မီးဖိုချောင်သုံး လက်နှီးစုတ်တွေနဲ့ ကိုယ့်မိသားစုကျန်းမာရေး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date စက်တင်ဘာ 2, 2020 . 2 mins read
Share now

မီးဖိုချောင်သုံး ပစ္စည်းတွေနဲ့ ပတ်သက်တာဆိုတော့ အိမ်မှုကိစ္စလုပ်နေတဲ့ လေဒီလေးတွေအနေနဲ့ စိတ်ဝင်စားမိမယ်လို့ မျှော်လင့်ပါတယ်။ ကျွန်တော်တို့ အိမ်တိုင်းလိုလိုမှာ မီးဖိုချောင်းသုံးဆိုပြီး လက်နှီးစုတ်လေးတွေ ထားထားတာ တွေ့ဖူးကြမှာပါ။ အိုးခွက်ပန်းကန်တွေ ဆေးပြီးရင် ရေခြောက်အောင် သုတ်ဖို့၊ အဝတ်လျှော်စက်တွေကို တိုက်ချွတ်ဖို့၊ စဉ်းတီတုံး၊ ငရုတ်ဆုံတွေကို အသုံးပြုပြီးသွားတဲ့အခါမျိုးမှာဖြစ်ဖြစ်၊ ပန်းကန်စင်၊ ကြောင်အိမ်တွေကို တိုက်ချွတ်ဆေးကြောတဲ့အခါမျိုးတွေမှာ လက်နှီးစုတ်တွေ သုံးတတ်ကြပါတယ်။

ဒီနေရာမှာ တော်တော်များများ လုပ်မိတတ်ကြတဲ့အမှားက လက်နှီးစုတ်တွေကို သုံးပြီးတာနဲ့ မလျှော်ပဲ ဒီအတိုင်းပစ်ထားလိုက်ပြီး ထပ်ခါတလဲလဲ အသုံးပြုတတ်ကြတဲ့ ပြဿနာပါပဲ။ မီးဖိုချောင်ဆိုတာ တကယ်တမ်း သမားရိုးကျကျ ပြန်တွေးကြည့်ရင် တော်တော်လေးကို ညစ်ပတ်တဲ့ နေရာတစ်ခု၊ သန့်ရှင်းရေးအမြဲလိုအပ်တဲ့ နေရာလို့ ဆိုနိုင်ပါတယ်။ အသား၊ ငါးတွေကနေ ဘက်တီးရီးယားပိုးမွှားတွေ၊ အမှိုက်ပုံးကနေ ထွက်နေတဲ့ အမှိုက်နံ့၊ သိုးနေတဲ့ အစားအစာတွေ၊ လေထဲမှာ၊ မီးဖိုချောင်သုံးပစ္စည်းတွေမှာ ကပ်ငြိနေတဲ့ ဖုန်မှုန့်တွေကို အမြဲသန့်ရှင်းနေရတာဖြစ်တဲ့အတွက် လက်နှီးစုတ်မှာ ဘက်တီးရီးယားပိုးပေါင်း သောင်းခြောက်ထောင်လောက်က ရှင်သန်ကျက်စားလျက်ရှိနေပါတယ်။

ဒီလိုလက်နှီးစုတ်တွေကို မလျှော်မဖွပ်ဘဲ လက်နဲ့ ကိုင်တွယ်အသုံးပြုလိုက်တဲ့အခါ နဂိုရှိနေတဲ့ ပိုးမွှားတွေက လက်ပေါ်ကို ရောက်သွားပါတယ်။ အဲ့မှာ ဟင်းချက်၊ သန့်ရှင်းရေးလုပ်နေတဲ့ လေဒီလေးတွေအနေနဲ့ လက်ကို သေချာမဆေးမိရင် တစ်မိသားစုလုံး တော်တော်ဒုက္ခရောက်နိုင်ပါတယ်။ ဒီလိုဘက်တီးရီးယားပိုးမွှားတွေ ဗိုက်ထဲကို ရောက်သွားတဲ့အခါ

ဗိုက်အောင့်ဗိုက်နာတာ
• သန်ထတာ
• အစာအဆိပ်သင့်တာ
ဝမ်းပျက်ဝမ်းလျှောဖြစ်တာ
• နေမကောင်းဖြစ်တာ
• အူရောင်ငန်းဖျားဖြစ်တာ စတဲ့ပြဿနာပေါင်းစုံ ဖြစ်လာနိုင်ပါတယ်။

အပြင်က မသန့်ရှင်းတဲ့ လမ်းဘေးစာတွေ မစားချင်လို့ အိမ်မှာပဲ ကိုယ့်ဘာသာလုပ်စားရာကနေ ဒီလိုမျိုးအဖြစ်တွေ ကြုံလာရင်တော့ ကိုယ်လည်း အိမ်ရှင်မတစ်ယောက်အနေနဲ့ စိတ်ထဲ ဘယ်ကောင်းနိုင်ပါတော့မလဲ။

လက်နှီးစုတ်ကနေ ရောဂါပိုးတွေ ကူးစက်မခံရစေဖို့ ဘယ်လိုကာကွယ်ကြမလဲ။

လက်နှီးစုတ်ဆိုတာမျိုးက မီးဖိုချောင်အတွက် မသုံးလို့လည်း မဖြစ်တဲ့အရာမို့ ကိုယ့်အနေနဲ့ သိထားသင့်တဲ့အရာတွေ၊ ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်ထားမယ်ဆိုရင်တော့ အပေါ်မှာပြောထားတဲ့ ကျန်းမာရေးပြဿနာတွေကနေ ကာကွယ်ပေးနိုင်မှာပါ။ ဒါဆိုဘာတွေလုပ်သင့်လဲဆိုတာ ပြောပြပေးမယ်နော်။

၁။ ဖုန်သုတ်တဲ့ လက်နှီးစုတ်နဲ့ ပြင်ဆင်ချက်ပြုတ်နေတဲ့ အစားအစာနဲ့ မထိမိအောင် သေချာဂရုစိုက်ပါ။

၂။ မီးဖိုချောင်သုံးဖို့အတွက် လက်နှီးစုတ်တစ်ထည် သီးသန့်ထားပေးပါ။ တခြားနေရာတွေမှာ အသုံးမပြုပါနဲ့။

၃။ တစ်ခါသုံးပြီးတိုင်း အမြဲ အဝတ်လျှော်ဆပ်ပြာနဲ့ သေချာလျှော်ဖွပ်ပြီး နေလှန်ပေးထားပါ။ တစ်နေ့တစ်ခါ မလျှော်နိုင်ရင်တောင် ၃ရက်တစ်ကြိမ်လောက်တော့ လျှော်သင့်ပါတယ်။

၄။ လက်နှီးစုတ်ကို အသက်ငယ်သေးတဲ့ ကလေးတွေ မထိမိ၊ မကိုင်မိစေဖို့ သတိပေးပါ။ သူတို့ လက်လှမ်းမမီလောက်တဲ့ နေရာမှာ လက်နှီးစုတ်ကို တင်ထားပါ။ အသက်ကြီးတဲ့ လူကြီးမိဘတွေကိုလည်း ပေးမကိုင်ပါနဲ့။

၅။ လက်နှီးစုတ်နဲ့ မီးဖိုချောင်ကို သန့်ရှင်းရေးလုပ်ပြီးတိုင်း လက်ကို ဆပ်ပြာနဲ့ ရေနဲ့ သေချာဆေးကြောပေးပါ။

၆။ လက်နှီးစုတ်ကို ၃-၄ လတစ်ကြိမ် သို့မဟုတ် မှိုစွဲပြီးအနံ့ထွက်နေရင် လွှင့်ပစ်ပြီး အသစ်တစ်ထည် ပြန်လဲပါ။

