backup og meta

နှုတ်ခမ်းသားလေးတွေ မည်းခြောက်နေလား။ စိတ်မပူနဲ့တော့နော်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 19/12/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    နှုတ်ခမ်းသားလေးတွေ မည်းခြောက်နေလား။ စိတ်မပူနဲ့တော့နော်။

    နှုတ်ခမ်းသားလေးတွေ မည်းခြောက်နေလား။ စိတ်မပူနဲ့တော့နော်။ ဘာကြောင့် ဒီလို ပြောရတာလဲဆိုတာကိုတော့ အတူတူ ကြည့်လိုက်ရအောင်နော်။

    နှုတ်ခမ်းရဲ့ နဂိုမူလအရောင်ဆိုတာ ပန်းရောင် ဒါမှမဟုတ် အသားရောင်လေးအတိုင်း ရှိနေပြီး ခြောက်တာမျိုးမဟုတ်ဘဲ စိုစိုလက်လက်လေး ဖြစ်နေရမှာပါ။ တချို့လူတွေမှာတော့ နေထိုင်စားသောက်မှုပုံစံတွေ၊ ကျန်းမာရေးအခြေအနေတွေကြောင့် မယ်လနင် (Melanin) လို့ခေါ်တဲ့ ရောင်ခြယ်ဆဲလ်တွေ အရေပြားပေါ်မှာ စုပုံလာတယ်။ ကြာလာတော့ နှုတ်ခမ်းသားက ပုံမှန်အရောင် ပျောက်သွားပြီး အရောင်မှိုင်းလာတော့တာပေါ့။

    မယ်လနင်ဆဲလ်တွေကို ကိုယ်ခန္ဓာက များများထုတ်ဖို့ တွန်းအားပေးဖြစ်စေတဲ့ အချက်တွေကတော့

  • နေရောင်ခြည်နဲ့ အရေပြား တိုက်ရိုက်ထိတွေ့မှု များတာ
  • ရေဓာတ်ခမ်းခြောက်တာ
  • ဆေးလိပ်သောက်တာ
  • ကိုယ့်အသားအရေနဲ့ ဓာတ်မတည့်တဲ့ သွားတိုက်ဆေး၊ နှုတ်ခမ်းနီတွေ အသုံးပြုတာ
  • ကဖင်းဓာတ် ပါတဲ့ ဖျော်ရည်၊ ကော်ဖီသောက်လွန်းတာ
  • နှုတ်ခမ်းကို အမြဲလျှာနဲ့သပ်နေတာ စတဲ့ အမူအကျင့်တွေကြောင့်ပဲ ဖြစ်ပါတယ်။
  • ကင်ဆာဆေးသွင်း ကုသခံနေရသူတွေ၊ သွေးအားနည်း ရောဂါရှင်တွေ၊ ဗီတာမင်အာဟာရဓာတ် ချို့တဲ့တဲ့ သူတွေမှာလည်း နှုတ်ခမ်းသား မည်းညစ်လာနိုင်ပါတယ်။

    နှုတ်ခမ်းသားလေးတွေ မည်းခြောက်နေလား။ စိတ်မပူနဲ့တော့နော်။

    နှုတ်ခမ်းသားလေးတွေ မည်းခြောက်နေလား။ စိတ်မပူနဲ့တော့နော်။

    များသောအားဖြင့်တော့ နှုတ်ခမ်းသားမည်းလာတာက ကျန်းမာရေးပြဿနာတွေကြောင့် မဟုတ်ဘဲ ကိုယ့်ရဲ့ နေထိုင်စားသောက်မှုပုံစံနဲ့ ပိုပြီး သက်ဆိုင်နေနိုင်တာကြောင့် ဒါကိုပြင်လိုက်ရင်တော့ တော်တော်လေး အဆင်ပြေသွားမှာပါ။ ဘာတွေပြင်ဆင်ရမလဲဆိုရင်

    ၁။ နေရောင်ခြည်ဒဏ်ကနေ နှုတ်ခမ်းကို ကာကွယ်ဖို့ နှုတ်ခမ်းအဆီ လိမ်းပေးရပါမယ်။ မိန်းကလေးတွေဆိုရင် နှုတ်ခမ်းနီမလိမ်းခင် အောက်ကနေ နှုတ်ခမ်းအဆီ တစ်ထပ်ခံပြီးမှ နှုတ်ခမ်းနီလိမ်းတာ ပိုကောင်းပါတယ်။

    ၂။ ကိုယ်ခန္ဓာက ရေဓာတ်ပြည့်ဝနေဖို့ ရေများများသောက်ပါ။ အရည်ရွှမ်းတဲ့ အသီးအနှံတွေ၊ ဟင်းသီးဟင်းရွက်တွေ များများစားပါ။

    ၃။ ဆေးလိပ်ကို ဖြတ်ပါ။ ချက်ချင်းမဖြတ်နိုင်ရင်တောင် တစ်နေ့ကို နည်းနည်းစီ လျှော့ပြီး သောက်ပေးပါ။

    ၄။ ကော်ဖီကို တစ်နေ့ တစ်ခွက်ထက် ပိုမသောက်ပါနဲ့။

    ၅။ နှုတ်ခမ်းကို လျှာနဲ့ လျက်တတ်တဲ့ အကျင့်၊ နှုတ်ခမ်းအရေပြားကို လက်နဲ့မကြာခဏ ခွာတတ်တဲ့အကျင့်ကို ဖျောက်ပါ။

