရေးလည်းဝအောင်မအိပ်ဘူးဆိုရင်တော့ အရွယ်မတိုင်ခင် အိုမင်းရင့်ရော်မှုကိုရှောင်လွှဲဖို့ကတော်တော်လေးခက်သွားမှာပါ။ ဒါကြောင့်ဆေးလိပ်သောက်တတ်သူတစ်ယောက်အနေနဲ့ ညတိုင်း အိပ်စက်ချိန် ၈ နာရီထားရှိဖို့မမေ့ပါနဲ့။

လေ့ကျင့်ခန်းလုပ်ပါ

လေ့ကျင့်ခန်းလုပ်တာက ခန္ဓါကိုယ်မှာသွေးစီးဆင်းရောက်ရှိမှုကောင်းမွန်စေသလို ကိုယ်တွင်းက အဆိပ်အတောက်တွေကိုလည်း အထိရောက်ဆုံးဖယ်ရှားပေးနိုင်ပါတယ်။ ဒါကြောင့်ပုံမှန်လေ့ကျင့်ခန်းလုပ်ပေးပါ။

ကဲ…ဆေးလိပ်ဖြတ်ဖို့တော့ မဖြစ်နိုင်သေးဘူး။ အသားအရေတွေကလည်းဆေးလိပ်ဒဏ်ကြောင့်တော်တော်လေးထိခိုက်နေပြီဆိုရင် ဒီအချက်လေးတွေကိုလိုက်နာပါနော်။

Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပေးပါ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။



မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 27/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement