အမျိုးသားတွေအနေနဲ့ ကိုယ့်ရဲ့ ကျန်းမာရေးအတွက် အရေးပါလှတဲ့ အတွင်းခံဘောင်းဘီတွေကို ရွေးချယ်ဝတ်ဆင်ရာမှာ လွဲမှားနေတတ်ပါတယ်။ ဒီလိုဖြစ်ရတဲ့ အဓိက အကြောင်းအရင်း ၃ ချက်ရှိပါတယ်။
မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win
အမျိုးသားတွေအနေနဲ့ ကိုယ့်ရဲ့ ကျန်းမာရေးအတွက် အရေးပါလှတဲ့ အတွင်းခံဘောင်းဘီတွေကို ရွေးချယ်ဝတ်ဆင်ရာမှာ လွဲမှားနေတတ်ပါတယ်။ ဒီလိုဖြစ်ရတဲ့ အဓိက အကြောင်းအရင်း ၃ ချက်ရှိပါတယ်။
တကယ်တော့ အမျိုးသားတွေအနေနဲ့ မှန်ကန်တဲ့ အတွင်းခံကို ရွေးချယ်ဝတ်ဆင်ဖြစ်ဖို့က အရမ်းအရေးကြီးပါတယ်။ အတွင်းခံအဝတ်အထည်ဆိုတာဟာ အဝတ်အစားတွေထဲမှာ အခြေခံအကျဆုံး အဝတ်အစားဖြစ်ပြီးတော့ ကျန်းမာရေး တစ်ကိုယ်ရေသန့်ရှင်းရေးတွေနဲ့ တိုက်ရိုက်ဆက်စပ်နေတဲ့အရာလည်းဖြစ်ပါတယ်။ မှန်ကန်သင့်လျော်စွာ မဝတ်ဆင်ရင်၊ ကိုယ်နဲ့ မကိုက်ညီတာကို ဝတ်ဆင်နေမိရင် ကျန်းမာရေးသာမက လူမှုဆက်ဆံရေးမှာပါ အနှောင့်အယှက်ဖြစ်နိုင်တာမို့ပါ။
ဒါ့အပြင် မသင့်လျော်၊ မကိုက်ညီ၊ မသန့်ရှင်းတဲ့ အတွင်းခံမျိုးကို ဝတ်ဆင်နေမိမယ်ဆိုရင် ကိုယ့်ရဲ့ လူမမြင်အပ်တဲ့အရပ်မှာ လိင်အင်္ဂါရေယုန် (Genital Herpes) ၊ ကာလသားရောဂါ (Syphilis) ၊ ဝဲခြောက်ယားနာ (Scabies) ၊ အနီဖုဖြစ်စေတဲ့ ရောဂါပိုး (Molluscum Contagiosum) ၊ လိင်တံထိပ်ဖူးရောင် ရောဂါ (Balanitis) ၊ အရေပြား ဓာတ်မတည့်မှု (Contact Dermatitis) ၊ အရေပြားမှိုစွဲခြင်း (Yeast Infection) ၊ ပေါင်ခြံပွေး (Tinea Cruris) ၊ လိင်အင်္ဂါ နှင်းခူ (Genital Eczema) တို့လိုရောဂါမျိုးတွေ ဖြစ်ပွားဖို့ ဖိတ်ခေါ်နေသလိုဖြစ်သွားနိုင်ပါတယ်။
အမျိုးသားဝတ်အတွင်းခံတွေက အမျိုးအစား၊ စတိုင်မျိုးစုံရှိပါတယ်။ Boxers ၊ Briefs ၊ Boxer briefs နဲ့ Trunks တို့လို လူဝတ်များတဲ့အမျိုးအစားတွေရှိသလို Midway briefs ၊ Jockstrap ၊ Thong ၊ Bikini ၊ String တို့လို အခြေအနေပေါ်မူတည်ပြီးဝတ်ဆင်တဲ့ အမျိုးအစားတွေလည်း ရှိပါတယ်။ အတွင်းခံရွေးချယ်ရာမှာ ဈေးနှုန်းထက် ကိုယ်နဲ့ ကိုက်ညီသင့်လျော်မှုက ပိုအရေးပါပါတယ်။ အထူးသဖြင့် ကိုယ့်ရဲ့ ခန္တာကိုယ်ပုံစံနဲ့ ကိုက်ညီမှုရှိတဲ့ အတွင်းခံအမျိုးအစားကို ရွေးချယ်ဝတ်ဆင်တာဟာ ကျန်းမာရေးတွက်ရော သက်သောင့်သက်သာရှိတဲ့ နေထိုင်မှုပုံစံကိုရော ရရှိစေနိုင်မှာဖြစ်ပါတယ်။ ဒါပေမယ့် အမျိုးသားအများစုဟာ အတွင်းခံကို ကိုယ့်ရဲ့ ခန္တာကိုယ်ပုံစံနဲ့ ကိုက်ညှိရွေးချယ်ရမယ်ဆိုတာကို မသိရှိကြတာများပါတယ်။ နောက်ပြီး ကိုယ်ရွေးချယ်ဝတ်ဆင်တဲ့ အတွင်းခံဟာ လေဝင်လေထွက်ကောင်းမွန်ပြီး သက်သောင့်သက်သာရှိစေမယ့် ချည်သားအထည်မျိုးလည်းဖြစ်သင့်ပါတယ်။