အိမ်ထောင်ရှင်လေဒီလေးတို့လည်း ကိုယ့်မီးဖိုချောင်မှာရှိနေတဲ့ လက်နှီးစုတ်တွေကို သေချာသန့်ရှင်းပေးဖို့ မေ့လျော့နေတာမျိုး မလုပ်သင့်ဘူးနော်။ ကိုယ့်မိသားစုရဲ့ ကျန်းမာရေးသည် ကိုယ့်လက်ထဲမှာရှိတာမို့ အမြဲတမ်း အသေးစိတ်ကစလို့ အရာရာကို သတိထားပြီး ဂရုစိုက်မှ အဆင်ပြေမှာပါ။

အားလုံးပဲ ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းမြေ့ဖွယ်ရာ နေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

အစားစားပြီးချိန် ပျို့အန်ချင်စိတ်ဖြစ်ပေါ်ခြင်း

စားသောက်ပြီးချိန်မှာ ဗိုက်ထဲမကောင်းတာ အကြောင်းအရင်းပေါင်းစုံကြောင့် ဖြစ်နိုင်ပါတယ်။ ကိုယ်ဝန်ရှိခြင်းကနေ အစာအဆိပ်သင့်ခြင်းအထိ မျိုးစုံဖြစ်နိုင်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr.Thant Zin

Endocrine System (ဟော်မုန်းစနစ်)မှာပါဝင်တဲ့ ဂလင်းတွေနဲ့ သူတို့ရဲ့ တာဝန်များ

Endocrine System ကို ဂလင်း များစွာနဲ့ ပါဝင်ဖွဲ့စည်းထားတာပါ။ ဒီတစ်ခေါက်တော့ Endocrine System မှာပါဝင်တဲ့ ...

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ကလေး တစ်ယောက်ကို ဘယ်လိုစိတ်ခွန်အားမြှင့်တင်ပေးမလဲ

ကလေး၊ နုနယ်၊ စိတ်ခွန်အား၊ ဆူငေါက်၊ လမ်းဘေးသွားရည်စာတွေ၊ Junk Food တွေ၊ လေ့ကျင့်ခန်းလုပ်ပါ၊ ရင်းနှီးမှု၊ ပျော်ရွှင်မှု၊ အခက်အခဲ၊ အတူတူချက်ပြုတ်၊ မီးဖိုချောင်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

ကိုယ့်ကလေး ဟင်းသီးဟင်းရွက်တွေ ကြိုက်လာအောင် ဘယ်လိုစည်းရုံးကြမလဲ

ဟင်းသီးဟင်းရွက်တွေ၊ အာဟာရဓာတ်၊ လူကြီး၊ လူငယ်၊ အဝလွန်တာ၊ သွေးတိုး၊ နှလုံးရောဂါ၊ ဆီးချိုရောဂါ၊ မီးဖိုချောင်၊ သစ်သီး၊ သစ်သီးဝလံ၊ ကန်စွန်းရွက်၊ အစိမ်းစား၊

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

သင့်အတွက် ရွေးချယ်ထားသည်

သတိထားရမယ့် နှလုံးပိုးဝင်ခြင်း ပြဿနာ

သတိထားရမယ့် နှလုံးပိုးဝင်ခြင်း ပြဿနာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 25, 2020 . 2 mins read

ကိုယ့်ရဲ့ နေအိမ်ဝန်းကျင် သန့်ရှင်းသပ်ရပ်နေတဲ့အခါ…

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 25, 2020 . 2 mins read
ဝမ်းလျှောတာကို ပရိုဘိုင်အိုးတစ်တွေက ဘယ်လိုကာကွယ်ကုသပေးနိုင်သလဲ

ဝမ်းလျှောတာကို ပရိုဘိုင်အိုးတစ်တွေက ဘယ်လိုကာကွယ်ကုသပေးနိုင်သလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Yun Sandi Nan Mon
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 18, 2020 . 2 mins read
ကြားဖူးနေတဲ့ lcFos က ကလေးတွေအတွက် ဘယ်လို အကျိုးပြုသလဲ........

ကြားဖူးနေတဲ့ lcFos က ကလေးတွေအတွက် ဘယ်လို အကျိုးပြုသလဲ……..

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 17, 2020 . 2 mins read