ချွေးထွက်တယ်ဆိုတာ များသောအားဖြင့်တော့ ကျန်းမာတဲ့ လူတစ်ယောက်မှာ တွေ့ရတတ်တဲ့ လက္ခဏာတစ်ခုပါ။ ပြောရမယ်ဆိုရင် ကျွန်တော်တို့ ခန္ဓာကိုယ်က ကျန်းမာပြီး ပုံမှန် အလုပ်လုပ်နေတယ်ဆိုတာကို ချွေးထွက်ခြင်းကနေ သိနိုင်ပါတယ်။ အဲ့လို မဟုတ်ဘဲ ကျန်းမာရေးပြဿနာတစ်ခုခု ရှိတာ၊ ဒါမှမဟုတ် ကိုယ်သောက်နေတဲ့ ရောဂါဆေး အသစ်ရဲ့ ဘေးထွက်ဆိုးကျိုးလည်း ဖြစ်နိုင်ပါတယ်။ ပုံမှန် ချွေးထွက်သန်တဲ့သူတွေအတွက် စိုးရိမ်စရာ မရှိပေမဲ့ နေ့စဉ်ရက်ဆက် ဆိုသလို အကြောင်းရင်းမရှိဘဲ ချွေးအလွန်အကျွံ ထွက်လာတာမျိုးကိုတော့ ဆရာဝန်နဲ့ တစ်ချက်ပြကြည့်စေချင်ပါတယ်။