အတွင်းခံလို့ တွေးလိုက်တာနဲ့ ဒါဟာ ခန္တာကိုယ်ပေါ်က အဝတ်အစားတွေအားလုံး သက်သောင့်သက်သာဖြစ်စေဖို့အတွက် အခြေခံအကျဆုံးဆိုတာကို တွေးမိကြမှာပါ။ လူမြင်ကွင်းမှာ ရှိမနေပေမယ့် အဓိကအကျဆုံး အလွှာဖြစ်ပါတယ်။ ဒါကြောင့် အရေးအကြီးဆုံးလို့ ဆိုရတာပါ။
ကိုယ့်လိင်အင်္ဂါကိုလည်း မထိခိုက်စေရဘူး။ သက်သောင့်သက်သာတည်ရှိနေစေဖို့ ပံ့ပိုးပေးနိုင်ရမယ်။
ဒါ့အပြင် ကျန်းမာရေးနဲ့ ကိုက်ညီဖို့အတွက်ဆိုရင် အရမ်းဈေးပေါတဲ့ အတွင်းခံမျိုးတွေကို ရှောင်ဖို့လည်းလိုအပ်ပါမယ်။ အရမ်းဈေးပေါလွန်းတာတွေက လျှော်ပါများရင် ပျော့ရိသွားတတ်လို့ပါ။
နောက်ပြီး အကြံပေးလိုတဲ့ အချက်ကတော့ ကိုယ့်ခန္တာကိုယ်နဲ့ ကိုက်ညီတာမျိုးကို ရွေးချယ်ဖို့ပါပဲ။ အရင်ဆုံးကိုယ့်ရဲ့ ခန္တာကိုယ်ဟာ ဘယ်လို ပုံစံမျိုးရှိတယ်ဆိုတာကို အရင်သိထားဖို့ လိုအပ်ပါတယ်။ ကိုယ်က ဝတဲ့လူလား၊ ပိန်တဲ့သူလား၊ ခန္တာကိုယ် လေးထောင့် ဆန်ဆန်လား၊ ခါးလျားရှည်တဲ့သူလား စသဖြင့်ပေါ့။ ဒါတွေက ကိုယ့်ခန္တာကိုယ်ကို မှန်ထဲအရင်ကြည့်ပြီး ဆုံးဖြတ်လို့ရပါတယ်။
ပြီးရင်တော့ အောက်မှာဖော်ပြထားသလို ကိုယ့်ခန္တာကိုယ်နဲ့ ကိုက်ညီတဲ့အမျိုးအစားမျိုးတွေကို ရွေးချယ်ပြီး ဝတ်ဆင်သင့်ပါတယ်။
ခန္တာကိုယ့် ဝဖြိုးတဲ့သူတွေကတော့ Boxer နဲ့ Boxer Briefs တွေကို ရွေးချယ် ဝတ်ဆင်နိုင်ပါတယ်။
ဒီလို ကျန်းမာရေးနဲ့ ညီညွတ်ပြီး ကိုယ့်ခန္တာကိုယ် အနေအထားနဲ့ ကိုက်ညီတဲ့ အတွင်းခံတွေကို ရွေးချယ်ဝတ်ဆင်သွားမယ်ဆိုရင် လူမြင်မခံလိုတဲ့ ရောဂါမျိုးတွေ မဖြစ်ပွားအောင် ကာကွယ်တားဆီးနိုင်မှာဖြစ်ပြီး လူနေမှုဘဝမှာလည်း ပေါ့ပါးလွတ်လပ်တဲ့ ခံစားချက်မျိုးကို ပိုင်ဆိုင်နိုင်မှာဖြစ် ပါတယ်။
Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။
မသက်ဆိုင်ကြောင်း ရှင်းလင်းချက်
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှ အချက်အလက် စစ်ဆေးထားပါသည်။
Dr. Thurein Hlaing Win
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။