    ၆။ သွားတိုက်ဆေး၊ နှုတ်ခမ်းနီတွေနဲ့ ဓာတ်မတည့်ရင် တံဆိပ်ပြောင်းသုံးပါ။ ကိုယ့်အတွက် အဆင်ပြေမယ့် သွားတိုက်ဆေးကို ရွေးဝယ်ရခက်နေရင် သွားဆရာဝန်ဆီမှာ အကြံဉာဏ်တောင်းကြည့်လို့ ရပါတယ်။ နှုတ်ခမ်းနီ အစရှိတဲ့အလှကုန်တွေကို မဝယ်ခင် အရေပြားနဲ့ ဓာတ်တည့်၊ မတည့် အရင်စမ်းပြီးမှ ဝယ်ပါ။

    ဒီပြဿနာကို အိမ်တွင်းနည်းလမ်းတွေနဲ့ ဘယ်လိုဖြေရှင်းမလဲ။

    ပြောင်းလဲသင့်တဲ့ နေထိုင်စားသောက်မှုပုံစံတွေ ပြောပြီးသွားပြီဆိုတော့ အိမ်မှာအလွယ်တကူ ဖြေရှင်းလို့ရမယ့် နည်းလမ်းကောင်းတွေကို ပြောပြပေးချင်ပါတယ်။

    ၁။ ညမအိပ်ခင်မှာ သံပရာသီးကို အနေတော်လေးစိတ်ပြီး နှုတ်ခမ်းကို ပွတ်လိမ်းပေးပါ။ အရည်တွေ ကျန်နေခဲ့ရင် ဒီအတိုင်းထားထားပါ။ မနက်ကျမှ ရေအေးအေးလေးနဲ့ ပြောင်စင်အောင် ဆေးလိုက်ရုံပါပဲ။ ဒီနည်းလမ်းက ညတိုင်းပုံမှန်လုပ်ပေးရမှာဖြစ်ပြီး ရက် ၃၀ လောက်ကြာရင် သိသာတဲ့ ရလဒ်ကို တွေ့ရမှာပါ။

    ၂။ နောက်တစ်နည်းကတော့ သံပရာစိတ်ပေါ်မှာ သကြားဖြူးပြီး ညမအိပ်ခင်မှာ ပွတ်လိမ်းပေးရမှာပါ။ မနက်မျက်နှာသစ်တော့မှပဲ ရေနွေးနွေးနဲ့ နှုတ်ခမ်းကို ပြန်ဆေးပေးရုံပါပဲ။

    ၃။ ခွက်သေးသေးထဲမှာ နွားနို့ လက်ဖက်ရည်ဇွန်းတစ်ဇွန်း ထည့်ပါ။ အနှစ်လုပ်ဖို့ လိုအပ်သလောက် နနွင်းမှုန့်ပမာဏကို ထည့်ပါ။ သမအောင် မွှေပါ။ ပြီးသွားရင် လက်ချောင်းကို ရေနဲ့အရင် စိုစွတ်အောင် လုပ်ပြီး ရလာတဲ့အနှစ်ကို နှုတ်ခမ်းပေါ်မှာ နည်းနည်းစီသုတ်လိမ်းပေးပါ။ ၅မိနစ်လောက် နေရင် ရေအေးနဲ့ ပြောင်စင်အောင် ဆေးပေးရပါမယ်။ ခြောက်အောင် သုတ်ပြီးသွားရင် အစိုဓာတ်ထိန်းခရင်မ် တစ်မျိုးမျိုးပြန်လိမ်းပေးပါ။

    ၄။ အသားအရေအတွက် နတ်ဆေးတစ်ပါးလို့ ခေါ်တဲ့ ရှားစောင်းလက်ပပ်က ရတဲ့ ဂျယ်လ်ကို တစ်နေ့တစ်ကြိမ် နှုတ်ခမ်းပေါ်မှာ ပါးပါးလေးလိမ်းပေးရပါမယ်။ ခြောက်သွားရင်တော့ ရေနွေးနဲ့ ပြောင်သွားအောင် ပြန်ဆေးပေးပါ။

    ၅။ အုန်းဆီ၊ သံလွင်ဆီ၊ အော်လ်မွန်စေ့ဆီကို တစ်နေ့ နည်းနည်းစီ နှုတ်ခမ်းမှာ သေချာပွတ်လိမ်းပေးပါ။ အိပ်ခါနီးအချိန်မှာ သုံးလို့ရသလို နေ့ဘက်အပြင်မထွက်ခင် လိမ်းသွားမယ်ဆိုလည်း အဆင်ပြေပါတယ်။

    အပေါ်မှာပြထားတဲ့ နည်းလမ်းတွေကတော့ မည်းခြောက်နေတဲ့ နှုတ်ခမ်းသားကို နဂိုအသားရောင်အတိုင်း ပြန်ရစေမယ့် အိမ်တွင်းနည်းလမ်းကောင်းတွေပဲ ဖြစ်ပါတယ်။ ကိုယ်နဲ့ အဆင်ပြေမယ့် နည်းလမ်းကို နေ့စဉ် ပုံမှန်လုပ်ပေးသွားမယ်ဆိုရင်တော့ အဆင်ပြေသွားမှာပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 19/12/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement